Wednesday, November 18, 2015

ဓမ္မတာလာစဉ် ချစ်တင်းနှောခြင်းအကြောင်းသိကောင်းစရာများ

ဓမ္မတာလာစဉ် ချစ်တင်းနှောခြင်းအကြောင်းသိကောင်းစရာများ
ယောကျားအများစုဟာ မိန်းမတွေဓမ္မတာလာစဉ်မှာ ချစ်တင်းနှောရမှာကို သူတို့ကို တစ်နည်းနည်းနဲ့ ထိခိုက်မှာကို စိုးရိမ်နေတတ်ကြတယ်။ ဒီလိုဖြစ်နေစဉ်အတွင်းမှာ ချစ်တင်းနှောတာဟာ အန္တရာယ်မကင်းဘူးဆိုတာ လုံးဝမဟုတ်ပါလို့ တော့ သိထားသင့်ပါသည်။
၁။ STD လို့ ခေါ်တဲ့ လိင်မှ တဆင့်ကူးစက်ရောဂါ ဖြစ်မှာကိုပဲ စိုးရိမ်ရတာပါ။ အဲ့ဒီတော့ ထိုစဉ်အခါမှာ ချစ်တင်းနှောဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုရင် ကွန်ဒုံးသုံးပြီးတော့ အကာအကွယ်ယူထားဖို့ အရေးကြီးပါတယ်။
၂။ မိန်းမတွေဟာ ရာသီလာနေစဉ်မှာ ချစ်တင်းနှောလိုစိတ် ပိုပြင်းပြကြတယ်။
ဒီလိုစိတ်ပြင်းပြတဲ့ မိန်းမ တော်တော်များများရှိပါတယ်။ အခြေအနေပေးမှု အပေါ်မှာ ပဲ ကွာခြားသွားကြတာပါ။ သာမန်အားဖြင့်တော့ ကာမဆန္ဒပြင်းပြ လာတတ်ကြတယ်ဆိုတာပါပဲ။
၃။ ရာသီလာနေစဉ် ချစ်တင်းနှောခြင်းဟာ ဓမ္မတာမလာစဉ် ဖြစ်တတ်တဲ့
ရောဂါ လက္ခဏများကို သက်သာစေပါတယ်။
ချစ်တင်းနှောခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့ကျစေပါသည်။
ခေါင်းကိုက်ခြင်း စိတ်ဆိုးမာန်ဆိုး စိတ်မပါလက်မပါ စတဲ့ ရောဂါ လက္ခဏများကို သက်သာစေပါသည်။ ဒါတွေဟာ ရာသီလာစဉ်မှာ ချစ်တင်းနှော သင့်တယ် ဆိုတဲ့ လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုပါ။
၎။ ရာသီလာစဉ်မှာ ချစ်တင်းနှောရင် ကိုယ်ဝန်ရှိနိုင်သေးတယ်ဆိုတာပါပဲ။
အရင်က မှားနေတဲ့ အယူအဆတစ်ခုပါ။ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတာတယ်လေ။ မိန်းမအများစုဟာ ရာသီလာပီး ၁၄ ရက်အကြာမှာ မျိုးအောင်ပြီး သားဥကြွေတဲ့ အချိန်ဖြစ်လို့ ကိုယ်ဝန်နိုင်သေးတယ်။ ဒီတော့
အကာအကွယ်နဲ့ ဆက်ဆံတာဟာ အကောင်းဆုံးပါပဲ။
ဒါ့ကြောင့် ဓမ္မတာလာစဉ်မှာ ဆက်ဆံခြင်းဟာ နှစ်ဦးစလုံးအတွက် အနံ့ဆိုးများနဲ့ ညစ်ပေခြင်းကို ခံနိုင်ရင် အရသာအားဖြင့် ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ အသန့်ကြိုက်သူများအတွက်တော့ အဆင်မပြေပါဘူး။
ကာမသုတေသီ


2 comments:

Boy lay said...

ရာသီလာတဲ့အချိန်​ ဆက်​ဆံမိလို့​တား​ဆေးသုံးရင်​ကိုယ်​ဝန်​ရနိုင်​​ခြေရှိပါသလား

Boy lay said...

ရာသီလာတဲ့အချိန်​ ဆက်​ဆံမိလို့​တား​ဆေးသုံးရင်​ကိုယ်​ဝန်​ရနိုင်​​ခြေရှိပါသလား