Sunday, November 22, 2015

IS ကိုတိုက်ခိုက်ဖို့ ဂျာမနီလည်း ပါဝင်လာနိုင်တယ်

IS ကိုတိုက်ခိုက်ဖို့ ဂျာမနီလည်း ပါဝင်လာနိုင်တယ်
Saturday, November 21, 2015

IS ကိုတိုက်ခိုက်ဖို့ ရုရှား၊ ပြင်သစ်တို့နှင့်အတူ ဂျာမနီလည်း လက်တွဲလာနိုင်ကြောင်း သိရပါတယ်၊ ပါရီအကြမ်း ဖက်တိုက်ခိုက်မှု ပြီးတဲ့နောက်မှာ IS တို့အပေါ် ရုရှား၊ ပြင်သစ်တို့ရဲ့ တိုက်ခိုက်မှုတွေ ပိုမိုမြှင့်တာလာ ရာမှာ ဂျာမနီလည်း ပါဝင်နိုင်တယ်လို့ ဂျာမန် သတင်းဌာန Spiegel က ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
အဲဒီဆောင်းပါးရဲ့ အဆိုအရတော့ IS ကိုတိုက်ခိုက်ဖို့ ဂျာမနီက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ(CDU) က ဂျာမနီအစိုးရထံသို့ ကနဦး အဆိုပြုခဲ့ခြင်းဖြစ်ပြီး “ ဂျာမနီအနေနဲ့ ISကို တိုက်ခိုက်ဖို့ ကျန်နိုင်ငံတွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ရမယ်”လို့  CDU အဖွဲ့ဝင်တဦးကို ကိုးကားပြီး ရေးသားထားပါတယ်။
ဂျာမနီ ပါဝင်ပတ်သက်ရမယ်ဆိုတဲ့ အိုင်ဒီယာကို တခြားသောနိုင်ငံတွေကလည်း ထောက်ခံမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဧရာဝတီ


No comments: