Tuesday, November 17, 2015

ဘယ်တော့အဆုံးသတ်မလဲ?

ဘယ်တော့အဆုံးသတ်မလဲ?
==================
သူရ နွယ်ဖွါး ညီငယ်တစ်ဦးကတော့ အသက်ပေးလှူ
သွားခဲ့ရပြန်ပြီတဲ့။ အိပ်ခါနီးတက်လာတဲ့
စစ်သတင်းတစ်ပုဒ်။

ကို ကိုယ်တိုင် လည်း သူရ ဖြစ်ခဲ့တာဖြစ်တဲ့
အတွက် ဒီညီငယ်အတွက် နှမြောစိတ်ဖြစ်ရသလို
တစ်ဖက်ကလည်း ဒီစစ်ပွဲ
တွေကို ရပ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့
မေးခွန်းတစ်ရပ်လည်း ခေါင်းထဲမှာ
ပေါ်ထွက်လာခဲ့တယ့်။

ဟိုရက်ပိုင်းတွေမှာလည်း ကြိုးကြားကြိုးကြားဆိုသလို
တစ်ယောက်စနှစ်ယောက်စ ကျဆုံးတဲ့သတင်းတွေ
ကြားနေရတဲ့အခါ့
တပ်မတော်အထဲမှာ နှစ်ပေါင်း ၂၀ ကျော်နေလာခဲ့တဲ့
စစ်သားစိတ်နဲ့ လူကိုယ်တိုင် သွားတိုက်ခိုက်ချင်စိတ်တွေ
ဖြစ်ရပေမယ့်လည့်း့။

အမှန်တကယ်တော့။

ဒီလိုတွေ့မဖြစ်သင့်ကြတော့ဘူ့း့
ကိုယ့်တိုင်းရင်းသားတွေ့သူ့ဘက်ကိုယ့်ဘက်
ဒီလိုအသက်တွေမရှုံးဆုံးသင့်ကြတော့ဘူ့း။

အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အသံတွေအောက်မှာ
ပေးဆပ်ခဲ့ရကြရတဲ့ ဒီလိုစစ်သားတွေရဲ့အသက်တွေ
ဘယ်လောက်များခဲ့ပြီလဲ့?

ဘယ်သူတွေမှာ တာဝန်ရှိသလဲ့.?ဘယ်သူတွေ
တာဝန်လစ်ဟင်းခဲ့ကြသလဲ့?စစ်သားတွေရဲ့အသက်တွေ့
တစ်ဖက်က တိုင်းရင်းသားတွေရဲ့အသက်တွေ့ရှေ့ဆက်
ဘယ်လောက်ပေးဆပ်ကြရဦးမလဲ့?ဆိုတာတွေလည်း
တွေးနေခဲ့မိတယ့်။

နိုင်ငံရေးကိုစစ်ရေးနဲ့ဖြေရှင်းနေကြသရွှေ့
ဒီလို စိတ်မချမ်းမြေ့စရာ ကြေကွဲဝမ်းနည်းဘွယ်ရာ အဖြစ်တွေ
ဆက်ကြားနေ မြင်နေရဦးမှာပါဘဲ့။

မပြေလည်တဲ့နိုင်ငံရေးပြသနာတွေအကြားမှာ
သူတို့သားကောင် မြေဇာပင် ဖြစ်နေကြရဦးမှာပါဘဲ့။
ဘယ်တော့ အဆုံးသတ်ကြမလဲ့
နောင် နှစ်ပေါင်း ဘယ်လောက်ကြာဦးမှာလဲ?

နှစ်ဘက်ကျဆုံးသူတွေကြောင့် ကျန်ရစ်သူမိသားစု
တွေရဲ့ သောကမျက်ရည်တွေ့ဘယ်လောက်
အိုင်ထွန်းခဲ့ပြီလဲ့?အဖ မဲ့ခဲ့ကြတဲ့သားသမီးတွေ့
လင်ယောကျာ်းဆုံးရှုံးခဲ့ရတဲ့ ဇနီးမယားတွေ
ဘယ်လောက်များခဲ့ကြပြီလဲ့.?

သူတို့ရဲ့ အပူမီးသောကတွေကို ဘယ်ရေအေးနဲ့
တိုက်ကျွေးဖော်စပ်ပေးကြမှာလဲ့?
နှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ?
အရင့်အရင်တုန်းကလည်း တိုက်ခဲ့ကြပြီးပြီ့
အခုလည်း တိုက်နေကြတုန်းဘဲ့
အကျိုးရလဒ်တွေက ဘာတွေများရခဲ့ကြလို့လဲ?

တိုင်းရင်းသားတွေ နေထိုင်တဲ့နိုင်ငံကြီး
ချမ်းသာကြီးပွားခဲ့ကြလို့လား?
သူများနိုင်ငံတွေထက် သာလွန်ခဲ့ကြလို့လား
ဘာ့အတွက် အကျိုးမရှိတဲ့လုပ်ရပ်တွေ
ဆက်လုပ်နေကြသလဲ့?

သူ့ဘက် ကိုယ့်ဘက် ပြဆိုကြတဲ့
အာ့း တွေကို
မှန်ကန်တဲ့ဘက် မှာ သုံးသင့်ကြပြီ့။
သူ့ဘက် ကိုယ့်ဘက် မြောက်ထိုးပင့်ကော်
စရိုက်အကျင့်ဆိုးတွေလည်း
ပြင်သင့်ကြပြီ့။

ဘယ်နိုင်ငံရေးသမားမှ လမ်းပေါ်မှာမသေဘူး ဆိုသလို့
သူ့ဘက် ကိုယ့်ဘက့်ဘယ်ဗိုလ်ချုပ်တွေမှ့စစ်ပွဲ
တွေအထဲ မှာ မသေကြဘူ့း။

သေကြေခဲ့ကြတဲ့သူတွေကတော့ ငယ်ရွယ်ပျိုမြစ်တဲ့
ရဲဘော်လေးတွေ-ဆရာ ဆရာကြှီးတွေ.ရှေ့တန်းကျကျ
ပါဝင်ရတဲ့ စစ်ဗိုလ် အငယ်လေးတွေဘဲ မဟုတ်ပါလား.
နိုင်ငံတော်ရဲ့ရေရှည် ခရီးမှာ ပခုံးပြောင်းတာဝန်
ထမ်းဆောင်ကြရမယ့်
နိုင်ငံ့သားကောင်းအရွယ်တွေဘဲ မဟုတ်လား။

ပြည်ပကျူးးကျော်စစ်မျိုးတွေအတွက့်
ကျနော်တို့ပြင်ဆင်ကြရမယ့်
သတ္တိတွေမွေးကြရမယ့်
မျိုးချစ်စိတ်တွေ ထက်သန်ရမယ့်
ကိုယ့်တိုင်းရင်းသားတွေအချင်းချင်းစည်းလုံးပြီး
တွန်းလှန်ဘို့ပေါင်းစု ပြင်ဆင်ရမယ့်
နွားကွဲရင် ကျားဆွဲရတာ လွယ်တယ့်
ဆွဲချင်နေတဲ့ကျားကတော့ ချောင်းနေမှာဖြစ်တဲ့အတွက်
ကိုယ်တိုင်းရင်းအားလုံးပေါင်းစည်းနေဘို့လိုပါတယ့်။

သတ္တိတွေကို မှန်ကန်တဲ့နေရာမှပြကြပါစို့ လို့
တိုင်းရင်းသားခါင်းဆောင်အပေါင်းနဲ့
စစ်ဗိုလ်ချုပ်ကြီးများအပေါင်းကို့
ရည်ရွယ်တိုက်တွန်းလိုက်ပါရစေ့။

ငြိမ်းချမ်းရေးကို မြတ်နိုးလွန်းစွာဖြင့်
စစ်သားဟောင်းတစ်ဦ့း


No comments: