Wednesday, November 18, 2015

လူထု ဒေါ်အမာ၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်မည်

လူထု ဒေါ်အမာ၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်မည်

လာမည့် နိုဝင်ဘာ ၂၉ ရက်တွင်ရောက်ရှိမည့် ပြည်သူချစ်သော စာရေး ဆရာမကြီး လူထုဒေါ်အမာ၏ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာမကြီး၏ ထင်ရှားကျော်ကြားခဲ့သော ပြည်သူချစ်သော အနုပညာ စာအုပ်ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူချစ်သော လူထု ဒေါ်အမာနှင့် အနုပညာသည်များ ဆိုသည့်ခေါင်းစဉ်ဖြင့် မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က နိုဝင်ဘာ ၂၆ ရက်တွင် ချမ်းအေးသာစံမြို့နယ် (၈၄)လမ်း (၃၁) လမ်းထောင့် ဓမ္မသာလာခန်းမ၌ ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဆရာ ဆူးငှက်၏ ဟောပြောမှုနှင့်အတူ မြို့မ တူရိယာအသင်း၊ ရွာစားစိန်တင့် လွင်အဖွဲ့နှင့် ပန်တျာဌေးဌေးမြင့် စသည့် အနုပညာရှင်များက ပူးတွဲ သရုပ်ပြ ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း ၊ နိုဝင်ဘာ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် ရာပြည့် အထိမ်းအမှတ် စာတမ်း ဖတ်ပွဲ၊ နှစ် ၁ဝဝ ပြည့် ကဗျာ ၁ဝဝ၊ ဆောင်းပါး ၁ဝဝ ပါဝင်သော စာအုပ် များနှင့် အမှတ်တရ ထုတ်ဝေသွားမည်ဖြစ် ကြောင်း စာရေး ဆရာ ဆူးငှက် က ပြောသည်။

''ဒေါ်ဒေါ်ရဲ့မွေးနေ့ကို ဒေါ်ဒေါ် ရှိစဉ်ကတည်းက အသက် ၇ဝ ပြည့် နှစ်က စပြီး နိုဝင်ဘာ ၂၉ ရက်မှာ အမရပူရ တောင်လေးလုံးကျောင်းမှာ အစဉ် အလာမပျက် ကျင်းပခဲ့တယ်။သံဃာတော်တွေကို နေ့ဆွမ်းကပ်ပြီး အနယ်နယ်က လာကြတဲ့စာပေ သမားအချင်းချင်း တွေ့ဆုံခွင့်ရတယ်။ စာပေအကြောင်းတွေ ဆွေးနွေး သလို အမှတ်တရ စကားတွေပြော ကြပြီး နေ့လယ်စာနဲ့ ဧည့်ခံတယ်။ အခု ရာပြည့်အထိမ်းအမှတ်ပွဲမှာ အမှတ်တရပစ္စည်းတွေကို ထုတ်ဝေ သွားဖို့ ရှိပါတယ်'' ဟု ၎င်းက ပြော သည်။ ဆရာမကြီး လူထုဒေါ်အမာ သည် မြန်မာစာပေလောက၏ မီးရှူးတန်ဆောင်ဖြစ်၍၂ဝဝ၈ ခု ဧပြီ ၇ ရက် အသက် ၉၃ နှစ်အရွယ် တွင်ကွယ်လွန်ခဲ့ပြီး ၂ဝ၁၅ ခု နိုဝင် ဘာ ၂၉ ရက်တွင် အသက် ၁ဝဝ ပြည့်မွေးနေ့ကို ကျင်းပခြင်းဖြစ် ကြောင်း၊ ထင်ရှားသောစာအုပ်များ မှာ မြန်မာပြည်တွင် စစ်ဆေးခဲ့ သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘဝ ချင်းမတူသည့် တရုတ်ပြည်(၁၉၆၆)၊ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး(၁၉၆၇)၊ ရွှေရိုး ဦးဘကလေး (၁၉၆၉)၊ ရွှေမန်းတင်မောင် (၁၉၇ဝ)၊ အငြိမ့် ၁၉၇၃ ၊ ရွှေဒေါင်းတောင် ဆောင်းပါး များ (၁၉၇၅)၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉ဝ)၊ ထိုင်းဝတ္ထု တိုများ (၁၉၉၂)၊ ထိုင်းဝတ္ထုတို များ-၂ (၁၉၉၃)၊ ရတနာပုံ မန္တလေး ၁၉၉၃၊ သာသနာ့တန်ဆောင် ဆရာ တော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ ငယ်ငယ်က (၁၉၉၄)၊ အမေ့ရှေး စကား (၁၉၉၇) တို့ဖြစ်ကြောင်း သိ ရသည်။

credit : MOI


No comments: