Tuesday, November 24, 2015

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုံညီအစည်းဝေးကျင်းပ *******************************************************************

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုံညီအစည်းဝေးကျင်းပ
************************************************************************

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုံညီအစည်းဝေးကို ယနေ့နံနက် (၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့) ၉ နာရီခန့်မှ စတင်၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟို ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ကိုယ်စားလှယ်၊ ကေအဲန်ယူ - ကရင် အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့မှ နှုတ်ခွန့်ဆက်စကားပြောကြားခဲ့ကြသည်။

UPDJC အစည်းအဝေးသို့ နိုင်ငံတော်အစိုးရ အစုအဖွဲ့မှ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးလှထွန်း၊ ဦးဝင်းထွန်း၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးအောင်သိမ်း၊ ဦးခင်ရီ၊ ဦးသန်းဌေး၊ ဦးခက်ထိန်နန်၊ ဦးတင်မောင်သန်းနှင့် ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ ရဲဘော်မိဆူးပွင့်၊ ဦးခိုင်အောင်စိုးသန်း၊ ဦးစိုင်းခွမ်မိန်း၊ ဆလိုင်းထလာဟေး၊ ပဒိုမန်းမန်း၊ ဒေါ်စောမြရာဇာလင်း၊ ဗိုလ်မှူးကြီး စောထူးထူးလေး၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်၊ ခွန်မြင့်ထွန်း၊ ရဲဘော်မျိုးဝင်း၊ ဗိုလ်စောတာမူလာ၊ ဗိုလ်မှူးစိန်ဝင်း၊ ခွန်ထွန်းတင် တို့တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေးပါတီအစုအဖွဲ့မှလည်း ဦးဝင်းထိန်၊ ဦးမျိုးရန်နောင်သိန်း (ဦးဟံသာမြင့်ကိုယ်စား)၊ ဦးမြင့်စိုး၊ သူရဦးသက်ဆွေ၊ ဒေါက်တာအေးမောင်၊ ဦးဇိုဇမ်၊ ဦးစိုင်းကျော်ညွှန့်၊ အိန်ဂျလာသောင်း၊ ဦးသုဝေ၊ ဦးခင်မောင်ဆွေ၊ ဦးမျိုးညွှန့်၊ ဦးနိုင်လှအောင် (ဒေါက်တာ မင်းနွယ်စိုးကိုယ်စား)၊ ဦးစောသန်းမြင့်၊ ဦးငိုင်ဆာ့ခ်၊ မန်းအောင်ပြည်စိုး တို့မှ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ကြသည်။ နိုင်ငံရေးပါတီ အစုအဖွဲ့မှ အကြံပေးများ အဖြစ် ဦးသိန်းထွန်း၊ ဦးကျော်သူအောင်၊ ဦးအောင်မိုးဇော်၊ ဒေါ်နန်းရွှေကြာ၊ ဦးလှဖေ၊ စောဒယ်နီယယ်နှင့် ဦးခွန်းစိုးမြင့် တို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေးပါတီအစုအဖွဲ့မှ UPDJC ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ (မြန်မာ) အားလည်း ကောင်း၊ အတွင်းရေးမှူးအဖြစ် စိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) အားလည်းကောင်း အများစုက ရွေးချယ်ခဲ့ကြသည်။

ယခုအစည်းအဝေးသည် UPDJC ၏ ဒုတိယအကြိမ် အစည်းအဝေးဖြစ်ပြီး ပထမအကြိမ် UPDJC အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော် အစိုးရ အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တို့မှ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

Credit : MPC



No comments: