Sunday, November 22, 2015

ဗဟိုဘဏ်သတ်မှတ်သော ဒေါ်လာလဲနှုန်း မကြာမီထိန်းချုပ်မည်ဟုဆို


ဗဟိုဘဏ်သတ်မှတ်သော ဒေါ်လာလဲနှုန်း မကြာမီထိန်းချုပ်မည်ဟုဆို
Saturday, November 21, 2015

ဗဟိုဘဏ်က တရားဝင်  သတ်မှတ်သော ငွေလဲနှုန်းမြင့်တက်နေမှုကို မကြာ မီထိန်းချုပ်မည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြော ကြားသည်။

နိုဝင်ဘာလဆန်းမှစတင်၍ ဆက်တိုက်မြင့်တက်လာသော ဗဟိုဘဏ်၏တရားဝင်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းကို ဗဟိုဘဏ် က ဆွဲတင်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိက ဘဏ်များက လေလံဈေးကွက်တွင်  ဈေးမြှင့်၍  လေလံဆွဲခြင်းကြောင့်ဟု ဒေါက်တာဆက်အောင်က ရှင်းပြသည်။

ဗဟိုဘဏ်မှ ရောင်းချသော နိုင်ငံခြားငွေကို လေလံဈေးကွက် တွင် ပုဂ္ဂလိကဘဏ်များက နေ့စဉ်ဝယ်ယူရာ၌ ဈေးကွက်ပေါက်ဈေး အတိုင်းသာ နှုန်းသတ်မှတ်ပေးရ ကြောင်း ပြည်တွင်းက ဘဏ်လုပ် ငန်းကျွမ်းကျင်သူ တစ်ဦးက ပြော သည်။ ဈေးနှုန်းသတ်မှတ်ရာတွင် လည်း ဈေးကွက်ပေါက်ဈေးနှင့် ချိန်ပြီးမှ အများဆုံးဈေးပေးသော ဘဏ်ကိုသာ ရောင်းချပေးခြင်းဟု ဒေါက်တာဆက်အောင်က ပြော သည်။

ပြည်တွင်းပုဂ္ဂလိကဘဏ် များသည် နိုင်ငံခြားငွေကြေးအသုံး လိုသဖြင့် ဗဟိုဘဏ်က လေလံဈေးကွက်ဖြင့် ရောင်းချသောနိုင်ငံခြားငွေကို အပြိုင်ဈေးတိုးပေး၍ ဝယ်ယူနေရကြောင်း ပြည်တွင်းမှ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ် ဦးကပြောကြားသည်။

‘‘ဒီအချိန်မှာ ဈေးကွက်နှုန်း အတိုင်းဖြစ်အောင် လုပ်တာပါ။ ဈေးကွက်ထဲမှာ တအားတက်၊ တအားကျမဖြစ်အောင် ထိန်းတဲ့ သဘောပါ’’ဟု ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ပွဲတွင် ဒေါက်တာဆက်အောင်က  သတင်းထောက်များအား ပြောကြားသည်။ ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းသည် နိုဝင်ဘာ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၇၇ ကျပ်မှ နိုဝင်ဘာ ၂၀ ရက်တွင် ၁,၂၉၇ ကျပ်ထိ ဈေးမြင့်တက်လာသည်။ ထို့ကြောင့် ရက် ၂၀ အတွင်း ရည် ညွှန်းငွေလဲနှုန်း ၂၀ ကျပ်မြင့်တက် ခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် အမေ ရိကန်ဒေါ်လာတန်ဖိုးလျှော့ချရန် ဈေးကွက်အတွင်းသို့ ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ဒေါ်လာများရောင်းချပေးနေ သည်။ ထိုသို့ရောင်းချရာတွင် နို ဝင်ဘာ ၂၀ ရက်က ပုဂ္ဂလိက ဘဏ်များကို အမေရိကန်ဒေါ်လာ ကိုးသန်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်လာ ငါးသန်းနှင့် နိုဝင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၁၀ သန်းရောင်း ချပေးခဲ့ကြောင်း ဒေါက်တာဆက် အောင်က သတင်းထောက်များ အား ပြောကြားသည်။

ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို ဆက်တိုက်မြှင့်တင်လာ ခြင်းကြောင့် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဝယ်လိုအား များပြီး ဈေးတက်လာသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာဈေးသည် နိုဝင်ဘာ ၂၁ ရက်နံနက်၌  ၁,၂၉၅ ကျပ် ခန့်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ည နေပိုင်းဈေးပိတ်ချိန်တွင် ၁,၂၉၈ ကျပ်ထိမြင့်တက်လာကြောင်း ပြင်ပဈေးကွက်မှ ငွေလဲဝန်ဆောင်မှု လုပ်သူများက ပြောသည်။

ယခုသုံးလအတွင်း ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်ခဲ့သည် (ဓာတ်ပုံ−နစ်ကီ)
7Day Daily


No comments: