Monday, November 16, 2015

ရှမ်းလူမျိုးများ အများဆုံးနေထိုင်လျှက်ရှိသော မိုးညှင်းဒေသအား KIA မှ ချုပ်ကိုင်ရန်အတွက် ၎င်းဒေသတွင် တပ်မဟာ အသစ်ဖွဲ့စည်း =====================================

ရှမ်းလူမျိုးများ အများဆုံးနေထိုင်လျှက်ရှိသော မိုးညှင်းဒေသအား KIA မှ ချုပ်ကိုင်ရန်အတွက် ၎င်းဒေသတွင် တပ်မဟာ အသစ်ဖွဲ့စည်း
=====================================
16, November, 2015 By Voice Of Kachin

ရှမ်းလူမျိုးများ အများဆုံးနေထိုင်ပြီး ကချင်လူမျိုးအနည်းငယ်သာရှိသော မိုးညှင်းဒေသအား KIA မှ ရှမ်းမြောက်ရှိ တပ်မဟာ (၄) ကဲ့သို့ ရှမ်းလူမျိုးများအား ချုပ်ကိုင်ရန်အတွက် ၎င်းဒေသတွင် တပ်မဟာ (၈) ဆိုပြီး အစိုးရနှင့် သဘောတူစာချုပ်များကို စတင်ချိုးဖောက်ကာ အသစ်ထပ်မံ ဖွဲ့စည်း ခဲ့သည်။

ထိုသို့ တပ်မဟာ အသစ်ဖွဲ့စည်းခြင်းသည် KIA နှင့် အစိုးရတို့ (၂) ဘက် သဘောတူ ချုပ်ဆိုထားသော စာချုပ်များအား ချိုးဖောက်ခဲ့ပြီး ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကို မလိုလားပဲ ပျက်ပြားစေရန် အထူးပေါ်လွင်နေပါသည်။ ထိုဒေသသည်လည်း ကချင်အနည်းစုသာရှိပြီး ရှမ်းလူမျိုးအများဆုံးနေထိုင်ရာ အေးချမ်းတည်ငြိမ်နေသော ဒေသဖြစ်သည်။

KIA အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းလူမျိုးစုများ နေထိုင်ရာဒေသများတွင် ချုပ်ကိုင်ချယ်လှယ် စိုးမိုးရန်အတွက် တပ်မဟာသစ် တပ်ရင်းသစ်များကို တိုးချဲ့ဖွဲ့စည်း နေခြင်းကို ဒေသခံ ရှမ်းလူမျိုးများမှ လက်မခံကြကြောင်း၊ KIA မှ တပ်မဟာသစ် လာရောက်ဖွဲ့စည်းချိန်မှ စ၍ အေးချမ်းနေသော မိုးညှင်းဒေသအတွင်း လူသစ်ဆွဲ၊ ဆက်ကြေးကောက်၊ မြေမြုပ်မိုင်းဒဏ်များကို နေ့စဉ်နှင့်အမျှ ခံစားနေကြရသည်ဟု မိုးညှင်းဒေသခံ ဦးအိုက်စံ ပြောပြချက်အရ သိရသည်။


No comments: