Friday, November 20, 2015

ရိုဟင်ဂျာ ကို တိုင်းရင်းသား အသိအမှတ်ပြုတာ ဘာဖြစ်သွားမှာမို့လဲ၊ အဓိက,က လူကို လူလိုမြင်ဖို့၊ အခွင့်အရေးတူညီစွာရှိဖို့၊ တရားဥပဒေစိုးမိုးဖို့ အရေးကြီးတာမဟုတ်လားဆိုတဲ့သူတွေကို တွေ့ရတယ်

ရိုဟင်ဂျာ ကို တိုင်းရင်းသား အသိအမှတ်ပြုတာ ဘာဖြစ်သွားမှာမို့လဲ၊ အဓိက,က လူကို လူလိုမြင်ဖို့၊ အခွင့်အရေးတူညီစွာရှိဖို့၊ တရားဥပဒေစိုးမိုးဖို့ အရေးကြီးတာမဟုတ်လားဆိုတဲ့သူတွေကို တွေ့ရတယ်။ မနေ့က briefing တစ်ခုမှာလည်း တစ်ယောက်က ဒီလိုအဓိပ္ပါယ်စကားကိုပဲ ထ,ပြောတာတွေ့မိတယ်။ အစည်းအဝေးအပြီးမှာတော့ အဲဒီစကားပြောသူကို ဒီလိုသဘောအဓိပ္ပါယ်ရတဲ့စကား သူ့အနားကပ်ပြီး ပြောခဲ့တယ်။ "ဆွီဒင်၊ ဂျာမဏီ နှင့် ပြင်သစ် နိုင်ငံတွေဟာ ဆရာကြီးပြောတဲ့အချက် ၃ ခု အရှိဆုံးနိုင်ငံတွေ။ ဒါပေမယ့် မူဆလင်နှင့်တွေ့ရင်တော့ ဒီအချက် ၃ ခုကို မတားနိုင်ဘူး။ ရှရီယာကို မတားဆီးနိုင်ဘူး"။ တကယ်ပြောခဲ့တာကတော့ အငြင်းအခုံ ဖြစ်ခဲ့တာပါ။ ကျွန်တော်နှင့် စကားအချေအတင်ပြောခဲ့တဲ့ ကျောင်းဆရာကြီးဟောင်းအပါအဝင် NLD အတော်များများက ရိုဟင်ဂျာကို တိုင်းရင်းသားပေးလိုက်တော့ ဘာဖြစ်မှာမို့လို့လည်း ဆိုတဲ့အတွေးကို တွေးကြဟန်၊ ဒီစကားနှင့် NLD က ရိုဟင်ဂျာကို တိုင်းရင်းသားပေးမယ့်ကိစ္စကို ကာကွယ်ကြဟန်ရှိတယ်။ အစ္စလာမ်မိုက်ဇေးရှင်း၊ မူဆလင်မိုက်ဇေးရှင်းဘက်က ကြည့်ရင်လည်း လက်မခံနိုင်စရာတွေ အပြည့်အနှက်ပါ။ ဒါတွေကို ချန်ထားပြီး လူမျိုးရေးအနေအထားနှင့်ကြည့်လိုက်ရင်ကို လက်မခံနိုင်စရာ၊ တိုင်းပြည်အကျပ်အတည်းဖြစ်စရာတွေ အများကြီးရှိနေပါတယ်။ ဘင်္ဂါလီတွေကို ရိုဟင်ဂျာတွေလို့ လက်ခံလိုက်တာနှင့် တစ်ပြိုင်နက် -

- မြန်မာနိုင်ငံတွင်းမှ ယာယီနိုင်ငံသားအသိအမှတ်ပြုကဒ်ပြား (ဝှိုက်ကဒ်) ကိုင်ဆောင်သူများကို အပြည့်အဝနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရမယ်။ တစ်နည်းအားဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (ပန်းရောင်) ထုတ်ပေးရမယ်။ ရိုဟင်ဂျာသည် ၁၃၆ ခုမြောက်သော မြန်မာတိုင်းရင်းသား ဖြစ်လာမယ်။

- ရိုဟင်ဂျာဒုက္ခသည်စခန်းဆိုသည်များမှ မြန်မာအစိုးရ၏ ဖိစီးနှိပ်စက်မှုများကို မခံနိုင်၍ ထွက်ပြေးသွားရပါသည်ဆိုသော သြစတေးလျ နှင့် အာဆီယံနိုင်ငံအချို့ရောက် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလားဒေ့ရှီ များကိုရော၊ ရခိုင်မှ ဘင်္ဂါလီများကိုရော ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရမယ်။ တိုင်းရင်းသားအဖြစ် တစ်ဆက်တည်း အသိအမှတ်ပြုရမယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား (ပန်းရောင်) ထုတ်ပေးရမယ်။

- ဦးနေဝင်းလက်ထက်က နှင်ထုတ်ခဲ့၍ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိနေရပါသည်၊ မျိုးဆက်၃ခုရှိပြီဖြစ်ပြီး နှစ်ကာလကြာ၍ မြန်မာနိုင်ငံမှရောက်လာကြောင်း သက်သေအထောက်အထားမရှိပါဆိုသူမျာကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရပေးသောစာရင်းအတိုင်း ခြွင်းချက်မရှိ လက်ခံရမယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား (ပန်းရောင်) ထုတ်ပေးရမယ်။

- ရခိုင်ပြည်နယ်တွင်းက သဲချောင်း စသော ဒုက္ခသည်စခန်းများကို ဖျက်သိမ်းပေးရမယ်။ တိုင်းရင်းသားသစ် ရိုဟင်ဂျာများ၏ လူမှုစီးပွားအထွေထွေကို ကူညီနိုင်ဖို့အတွက် OIC ကို အခြေစိုက်ခွင့် ပေးရမယ်။

- ရခိုင်-မူဆလင် ပဋိပက္ခမဖြစ်စေရေး၊ တိုင်းရင်းရင်းအခွင့်အရေး၊ လူ့အခွင့်အရေး စသောခေါင်းစဉ်များဖြင့် ရိုဟင်ဂျာ က်ုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ရိုဟင်ဂျာပြည်နယ်ပေးဖို့အထိ ဖြစ်လာမယ်။

ဒါတွေက ကျွန်တော်ဥာဏ်မီသလောက် ရေးချလိုက်တာပါ။ တကယ့်တကယ်ဖြစ်လာရင် ဒီ့ထက်မက ရှုပ်ထွေးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေများပါ ဖြစ်ပေါ်နိုင်ပါတယ်။


No comments: