Monday, November 16, 2015

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျှင် KIA မှ အဘယ်ကြောင့် တပ်မဟာသစ် တပ်ရင်းသစ် များအား တိုးချဲ့ပါသလဲ

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျှင် KIA မှ အဘယ်ကြောင့် တပ်မဟာသစ် တပ်ရင်းသစ် များအား တိုးချဲ့ပါသလဲ
====================================
16, November, 2015 By Voice Of Kachin

အေးချမ်းနေသော ရှမ်းတိုင်းရင်းသားလူမျိုးများ အများဆုံးနေထိုင်နေရာ မိုးညှင်းမြို့အား KIA မှ တပ်မဟာ (၈) ဟူ၍ အသစ်လာရောက်ဖွဲ့စည်းလိုက်ခြင်းကြောင့် မြို့ခံ ဒေသခံ ပြည်သူများ စိတ်ညစ်နေကြကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်တွင်လည်း KIA တပ်မဟာ (၄) ကြောင့် ရှမ်းလူမျိုးများနေထိုင်ရာ ရှမ်းရွာများ ပျက်ဆီးခဲ့ရသည်ဟု ရှမ်းမျိုးနွယ်စုဝင် ဦးအိုက်စိုင်းမှဆိုသည်။

“အမှန်တကယ် ငြိမ်ချမ်းရေးကို လိုလားတယ် ဆိုရင် KIA ဘာအတွက် တပ်မဟာသစ်တွေ တိုးချဲ့မှာလဲ၊ ဘာအတွက် တပ်ရင်းသစ်တွေ တိုးချဲ့မှာလဲ၊ နဂို အေးချမ်းပြီးသား ကျွန်တော်တို့ ဒေသမှာ ဘာကြောင့် KIA က တပ်မဟာသစ် လာဖွင့်သလဲ၊ ဘယ်သူတွေက နယ်လာချဲ့သလဲ ဆိုတာ ပြောစရာမလိုပါဘူး အကုန်သိတယ်၊ ဆိုတော့ အခု အသစ်တိုးချဲ့လာတဲ့ KIA တွေ လူပါးဝလို့ ဒေသခံတွေလဲ မကျေနပ်ဘူး၊ အဲ့တော့ အစိုးရ နယ်မြေခံတပ်တွေနဲ့ ထိပ်တိုက် တွေ့ကုန်ကြပြီ၊ ဒါတွေအားလုံးဟာ KIA မလုပ်လို့ ဘယ်သူလုပ်တာလဲ၊ သူတို့က နယ်မြေသစ် လာချဲ့သေးတယ် ပြီးတော့ အစိုးရတပ်က လာတိုက်တာပဲလို့ စွတ်စွဲနေသေးတယ်၊ တော်တော် အောက်တန်းကျတဲ့ လုပ်ရပ်ပါ၊ အခု မိုးညှင်းမှာ ပြည်သူ့စစ်တွေလဲ အင်အားတိုးချဲ့နေပါပြီ” ဟု ဦးအိုက်စိုင်းမှ သူ၏အမြင်အတိုင်း ဆက်လက်ပြောကြားထားသည်။


No comments: