Sunday, November 22, 2015

စိတ်မနှံ့သော အမျိုးသမီးအား အဓမ္မကျင့်ရန် ကြံစည်သော အမျိုးသားကို အမှုဖွင့်

စိတ်မနှံ့သော အမျိုးသမီးအား အဓမ္မကျင့်ရန် ကြံစည်သော အမျိုးသားကို အမှုဖွင့်
Saturday, November 21, 2015

ပြည်မြို့တွင် စိတ်မနှံ့သောအမျိုးသမီးတစ်ဦးအား အဓမ္မပြုရန်ကြံစည်မှုဖြင့် အသက်(၂၆)နှစ်အ ရွယ်ဆေးကုမ္ပဏီဝန်ထမ်းအမျိုး သားကို   အမှုဖွင့်အရေးယူထား ကြောင်း ပြည်မြို့မရဲစခန်းမှ သ တင်းရရှိသည်။

စိတ်မနှံ့သူအမျိုးသမီးအား အဓမ္မပြုရန် ကြံစည်သောအမျိုး သားသည် ပြည်မြို့တွင် နေထိုင် သူဖြစ်ပြီး ပြည်ဘူတာကြီးအရှေ့ ပလက်ဖောင်း၌ မိုးကာ အစိမ်း ရောင်အုပ်၍ မဖွယ်မရာပြုနေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

‘‘စိတ်မနှံ့တဲ့အမျိုးသမီးက တော့ ဘယ်သူဘယ်ဝါမှန်းမသိ ရသလို အခုလည်း ပျောက်နေ တယ်။ အမျိုးသမီးကို မဖွယ်မရာ လုပ်နေတာကို ဆိုင်ကယ်ကယ်ရီ သမားတစ်ဦးက တွေ့မြင်ပြီး သ တင်းပေးတိုင်ကြားလို့ ဖမ်းမိခဲ့တာပါ’’ဟု ပြည်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၀ ရက် နံနက် ၄နာရီခန့်က အသက်(၂၆)နှစ်အ ရွယ် အမျိုးသားသည် စိတ်မနှံ့သူ အမျိုးသမီးအား အဓမ္မပြုရန် ကြံ စည်နေကြောင်း ဆိုင်ကယ်ကယ်ရီ သမား၏သတင်းပေးတိုင်ကြားမှု အရ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စိတ်မနှံ့သူအမျိုးသမီးအား အဓမ္မ ပြုကျင့်ရန် ကြံစည်ခဲ့သော အ သက်(၂၆)နှစ်အရွယ်အမျိုးသား ကို ဖမ်းဆီးကာ ပြစ်မှုဆိုင်ရာဥ ပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် ပြည်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား သည်။

7Day Daily


No comments: