အမှန်တကယ် ရင်ကြားစေ့ စေသော အကြောင်းများ
===========================
ရေးသားသူ - နေရီ ( ရဲမိုး )
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဘက်မှ NCCT တို့ 
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အား ချုပ်ဆိုနိုင်ရန်
သုံးနှစ်ကျော် မျှ ဆွေးနွေးညှိနိုင်းခဲ့ကြရာ
အကြီးအကျယ် အငြင်းပွားဆွေးနွေးခဲ့ရသည့်
ဝေါဟာရစကားရပ် တစ်ခုရှိပါသည် ။
ထိုစကားလုံးမှာ တော်လှန်ရေးဟူသော စကားရပ် ဖြစ်ပါသည် ။
တပ်မတော်ဘက်မှ ထိုအသုံးအနူန်းကို လက်မခံနိုင်မှုကြောင့်
အကြိမ်ကြိမ်ပေါင်းများစွာ ပြန်လည်ဆွေးနွေးညှိနိုင်းခဲ့ရပြီး
နောက်ဆုံးတွင်မှ သဘောတူညီမှု ရရှိခဲ့သည့်
ဝေါဟာရစကားရပ်တစ်ခုလည်း ဖြစ်ပါသည် ။
စကားလုံးတစ်လုံး ဝေါဟာရလေးတစ်ခုမှာ ထိုမျှပင် အရေးပါ ပါသည်လား ? ။
တကယ်တော့ ထိုတော်လှန်ရေးဟူသော ဝေါဟာရမှာ
ဝေါဟာရသက်သက် စကားလုံးသက်သက်
အခေါ်အဝေါ် အသုံးအနူန်း တစ်ခုမဟုတ်ပါ ။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအားလုံး၏ ဆောက်တည်ရာ
မှီခိုအားထားရာ ပင်မအကြောင်းတရား ကြီး ဖြစ်သည့်အတွက်
အကြီးအကျယ် အငြင်းပွားရခြင်း ဖြစ်ပါသည် ။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဘက်မှ ကြည့်လျှင်
တော်လှန်ရေးဟူသော စကားရပ် မပါတော့သည်နှင့် တစ်ပြိုင်နက် လက်နက်တပ်ဆင်ထားသည့် အစိုးရမဟုတ်သော..
၎င်းတို့ တပ်ဖွဲ့ များ၏ အနေအထားမှာ
များစွာမေးခွန်းထုတ်ဖွယ် ရှိလာမည်ဖြစ်ပြီး
အနှစ် ၆၀ ကျော်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြီးတွင်
တိုင်းပြည်ကို ဖျက်ဆီးခဲ့သူ ဗီလိန်များ အဖြစ်သို့  ကျရောက်သွားမည်ဖြစ်ကာ
တပ်မတော်ဘက်ကသာ အရာရာမှန်ကန်သည်ဟူသည့်
အနေအထားသို့ ရောက်ရှိသွားနိုင်သည်ဟု ယူဆသည့်အတွက်
အပြင်းအထန် အကြိတ်အနယ် ဆွေးနွေးညှိနိုင်းခဲ့ရခြင်းဖြစ်ပါသည် ။
ပြသနာတိုင်း ဖြစ်ရပ်တိုင်းတွင်
မတူကွဲပြားခြားနားသောအမြင်များ နှင့်
အယူအဆများ တည်ရှိလျက်ရှိနေပါသည် ။
ထိုအယူအဆ နှင့် အမြင်များသည်
နိုင်ခြင်း ရှုံးခြင်း ကိစ္စရပ်များနှင့်မပတ်သက်ပါ ။
ရှုံးနိမ့်လျက်နှင့် အသေခံခုခံကာကွယ်ကြခြင်း ၊
ဆယ်စုနှစ်ပေါင်းများစွာ စစ်ဆက်လက်တိုက်ခိုက်ကြခြင်း
စသည့်ကိစ္စရပ်များသည်
ထိုအယူအဆများ အမြင်များနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိနေပါသည် ။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ
အစိုးရ (သို့ မဟုတ် ) တပ်မတော် (သို့ မဟုတ် ) စနစ်ကို
နှစ်ပေါင်းများစွာ အတိုက်အခံပြုဆန့် ကျင်ခဲ့သော အုပ်စုများ
ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကာ
အာဏာကို လွှဲပြောင်းရယူနိုင်တော့မည့် အခြေအနေဖြစ်ပါသည် ။
အတိုက်အခံအင်အားစုများအနေဖြင့်
အုပ်ချုပ်ရေးအာဏာ နှင့် ဥပဒေပြုရေးအာဏာကို
အပြည့်အ၀ လွှဲပြောင်းရယူနိုင်မည် မဟုတ်ပါ ။
အုပ်ချုပ်ရေးအာဏာတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက
သမ္မတ၏ အာဏာကို ကန့် သတ်ထိန်းချုပ်ထားပြီး
ဥပဒေပြုရေးအာဏာတွင် တပ်မတော်သားအမတ် ၂၅ ရာခိုင်နူန်း က
ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို
အာဏာရပါတီများ စိတ်ကြိုက်ပြုပြင်၍ မရအောင်
တားဆီးထားလျက် ရှိပါသည် ။
ဤနေရာတွင် အတိုက်အခံ အင်အားစုများအနေဖြင့်
မိမိတို့ သည် အစိုးရကို အတိုက်အခံ ပြုသည်လား ?
လက်ရှိ စနစ်ကို အတိုက်အခံ ပြုသည်လား ?
သို့ မဟုတ် တပ်မတော်ကို အတိုက်အခံပြုနေသည်လား ဟူသည့် အချက်ကို
မိမိကိုယ် မိမိ မညာစတမ်း ပြန်လည်ဝေဖန် ဆန်းစစ်သင့်ပါသည် ။
အစိုးရကို အတိုက်အခံ ပြုသည်ဆိုပါက
လက်ရှိ အစိုးရ ပြုတ်ကျသွားတော့မည် ဖြစ်ပါသည် ။
ဆက်လက်အတိုက်အခံ ပြုရန် လိုအပ်တော့မည် မဟုတ်ပါ ။
စနစ်ကိုသာ အတိုက်အခံပြုသည်ဟု ဖြေမည် ထင်ပါသည် ။
စနစ်ကို အတိုက်အခံပြုသည့် အတွက်
စနစ်အား မိမိတို့ စိတ်ကြိုက် ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည်မှာ ဓမ္မတာ ဖြစ်ပါသည် ။
ထိုအခါ စနစ်ကို စိတ်ကြိုက်ပြုပြင်၍ မရအောင်
အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားသော တပ်မတော် နှင့်
ထိပ်တိုက်ရင်ဆိုင်လာရပါသည် ။
အမှန်တကယ် စနစ်ကို ပြင်ဆင်လိုပြီး
အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်လိုပါက
စနစ်ကို အာဏာရပါတီများ စိတ်ကြိုက်ပြုပြင်၍ မရအောင်
တပ်မတော်က ထိန်းချုပ်ထားသည့် အကြောင်းအရင်းများကို
စနစ်တကျလေ့လာသုံးသပ် ချဉ်းကပ်ရန် လိုအပ်ပါသည် ။
တစ်နည်းအားဖြင့်ဆိုသော်
တပ်မတော်၏ အိုင်ဒီယိုလော်ဂျီကို
ကောင်းစွာသဘောပေါက် နားလည်နိုင်ရန် လိုအပ်သည်ဟု
ဆိုလိုခြင်းဖြစ်ပါသည် ။
အတိုက်အခံ အင်အားစုများအနေဖြင့်
တပ်မတော်ကို ပုံဖော်ရာတွင်
တပ်မတော်သည် အာဏာရှင်များ၏ လက်ကိုင်ဒုတ်တပ်မတော် ၊
လူတစ်စုက အာဏာတည်မြဲရေးအတွက် အသုံးချခံနေရသော တပ်မတော် ၊ တိုင်းရင်းသားနယ်မြေများတွင်
သွားရောက်အနိုင်ကျင့် ဗိုလ်ကျနေသော တပ်မတော် ၊
ပြည်သူလူထုအား ရက်စက်စွာဖိနှိပ်သတ်ဖြတ်ခဲ့သော တပ်မတော် ၊
တိုင်းပြည်အား ဆင်းရဲမွဲတေအောင် ပြုလုပ်ခဲ့သော တပ်မတော် ၊
အနှစ် ၆၀ ပြည်တွင်းစစ်ကြီး၏ အဓိက တရားခံ တပ်မတော် အဖြစ်
သမိုင်းကြောင်းတစ်လျောက်လုံး ပုံဖော်ခဲ့ပါသည် ။
ထိုကဲ့သို့ ပုံဖော်ခြင်းနှင့် အတူ
၎င်းတို့ ၏ အတိုက်အခံ လုပ်ငန်းစဉ်အားလုံး မှန်ကန်ကြောင်း ၊
တပ်မတော်သည် အဓမ္မဖြစ်၍
အတိုက်အခံ အင်အားစုများသည် ဓမ္မဖြစ်ကြောင်း ၊
အဓမ္မကို ဓမ္မက ဆန့် ကျင်တိုက်ခိုက်ခြင်းသည်
တရားနည်းလမ်းကျ မှန်ကန်ကြောင်း ၊
၁၉၈၈ ခုနှစ် အရေးအခင်းသည် ပြည်သူလူထုတစ်ရပ်လုံးက
စစ်အာဏာရှင် စနစ်ဆိုးကို တော်လှန်ခြင်းဖြစ်ပြီး
အာဏာရှင် လက်ကိုင်ဒုတ်တပ်မတော်က
ပြည်သူလူထုကို အကြမ်းဖက် ချေမှုန်းခဲ့ကြောင်း
စသည့် အိုင်ဒီယိုလော်ဂျီပေါင်းများစွာ
သာသာထိုးထိုး ပြောဆိုထားသော အဖြစ်အပျက်ပေါင်းများစွာဖြင့်
၎င်းတို့ ၏ အတိုက်အခံလုပ်ဆောင်ချက်များအားလုံး
မှန်ကန်သည်ဟူသော အယူအဆကို
မြေပေါ်မြေအောက် အဖွဲ့ အစည်းများ ၊
ပြည်ပသတင်းဌာနများနှင့် ပူးပေါင်းကာ
နှစ်ပေါင်းများစွာ တောက်လျောက်ဝါဒဖြန့် ချိခဲ့ပါသည် ။
ထိုကဲ့သို့ ဝါဒဖြန့် ချိသည့် ဒဏ်ကိုလဲ
တပ်မတော်အနေဖြင့် အလူးအလဲ ခံခဲ့ရပါသည် ။
မျိုးဆက် နှစ်ဆက်မျှ ဖြတ်သန်းကြာမြင့်ပြီးချိန်တွင်
မြန်မာပြည်သူများ၏ စိတ်ဝယ်
တပ်မတော်မှာ ဗီလိန်သဖွယ် ဖြစ်လာရပြီး
အတိုက်အခံအုပ်စုများမှာ
သူရဲကောင်းများအဖြစ် ဖြစ်တည်လာခဲ့ပါသည် ။
၂၀၁၅ ရွေးကောက်ပွဲမှာ
ထိုဝါဒဖြန့် ချိရေး စစ်ပွဲ၏ အောင်နိုင်သူ သူရဲကောင်းများကို
ပြည်သူလူထုက တစ်ခဲနက် မဲပေး ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပါသည် ။
ထိုအချက်ကို ၈၈ခုနှစ်အရေးအခင်း တံတားဖြူကိစ္စတွင်
ထောင်တွင်း၌ ကျောင်းသူများကို
လုံခြုံရေးတပ်ဖွဲ့ များက မုဒိန်းပြုကျင့်ခဲ့သည်ဆိုသော
လုပ်ကြံဇာတ် အင်တာဗျူးတွင် ပါဝင်စီစဉ်ခဲ့သူ
အတိုက်အခံခေါင်းဆောင်တစ်ဦးကိုယ်တိုင်
သူရဲကောင်းအဖြစ် လွှတ်တော်အမတ်အဖြစ်
ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဖြစ်ရပ်က
အထင်အရှားသက်သေခံလျက် ရှိပါသည် ။
မကြာမီ ထိုသူရဲကောင်းများ၏
အာဏာနှစ်ရပ်ကို ချုပ်ကိုင်ကာ တိုက်ခိုက်တော့မည့်
ညပ်ပူးညပ်ပိတ် ထိုးစစ်ကို
ဗီလိန်ဖြစ်သူ အထီးတည်းကျန်ခဲ့သူ တပ်မတော်ကသာ
ကြံ့ ကြံ့ ခံ ရင်ဆိုင်ရတော့မည် ဖြစ်ပါသည် ။
( ဆောင်းပါးအပြည့်အစုံကို
၁၈.၁၁.၂၀၁၅ ရက်နေ့ ထုတ်
မြန်မာရီဗျူး ဂျာနယ်တွင်
ဆက်လက်ဖတ်ရူပါရန် .... )
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, November 16, 2015
အမှန်တကယ် ရင်ကြားစေ့ စေသော အကြောင်းများ ===========================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment