Saturday, November 21, 2015

ပါးစပ်ခုံရုံးနှင့် ငမူးဝိနည်းဓိုရ် *************************

ပါးစပ်ခုံရုံးနှင့် ငမူးဝိနည်းဓိုရ်
*************************

သံဃာတွေထက် ဝိနည်း ပိုတတ်နေတဲ့သူတွေ
မြန်မာပြည်မှာ ပေါများလွန်းမှန်း
Fb သုံးမှ သိရတော့တယ်

သံဃာတွေထက် ဘာသာရေးပိုလိုက်စားတဲ့
သတ္တဝါတွေ များလွန်းမှန်း fbသုံးမှ သိရတော့တယ်

သံဃာတွေထက်  သတ္တလောကကြီးကို မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရား
ထားတတ်သူတွေ များလွန်းမှန်း
fbသုံးမှ သိရတော့တယ်

သံဃာတွေထက်  ပိဋကတ်အိုးကွဲတွေ ပိုများမှန်း
fb သုံးမှ သိရတော့တယ်

သံဃာတွေထက် သိက္ခာပုဒ်တွေ ပိုဆောက်တည်တဲ့ လူတွေ များလွန်းမှန်း
fb သုံးမှ သိရတော့တယ်

သူတို့ ပြောပြောနေတာ ဘာတဲ့ .....??? 

* ဘုန်းကြီးက ဘုန်းကြီးအလုပ်လုပ်
  ( ဘုန်းကြီးအလုပ်ဆိုတာ ဘာလဲ သိရဲ့လား )

* နိုင်ငံရေးလုပ်ချင်ရင် လူထွက်
(  ဟို အရင့်အရင်က အဲ့စကား ပြောပါလား )

* မဘသတွေဟာ ဘုန်းကြီးအတု
   သင်္ကန်းအရေခြုံ
( ၅ပါးသီလတောင်မလုံ  အာပုတ်စော်နံနေတဲ့ပါးစပ်က အပြော )

* ဘာညာသာရကာပါတီရဲ့ လက်ကိုင်ဒုတ်
   ( မဟုတ်ပါ  ဘုရားရှင်ရဲ့ လက်ကိုင်ဒုတ်ပါ )

* မဘသဟာ အပိုအလုပ်တွေပါ
   ( အနာဂတ်ကြရင် ပို / မပို သိလိမ့်မယ်
     ဓမ္မစကူလ်းတွေကို သင်တို့လှူဖူးသလား )

* သာသနာ ( 5000 ) ဘုရားဟောပြီးသား
   ( ဘယ်ဘုရားမှ မဟောခဲ့ပါ )

* အမျိုးစောင့်ဥပဒေဟာ လူ့အခွင့်အရေးနဲ့   မညီဘူး ( တိရိစ္ဆာန်အခွင့်အရေးနဲ့ ညီလိမ့်မယ် )

* HRW ကြေငြာစာတမ်းနဲ့ လွဲနေတယ်
   (  ထောက်ပြပါဆိုတော့ ယောင်ဝါးဝါး )

*

ဒါတွေ ဒါတွေ ...  ဖွဘုတ်လောကကြီးမှာ
ကြားမိ ဖတ်မိ ပါရဲ့ 

ဖြေရှင်းလိုက်ပါရစေ .....
မင်းတို့ စွပ်စွဲပြောသလို တစ်ခုမှ မဟုတ်ဘူးလို့
ငမဲဖွတိုင်း မယုံပါနဲ့လို့ 
ငမဲကြောင့် ငရဲကျမှာ စိုးရိမ်ပါ၏ လို့  ပြောပါရစေ

တကယ်တော့ ... 
မဘသသံဃာတွေဟာ အမုန်းခံ အိပ်စိုက်လူမိုက်
တကယ်တော့ ...
မဘသသံဃာတွေဟာ အဂတိမလိုက်သူ

တကယ်တော့ ...
မဘသသံဃာတွေဟာ အမျိုးသားရေးကို သစ္စာမဖောက်သူ 

တကယ်တော့ ...
တကယ်တော့ ...
တကယ်တော့ ...
တကယ်တော့ ...
တကယ်တော့ ...
မဘသသည်  ဖြူစင်ပါတယ် ။

အော် ... လူတွေ လူတွေ  လူတွေ
လေနဲ့ဝမ်း ကွဲအောင်လုပ်ကြပါ
ဝမ်းသွားတာကို လေလည်တယ်ထင်ပြီး
''' ဘူ ''' ကနဲ ပေါက်မိရင်  အဖတ်တွေ ပါလာပြီး
ပုဆိုးမနိုင်ပဝါမနိုင်  ဒုက္ခများပါလိမ့်မယ်

                                 အရှင်ရာဇိန္ဒ


No comments: