IS အကြောင်း တစေ့တစောင်း
အီရတ်နှင့်ဆီးရီးယားတို့မှ အစ္စလာမ်မစ် နိုင်ငံတော် သို့ IS အဖွဲ့လို့လူသိများတဲ့ အစ္စလာမ်မစ် ဂျီဟတ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဟာ အီရတ်နှင့်ဆီးရီးယားနိုင်ငံကို အခြေပြုပြီး လှုပ်ရှားလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ IS အဖွဲ့ဟာ မိမိတို့ကိုယ်ကို အစ္စလာမ်မစ် နိုင်ငံတော် သို့ ကာလီဖိတ် နိုင်ငံတော်အဖြစ် ကြေငြာခဲ့ပြီး IS အဖွဲ့ကို ဆွန်နီ မွတ်ဆလင် များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
၂၀၁၅ ခုနှစ် မတ်လတွင် ISအဖွဲ့ဟာ ဆီးရီးယားနှင့် အီရတ်ရှိလူဦးရေ ၁၀ သန်းခန့် နေထိုင် လျက်ရှိသော နယ်မြေများကို သိမ်းပိုက် စိုးမိုးထားနိုင်ပြီး လစ်ဗျား နိုင်ဂျီးရီးယား အာဖကန် တို့ရှိ နယ်မြေ အနည်းငယ်ကို လည်းထိမ်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။IS အဖွဲ့၏ကွန်ယက်များဟာ ကမ္ဘာအနှံပျံနှံလျက်ရှိပြီး မြောက်အာဖရိကနှင့် အာရှတောင်ပိုင်းတို့အပါအဝင်ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် ဇွန်လ ၂၉ ရက်မှာ IS အဖွဲ့သည် ၄င်းတို့ဟာ ကမ္ဘာ လုံးဆိုင်ရာ ကာလီဖိတ်နိုင်ငံတော် ဖြစ်သည်ဟုကြေငြာခဲ့ပြီး IS အဖွဲ့၏ခေါင်းဆောင် Abu Bakr al.Baghdadi ဟာ ကာလီဖိတ် နိုင်ငံတော်၏ အကြီးအကဲ ကာလစ် အဖြစ်ခံယူခဲ့ပါတယ်။ကာလီဖိတ် နိုင်ငံတော်အဖြစ်ကြေငြာပြီးနောက် ၄င်းဟာ ဘာသာရေး နိုင်ငံရေး နှင့် စစ်ရေး လုပ်ပိုင်ခွင့်များကို မွတ်ဆလင်ကမ္ဘာတွင် ရယူနိုင်မည်လို့ မျှော်လင့်ခဲ့ပါသည်။ ဒါ့အပြင် အစ္စလာမ် အကြီးအကဲများ အစုအဖွဲ့များ နိုင်ငံများ အဖွဲ့အစည်းများကို ချုပ်ကိုင်နိုင်ပြီး ၄င်းတို့၏အာဏာကို ကာလီဖိတ်နိုင်ငံတော်မှ ရယူ ကာ လွှမ်းမိုး ချုပ်ကိုင် နိုင် မည်ဟုယူဆခဲ့ပါသည်။
အမေရိကန်အစိုးရဟာ IS အဖွဲ့၏လူ့အခွင့်အရေး ချိုးဖောက်မှုမျာနှင့် စစ်ရာဇဝတ်မှုများကို အရေးယူရန်အတွက် အစည်းအဝေးခေါ်ခဲ့ပြီး
Amnesty International အဖွဲ့ကလည်း IS အဖွဲ့၏ သမိုင်းတွင်လောက်အောင် လူမျိုးတုန်းသတ်ဖြတ်မှုများအကြောင်း ကိုအစီရင်ခံစာထုတ်ပြန်ခဲ့ပါသည်။ထို့နောက်မှာ တော့ ကုလသမဂ္ဂမှ IS အအဖွဲ့ကို အကြမ်းဖက်သမား များအဖြစ် သတ် မှတ်ခဲ့ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အမေရိကန်ပြည်ထောင်စု အိန္တိယ အင်ဒိုနီးရှား တူရကီ ဆော်ဒီအာရေဘီးယား နှင့်ဆီးရီးယားပါအဝင်နိုင်ငံပေါင်း ၆၀ ကျော်မှ IS အဖွဲ့အပေါ် တိုက်ရိုက်စစ်ရေး အရဖြစ်စေ အခြားနည်းလမ်းဖြင့်ဖြစ်စေဆန့်ကျင်တိုက်ခိုက်ကျရန်ဆုံးဖြတ်ခဲ့ပါတော့သည်။
IS အဖွဲ့ကို ၁၉၉၉ ခုနှစ် တွင် Jama' at al-Tawhid wa-Jihad အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် al-Qaeda အဖွဲ့လက်အောင်သို့ခိုလှုံခဲ့ပါသည်။၎င်းအဖွဲ့ဟာ အီရတ်နိုင်ငံကို အနောက်အုပ်စုနှင့် အမေရိကန်တို့ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၀၃ မတ်လ နောက်ပိုင်းတွင်ပေါ်ပေါက်လာသော အီရတ် ပုန်ကန်မှုတွင်ပါဝင်ခဲ့ပါသည်။၂၀၀၆ ခုနှစ် ဇန်နဝါရီလမှာတော့ Kama' at al-Tawhid wa-Jihad အဖွဲ့ဟာ အခြားဆွန်နီ သူပုန်အုပ်စုများနှင့်ပူးပေါင်းပြီး Mujahideen Shura အစည်းအရုံးအဖြစ်ပြောင်းလဲဖွဲ့စည်းခု့ပါတယ်။ထိုအဖွဲ့ဟာ ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ အီရတ်နိုင်ငံရဲ့ IS အဖွဲ့ ISI(Islamic State of Iraq) အဖြစ်အတိအလင်းကြေငြာခဲ့ပါသည်။
မတ်လ ၂၀၁၁ ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အပြီးမှာတော့ ISI အဖွဲ့ဟာ al-Baghdadi၏ခေါင်းဆောင်မှုနှင့် သြဂုတ်လ ၂၀၁၁ ခုနှစ်မှာ ၄င်းတို့၏ သြဇာခံပုဂ္ဂိုလ်များကို ဆီးရီးယားနိုင်ငံသို့စေလွှတ်ခု့ပါသည်။ထိုပုဂ္ဂိုလ်များဟာ မိမိတို့ကိုယ်ကို Jabhat an-Nuṣrah li-Ahli ash-Shām( al-Nusra Front)အဖြစ်ခေါ်တွင်စေခဲ့ပြီး ဆွန်နီအများစုနေထိုင်ရာ of Ar-Raqqah, Idlib Deir ez-Zor ,Aleppo ဒေသတို့မှာ ခြေကုပ်ယူခဲ့ပါသည်။
၂၀၁၃ ဧပရယ်လမှာ အီရတ် IS အဖွဲ့ရဲ့ခေါင်းဆောင် al-Baghdadi က al-Nusra Front အဖွဲ့နဲ့ပြန်လည်ပူးပေါင်းပြီး အီရတ်နှင့်မြေထဲပင်လည်အရှေ့ပိုင်းရှိ အစ္စလာမ်နိုင်ငံတော်(Islamic State of Iraq and Levant)လို့ကြေငြာခဲ့ပါတယ်။ဒါပေမဲ့ al-Nusra Front နဲ့ al-Qaedaအဖွဲ့ရဲ့ခေါင်းဆောင်များဖြစ်တဲ့ Abu Mohammad al-Julani နှင့် Ayman al-Zawahiri တို့ကတော့ထိုကြေငြာချက်ကို လက်မခံနိုင်ခဲ့ပါဘူး။ တင်းမာမှုတွေဖြစ်ပြီး ရှစ်လအကြာ ၂၀၁၄ ဖေဖော်ဝါရီလ သုံးရက်နေ့မှာ al-Qaeda အဖွဲ့က IS အဖွဲ့ကို မိမိတို့ကို မတိုင်ပင်ဘဲ လုပ်ချင်ရာလုပ်ခြင်း နာမည်ဆိုးဖြင့်ကျော်ကြားခြင်းတို့ကြောင့် အဆက်အသွယ်ဖြတ်ခဲ့ပါတော့သည်။
ဆီးရီးယားမှာတော့ IS အဖွဲ့ဟာ ဆီးရီးယားအစိုးရရော သူပုန်များကိုပါ ဆီးရီးယားပြည်တွင်းစစ်အတွင်းတိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။
၂၀၁၄ ခုနှစ်အစောပိုင်း ပုန်ကန်မှုအပြီး အီရတ်အစိုးရဟာ အီရတ်အနောက်ပိုင်းရှိ အဓိကမြို့ကြီးတွေကို လက်လွှတ်လိုက်ရပြီးနောက် IS အဖွဲ့ ဟာလူသိများလာပါတော့တယ်။အမေရိကန် ရဲ့ စစ်တပ်တွေ အီရတ်မှ ဆုတ်ခွာခဲ့ပြီးနောက်ပိုင်းမှာတော့ အီရတ် နိုင်ငံရဲ့ နယ်မြေအမြောက်အများဟာ IS တို့ ထပ်မံသိမ်းပိုက်ခြင်းကို ခံခဲ့ရပြန်ပါတယ်။
IS အဖွဲ့ဟာ ဝါဒဖြန့်ခြင်းကို တွင်တွင်ကျယ်ကျယ်ပြုလုပ်လျက်ရှိပြီး စစ်သားများ သတင်းထောက်များ အရပ်သားများ အလုပ် သမားများကို ခေါင်းဖြတ်၍ ကွပ်မျက် သော ဗီဒယိုများကို လူမှုကွန်ယက် များနှင့် ဝက်ဆိုက် များပေါ်တင်လေ့ရှိပါတယ်။ကမ္ဘာတစ်ဝှမ်းရှိ မွတ်ဆလင် ခေါင်းဆောင်များမှ IS မျာ၏ အတွေးအခေါ်များနှင့် အပြုအမူများကို ရှုံ ချလျက် ရှိပါသည်။
IS အဖွဲ့ ၏ လုပ်ဆောင်ချက်များမှာ အစ္စလာမ်ဘာသာ၏ သင်ကြားချက်များ တရားများမဟုတ်ဘဲ စစ်မှန်သော အစ္စလာမ် လူမှုအဖွဲ့ အစည်းမှ စွန့်ခွာ သောလမ်းစဉ်ကို လျောက်လှမ်းနေသူများသာဖြစ်ကြောင်းငြင်းဆိုထားပါသည်။IS အဖွဲ့၏ ကာလီဖိတ် နိုင်ငံတော်တည်ထောင်မည်ဟူသောအဆို ကို ကုလသမဂ္ဂ နေတိုး အစိုးရအဖွဲ့ပေါင်းမျာစွာ နှင့် အစ္စလာမ် ကမ္ဘာတို့မှလည်း ကန့်ကွက် ရှုံ့ချလျက်ရှိကြောင်းသိရပါသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, November 16, 2015
IS အကြောင်း တစေ့တစောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment