Wednesday, November 18, 2015

ဝန်းသိုမြို့နယ်၌ ရွှေချက်ရာတွင် အသုံးပြုသည့် ဆေးရည်သောက်မိ၍ အမျိုးသားတစ်ဦး သေဆုံး ========

ဝန်းသိုမြို့နယ်၌ ရွှေချက်ရာတွင် အသုံးပြုသည့် ဆေးရည်သောက်မိ၍ အမျိုးသားတစ်ဦး သေဆုံး
=============================

ဝန်းသို နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဆင်ကုန်းကျေးရွာ အနောက်ဘက် ကျောက်ပါးစပ်ရွှေမှော်တွင် ရွှေချက်ရာ၌ အသုံးပြုသည့် ဆေးရည်သောက်မိခဲ့၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကောလင်းမြို့ နယ် ယင်းတိုက်ကုန်းကျေးရွာနေ အေးမင်းချောင် (၂၁နှစ်)သည် ကျောက်ပါးစပ်ရွှေမှော်ရှိ ¤င်း၏လုပ်ကွက်တဲ၌ အစ်မဖြစ်သူနှင့် စကားများပြီး စိတ်ညစ်သဖြင့် နိုဝင်ဘာ ၁၅ ရက်က ရွှေချက်ရာတွင် အသုံးပြုသည့် ဆေးရည်ကို သောက်မိခဲ့သဖြင့် ဆေးကုသရန် နမ်းခမ်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင် စဉ် ဆေးရုံအရောက်၌ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

အေးမင်းချောင် သေဆုံးရခြင်း မှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးသိရှိ နိုင်ရန် ဝန်းသိုမြို့မရဲစခန်းက သေမှု/သေခင်းဖွင့် ဆောင်ရွက် ခဲ့ပြီး ဝန်းသိုမြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင်သက်က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ဦးရဲ(ကသာ)


No comments: