၂၀၁၅ ခုနှစ် ဆုစန္ဒီဆုကို တောင်သူလယ်သမားအခွင့်အရေးလှုပ်ရှားသူရရှိ
နိုဝင်ဘာလ ၁၆ ရက် ၂၀၁၅
သျှမ်းသံတော်ဆင့်/မွေခေါဝ်
ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူအခွင့်အရေးအတွက် လှုပ်ရှားသူ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့က လူငယ် နန်းနွန်းဟွမ် အား ၂၀၁၅ ခုနှစ်အတွက် ဆုစန္ဒီဆုရှင် အဖြစ် ရွေးချယ် အပ်နှင်းလိုက်ပါသည်။
“ကျမက ၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လယ်သ မားတွေ ကို စည်းရုံးတာတွေ၊ ကျမတို့မြေသိမ်းခံရေ တာ့ ပြန်ပြီးတောင်းဆို တာေ တွ ၃ နှစ်တာအတွင်း ကျမရဲ့လှုပ်ရှားမှုကြောင့် ဆုစန္ဒီဆုကို ချီးမြင့် တယ် လို့ ထင်ပါတယ်။ ဒီဆုကို ရရှိတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ စ၀်မယ်ဆုစန္ဒီကိုလည်း အထူး ကျေးဇူးတင်ပါတယ်” ဟု ယခုနှစ် ဆုစန္ဒီဆုရှင် နန်းနွန်းဟွမ် က ပြောပါသည်။
ဆဋ္ဌမအကြိမ်မြောက် ဆုစန္ဒီခေါင်းဆောင်စု Sao Thusandi Leadership Award ဆုချီးမြင့်ခြင်း အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပရာ ဆုအပ်နှင်းရေးကော်မတီဝင် အားဂျန် ဖစ်ဖား၊ နန်းစံတောင်း၊ ဆုစန္ဒီခေါင်းဆောင်ဆုရှင်များ၊ ပြည်တွင်းပြည်ပမှ လူမှုရေး လှုပ်ရှာသူများ ၅၀ ခန့် တက်ရောက်ခဲ့သည်။
နန်းနွန်းဟွမ် သည် ငြိမ်းချမ်းရေး၊ နိုင်ထက်စီးနင်းပြုကျင့်မှုပပျောက်ရေး လိုလားသည့် သျှမ်းပြည်တွင်း လူငယ် များအတွက် စံပြကောင်းတေ ယာက်ဖြစ်ကြောင်း၊ လူငယ်များနောက်မဆုတ်တမ်း ကြိုးစားချင်စိတ် ရှိလာအောင် လုပ်ဆောင်သည့် စံပြဖြစ်ကြောင်း၊ တောင်သူ လယ်သမား အရေးအခွင့်ရရှိရေး ၊ သျှမ်းပြည်တွင်း ရေကာတာ ဆည်ဆောက်မှု ဆန့် ကျင်ခြင်း၊ သတ္တုတူးဖော်မှု ဆန့်ကျင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် စ၀်ဆုစန္ဒီမှ ၀မ်းသာဂုဏ်ယူ ကြောင်း မဟာဒေ၀ီ စ၀်ဆုစန္ဒီက သ၀ဏ်လွှာပေးပို့ခဲ့သည်။
“တရားမျှတမှုအရေး၊ တန်းတူအခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ နန်းနွန်းမိုနဲ့ လွန်ခဲ့တဲ့နှစ်တွေက ဆုစန္ဒီဆုရှင် ၇ ယောက်၊ ကိုယ်စီလှုပ်ရှားနေတဲ့လူငယ်ေ တွကို ဂုဏ်ယူပါတယ်။ သူတို့တွေဟာ သျှမ်းပြည်အခြေအနေကို ကမ္ဘာက သိအောင် လုပ်ဆောင်ပေးခဲ့တယ်။ ငြိမ်းချမ်းမှုရှိစေဖို့၊ ဖွံ့ဖြိုးမှုရှိစေဖို့အတွက် ဦးဆောင်လမ်းပြပေးခဲ့ တယ်။ ကျမတို့တိုင်းပြည် ဆင်းရဲဒုက္ခတွင်းကနေ လွတ်မြောက်ပြီး တန်းတူအခွင့်အရေးရရှိဖို့ ငြိမ်းချမ်းမှုရရှိဖို့ လုပ်ဆောင်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့တွေဟာ ကျမတို့အတွက် အလင်းတန်ြး ဖစ်ပါတယ်” လို့ နန်းစံတောင်း က ပြောပါသည်။
နန်းနွန်းဟွမ် သည် ဆုစန္ဒီခေါင်းဆောင်စု Sao Thusandi Leadership Award ကို လက်ခံရရှိသည့် ၈ ယောက် မြောက် ဆုရှင်ဖြစ်ပြီး တတိယြေ မာက် အမျိုးသမီးဆုရှင်ဖြစ်ပါသည်။
သီပေါစော်ဘွား စ၀်ကြာဆိုင်၏ မဟာဒေ၀ီ စ၀်ဆုစန္ဒီမှ ချီးမြင့်သော Sao Thusandi Leadership Award စ၀်ဆုစန္ဒီခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်မှစ၍ အများအကျိုး သယ်ပိုးသူများအား တနှစ်လျှင်တဦးရွေးချယ်ကာ ဆုလက်မှတ်နှင့် အတူ အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြင့်ခဲ့သည်။
အမေရိကန်အခြေစိုက် Buram Lifeline က ဦးဆောင်ပြီး သုစန္ဒီခေါင်းဆောင် ဆုကို ၂၀၀၈ ခုနှစ်တွင် သျှမ်းရွှေ့ ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ စိုင်းဖူးမိန်းကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် လယ်သမားအရေးလှုပ် ရှားသူ စိုင်းဆဲန်ဖန်းကိုလည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသမီးအရေးလှုပ်ရှားသူ (SWAN)မှ နန်းမွန်းကိန် ကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် လွယ်ကော် ၀မ်းမှ နယ်လှည့်ကျောပိုးအိတ်ဆေးမှူး စိုင်းပေတ ကိုလည်း ကောင်း၊ ၂၀၁၂ ခုနှစ်တွင် သမိုင်းပြတိုက် တည်ထောင်သူ ၀တ့်ဖှဝိန်းအင်းမှ အရှင်သီရိဓမ္မ ကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ် တွင် SNLD မှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ စိုင်းဆမ်ဖွန်ဆိုင်ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် တာချီလိတ် မြို့နယ် လယ်သမားအရေးလှုပ်ရှားသူ သွားဖွားဆရာမ နန်းလာ ကိုလည်းေ ကာင်း ပေးအပ်ခဲ့သည်။
ဓါတ်ပုံ- ၂၀၁၅ ခုနှစ်အတွက် ဆုစန္ဒီဆုရှင် နန်းနွန်းဟွမ်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, November 16, 2015
၂၀၁၅ ခုနှစ် ဆုစန္ဒီဆုကို တောင်သူလယ်သမားအခွင့်အရေးလှုပ်ရှားသူရရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment