Wednesday, November 18, 2015

မြန်မာနိုင်ငံသည် နောက်ပြန်လှည့်တော့မည်မဟုတ်ဆို ..........................................................

မြန်မာနိုင်ငံသည် နောက်ပြန်လှည့်တော့မည်မဟုတ်ဆို
.............................................................................
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မြန်မာ ပြည်သူထုအနေဖြင့် ပြုပြင်ပြောင်းလဲလို သည့်ဆန္ဒကို ပြသခဲ့ပြီး ဖြစ်သဖြင့် နောက်ပြန်လှည့်တော့မည်မဟုတ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီက ပြောကြားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
''ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေး တွေကို ပိုမိုလုပ်ဆောင်ဖို့အတွက် အစိုးရသစ်နဲ့ အတူ လက်တွဲလုပ်ဆောင်လိုသူတွေကို ကာ ကွယ်ထောက်ပံ့ပေးဖို့အတွက် ရွေးကောက်ပွဲ လွန်ကာလမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အလမ်းကို ဖော်ဆောင်ပေးဖို့လိုပါတယ်''ဟု ၄င်းက ပြောသည်။
မစ္စယန်ဟီးလီကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်း သူအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင် စီက ၂ဝ၁၄ ခုနှစ်က ခန့်အပ်ခဲ့သည်။
မစ္စယန်ဟီးလီသည် ယခုနှစ် ဇန်နဝါရီလ က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ ၄င်း၏ပထမခရီးစဉ်က ပြောဆိုချက်များအပေါ် မကျေနပ်သဖြင့် ဝိုင်းဝန်းဆန္ဒပြမှုများ တွေ့ ကြုံခဲ့ရဖူးသည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်း က လာရောက်သည့်အခါတွင်မူ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်နေသ ဖြင့် ၄င်း၏ ခရီးစဉ်အပေါ် လူထုစိတ်ဝင်စားမှု နည်းပါးခဲ့သည်။
''လွတ်လပ်ပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံ တစ်ခုဖြစ်ဖို့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ဆန္ဒ တွေကို ဖော်ထုတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီရွေး ကောက်ပွဲတွေဟာ မကြာသေးခင်နှစ်များ အတွင်းမှာ တိုင်းပြည်အနေနဲ့ ဘယ်လောက် အဝေးကြီး လျှောက်လှမ်းခဲ့ရလဲဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်''ဟု ၄င်းက ဆက် ပြောသည်။
သို့သော် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မူဆလင် ကိုယ်စားလှယ်လောင်းများ ရွေး ကောက်ပွဲဝင်ခွင့်မရခြင်း၊ လူထောင်ပေါင်းများ စွာ မဲပေးခွင့်မရခြင်းတို့နှင့် ပတ်သက်၍ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သဖြင့် စိုးရိမ်မိကြောင်း ၄င်းကဆိုသည်။
နိုဝင်ဘာလ (၈)ရက်နေ့က ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများက တစ်ခဲနက်မဲပေးခဲ့ကြပြီး ရွေးကောက်ပွဲရလဒ် များ ကြေညာသည့်အခါတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။
Photo- AFP



No comments: