Tuesday, November 24, 2015

မဟာအဝီစိငရဲ (သို့မဟုတ်) ပဉ္စာနန္တိယကံထိုက်သူများ ကျရောက်ရသည့် ငရဲဘုံ” ********

မဟာအဝီစိငရဲ (သို့မဟုတ်) ပဉ္စာနန္တိယကံထိုက်သူများ ကျရောက်ရသည့်
ငရဲဘုံ”
******************************************************************************
မဟာအဝီစိငရသည် ငရဲကြီးရှစ်ထပ်တွင် အောက်ဆုံးထပ်ဖြစ်လေသည်။ မဟာတာပနငရဲအောက် ယူဇနာတစ်သောင်းငါးထောင် ကွာဝေးသော အရပ်၌ ရှိလေသည်။ ငရဲကြီးတစ်ခုလုံး ကျောက်သားဖြစ်၏။ ယူဇနာတစ်သောင်းကျယ်ဝန်းလေသည်။ ဤအဝီစိငရဲကြီး၏ အလယ်ဗဟိုတည့်တည့်တွင် ငရဲမကြီးဟု ခေါ်သော သံလှောင်ချိုင့်ကြီးတစ်ခုရှိသည်။ ယင်းသံလှောင်ချိုင့်ကြီးသည် အလျား-အနံ -အစောက် ယူဇနာတစ်ရာရှိပြီး လေးထောင့်စပ်စပ် သေတ္တာကြီးနှင့်တူ၏။ ထုထည်ကိုးယူဇနာ ရှိသော သံတံတိုင်ကြီးများဖြင့် ကာရံထားလေသည်။ ပြစ်မှုထင်ရှားသော နှစ်ကြီးသမားများ ဤငရဲသို့ ကျရောက်ရလေသည်။

ဤငရဲကြီး၏ အရပ်လေးမျက်နှာတို့တွင် တံခါးကြီးလေးချပ်တို့ ရှိသည်။ ငရဲသို့ကျရောက်လာသော သတ္တဝါများ ဤတံခါးကြီးလေးချပ်တို့မှ အဝင်အထွက်လုပ်ကြရသည်။ ငရဲသို့လာရောက်ခံစားရသူများ၊ ငရဲမှ အကုသိုလ်ကံကုန်၍ လွတ်မြောက်လိုသူများရှိလျှင် တံခါးကြီးသည် အလိုအလျောက်ပွင့်သွား၏။ ဤငရဲကြီးသည် ငရဲကြီးရှစ်ထပ်တွင် အပြင်းထန်ဆုံး ခံစားရသည့် ငရဲကြီးဖြစ်သလို နှစ်အရှည်ဆုံးငရဲကြီးလည်း ဖြစ်သည်။ အောက်သံမြေပြင်မှ လောင်ကျွမ်းသော ငရဲမီးလျှံတို့သည် အထက်သံမြေပြင်ထိအောင် ပျံ့နှံ့နေ၏။ အထက်သံမြေပြင်မှ လောင်ကျွမ်းသော ငရဲမီးလျှံတို့သည်လည်း အောက်သံမြေပြင်ထိအောင် ပျံ့နှံ့နေ၏။ ငရဲမီးလျှံတို့သည် အကြားအလပ်မရှိအောင် လောင်ကျွမ်းနေ၏။
ထို့အတူ အရှေ့အနောက်တောင်မြောက်မှ လောင်ကျွမ်းနေသော ငရဲမီးလျှံတို့သည်လည်း တစ်ဖက်မှတစ်ဖက်သို့ ရောက်အောင် အမြဲမပြတ် ဒလစပ်လောင်ကျွမ်းနေတော့၏။ ဤသို့အမြဲမပြတ် ဒလစပ်လောင်ကျွမ်းနေသော ငရဲမီးလျှံကြား၌ နာရီ-မိနစ် စက္ကန့်မလပ်ရအောင် ဤငရဲသို့ ကျရောက်လာသည့် ငရဲသားတိုင်း ခံစားရေလေသည်။ ဤမဟာအဝီစိငရဲကြီးသို့ ကျရောက်နေကြသည့် ငရဲသူ ငရဲသားတွေမှာ အလွန်ပင် များပြားလွန်းလှ၏။ လွတ်နေသည့် နေရာဟူ၍ မရှိချေ။ ပြည့်သိပ် ညှပ်ပိတ်နေ၏။ ပုလင်းတစ်ခုထဲသို့ မုန့်ညှင်းစေ့များ အသိပ်အနယ် ထည့်ထားသည့်အလား ကွက်လပ်မရှိပေ။ ဤသို့ ငရဲသူငရဲသားများ အသက်ပင် မရှုသာအောင် များပြားလွန်းလှသဖြင့် အလွန်ပင် ဆင်းရဲဒုက္ခရောက်ရလေသည်။
ဤငရဲကြီးသည် ဒုက္ခဟူသော ဆင်းရဲခြင်းဝေဒနာများမှာလည်း အကြားအလပ်မရှိပေ။ အဝီစိငရဲသို့ ကျရောက်သော အချိန်မှစ၍ ကိုယ်ရောစိတ်ပါ အလွန်ပြင်းထန်သော ဒုက္ခဝေဒနာများ ခံစားနေရလေသည်။ ချမ်းသာသည့်အရာဆိုလို့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းလေးမှာ ဝင်ရောက်လာခြင်း မရှိပေ။ ဤမျှထိ ဆင်းရဲဒုက္ခက ကြီးမားလေသည်။ အဝီစိငရဲကြီး၌ ဘယ်လောက်ပင် ငရဲသားတွေပြည့်ပြည့်၊ ဘယ်လောက်ပင်ဆင်းရဲ ဒုက္ခတွေများများ ပိုသွားတယ်။လျှံသွားတယ်ဆိုတာ မရှိပေ။ မီးများသည် ခြောက်သွေ့နေသည့်လောင်စာများကို ဘယ်တော့မှ မဝနိုင်သလို အဝီစိငရဲကြီးသည်လည်း ငရဲသားများကို အမြဲတမ်းပဲ ဆာလောင်မွတ်သိပ်နေ၏။

ဤအဝီစိငရဲသို့ ကျရောက်သူများမှာ အမိကိုသတ်သောသူ၊ အဖကိုသတ်သောသူ၊ ရဟန္တာကိုသတ်သောသူ၊ ဘုရားကိုသွေးစိမ်းယိုအောင် ပြုလုပ်သောသူ၊ သက်ရှိထင်ရှားမြတ်စွာဘုရားမှမဟုတ်ဘဲ ကမ္ဘာ့သာသနာပြု ဆရာတော် ဒေါက်တာအရှင်သီလာနန္ဒာဘိဝံသက ဒီလိုမိန့်ထားဖူးပါတယ်။ ဘုရားသွေးစိမ်းတည်အောင် လုပ်ဆောင်ခြင်းသည် သက်ရှိထင်ရှားမြတ်စွာဘုရားတင်မကဘဲ မြတ်စွာဘုရားရှင်၏ ရုပ်ပွား ဆင်းထုတော်၊ ဓာတ်ပုံ၊ ပြီးတော့ ပရိဘောဂစေတီထိုက်သည့် မဟာဗောဓိပင်စတာတွေကို ပျက်စီးစေလိုသည့် စိတ်ယုတ် စိတ်ညံ့များဖြင့် ဖျက်ဆီးပါက သက်ရှိထင်ရှားမြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင် ကျူးလွန်မိတဲ့ အပြစ်လောက်နီးပါး အကုသိုလ်ကြီးမားကြောင်း မိန့်ထားခဲ့ပါတယ်။ ဒါကြောင့် မွတ်ဆလင်ဘာသာဝင်များနှင့် လက်ထပ်ပြီး မြတ်စွာဘုရားပုံတော်များကို ခြေဖြင့် နင်းချေ ဖျက်ဆီးပြီး မွတ်ဆလင်ဘာသာသို့ ဝင်ရောက်တဲ့ မြန်မာ..မ..လေးများ အထူးသတိထားကြပါ။ မွတ်ဆလင်ဘာသာများနှင့် လက်ထပ်သူ မြန်မာ..မ..များ ဘယ်လောက်ထိနစ်နာသလဲဆိုတာ သတိထားစေချင်ပါတယ်။

အိမ်ထောင်ပြုစမှာလည်း မြတ်စွာဘုရားပုံတော်ကို ခြေဖြင့်နင်းချေ ဖျက်ဆီးခဲ့တဲ့ အကုသိုလ်ကံရဲ့ဆိုးကျိုးရယ်၊ ပစ္စုပ္ပန်အိမ်ထောင်ရေးခရီးလမ်းမှာလည်း ဘာသာခြား လင်ယောက်ျားများရဲ့ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများကို ကျိတ်မှိတ်ခံစားရတဲ့ဒုက္ခရယ်၊ ဒုက္ခပေါင်းမြောက်မြားစွာ ရင်ဆိုင်ရပြီး သေလွန်တဲ့အခါမှာလည်း ကံကြီးထိုက်တဲ့အတွက် မဟာအဝီစိငရဲသို့ ကျရောက်ခြင်းကို ခံစားရမည်ဖြစ်၏။ ဒါကြောင့် ဆရာတော်သံဃာတော်များက ဘာသာခြားနှင့် အိမ်ထောင်မပြုဖို့ အနူးအညွတ် ဆုံးမနေခြင်း ဖြစ်ပါတယ်။ ဒါကို အခွင့်အရေးကိုပိတ်ပင်တယ်။ တားဆီးတယ်။ နှိပ်ကွက်တယ်။ ချုပ်ခြယ်တယ်ဆိုပြီး တလွဲမြင် တလွဲတွေး မိစ္ဆာအယူဝါဒများ လွှမ်းမိုးနေတဲ့ စာတတ် ပေတတ် တိုင်းသိ ပြည်သိ နိုင်ငံသိ ကမ္ဘာသိ သူများ ကြပ်ကြပ်သတိထားကြပါ။ ဘယ်ဆရာတော် သံဃာတော်ကမှ မကောင်းတဲ့လမ်းကို မညွှန်ကြားဘူး။ မပြသဘူးဆိုတာ သတိထားကြပါ။ ခေတ်အဆက်ဆက် ဘယ်သံဃာကမှ ဒကာ ဒကာမများအပေါ် သစ္စာမဖောက်ခဲ့ဘူးဆိုတာ ပြောပါရစေ။ သံဃာကွဲပြားအောင် အသင်းခွဲသူများလည်း မဟာအဝီစိငရဲသို့ ဧကန် ကျရောက်ရလေသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments: