Showing posts with label အဓမ္မပြုကျင့်မှု့. Show all posts
Showing posts with label အဓမ္မပြုကျင့်မှု့. Show all posts

Sunday, October 2, 2016

အဓမ္မပြုကျင့်ခံရသူကို ကယ်တင်မည်ဟုဆိုကာ ဒုတိယ အကြိမ် အဓမ္မပြုကျင့်ခဲ့သူဟု စွပ်စွဲခံရသူကို လူမှုဝန်ထမ်း က တရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပထမအကြိမ် ခဲအိုဖြစ်သူက အဓမ္မပြုကျင့်ခံခဲ့ရသူ မ----အသက်၁၄နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦးကို မွေးစားမည်ဟု ဆိုကာ ပရဟိတကျောင်းထူထောင်သူက ခေါ်ယူထားပြီး အဓမ္မပြုကျင့်မှုနှစ်ကြိမ် လုပ်ခဲ့သည်ဟုဆိုကာ စွပ်စွဲခံရသူကျော်နိုင်ဦးအသက်၄၄နှစ်ကို စက်တင်ဘာလ ၂၈ရက်နေ့တွင် စလင်းမြို့နယ် တရားရုံးနှင့် စလင်းမြို့နယ် ရဲစခန်းတို့တွင် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့်လစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူလေးမှာ ခဲအိုဖြစ်သူက အဓမ္မပြုကျင့်ခံခဲ့ရသည်ဟုဆိုကာ မင်းဘူးခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ အမှုဖြစ်စဉ်ကြောင့် အဓမ္မပြုကျင့်ခံခဲ့ရသော မိန်းကလေးနေထိုင်ရာ ကျေးရွာနှင့် ကလေးပတ်ဝန်းကျင်တွင် သတင်းပြန့်နှံ့သွားခဲ့မှုကြောင့် ကလေးငယ်ကို ကယ်တင်ရန်ဟုဆိုကာ ပရဟိတဟုဆိုကာ ကျောင်းတစ်ကျောင်းတည်ထောင်ထားသူမှ ကလေးကို ခေါ်ယူမွေးစားခဲ့သည်။ ကလေးငယ်ကို မွေးစားထားခဲ့ပြီးနောက် နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အတူနေ အခြားကလေးနှစ်ဦးအတူ နေထိုင်ရာကျေးရွာများသို့ ထွက်ပြေးခဲ့သည်ဟု မိန်းကလေးငယ်က လူမှုဝန်ထမ်းအရာရှိများထံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်ကို မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ပေးနေသော ရဟန်းတော် တစ်ပါးက လာရောက် သတင်းပေးခဲ့မှုကြောင့် ယင်းလူမှုဝန်ထမ်းအရာရှိများက ကလေးထံသို့ စက်တင်ဘာလ၁၁ရက်နေ့တွင် သွားရောက်ခဲ့ပြီး အတိအကျ သတင်းမေးမြန်းမှု ပြုလုပ်ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ရှိသူအဆင့်ဆင့်ကိုတင်ပြထားသည်။ထိုပရဟိတကျောင်း တွင်အရွယ်စုံမိန်းကလေးများလည်းရှိသည်။

ထိုမိန်းကလေးငယ်မှာ ပထမအကြိမ် ပြုကျင့်ခံခဲ့ရချိန်တွင်လည်း အပျိုဖော်မ၀င်သေးသလို ယခုဒုတိယအကြိမ် အဓမ္မပြုကျင့်ခဲ့ချိန်တွင်လည်း အပျိုဖော်မ၀င်သေးကြောင်းလည်း သိရသည်။ ယခုလက်ရှိတွင် မင်းဘူးခရိုင်တရားရုံးတွင်ပထမအမှုကို ရင်ဆိုင်နေရချိန်တွင် နောက်တစ်ဦးက အဓမ္မပြုကျင့်ခံခဲ့ရသောကြောင့် မိန်းကလေးငယ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေရသည်ဟုအဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှစ်ဦးကပြောသည်။  လာမည့် အောက်တိုဘာလ၁၀ရက်နေ့ ပထမအမှု ရုံးချိန်သည်လည်း စာမေးပွဲစစ်ချိန်နှင့် တိုက်ဆိုင်နေသည်။ ဒုတိယအကြိမ် အဓမ္မပြုကျင့်ခဲ့သည် စွပ်စွဲခံရသော ပရဟိတကျောင်း တည်ထောင်သူကို စလင်းမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၇၆ဖြင့် အမှုဖွင့်လစ်ပြီး ရဲလုပ်ငန်းအရဆက်လက်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Credit Nanda Kyaw Swar ↪Lwin Oo

Wednesday, September 28, 2016

ရေကြည်မြို့နယ် ကွမ်းသီးကုန်းကျေးရွာတွင် အဓမ္မပြုကျင့်မှုကြောင့် ပထမတန်းကျောင်းသူသေဆုံး


 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကွမ်းသီး ကုန်းကျေးရွာရှိ ကြယ်နီသုံးလုံး နှစ်ရှည်ပင်စိုက်ပျိုးခြံအတွင်း စက်တင်ဘာ (၂၆)ရက် ည(၇) နာရီအချိန်မှာ စက်စက်ယိုအခြေခံပညာမူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ပထမတန်း ကျောင်းသူ မလှသူဇာဝေ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

 စက်တင်ဘာ(၂၆)ရက် ည(၇)နာရီခွဲအချိန် ကုန်းပြင်နယ်မြေရဲစခန်းမှာ ဒုရဲအုပ်ဝင်းမြင့်ရှိနေစဉ် ရေကြည်မြို့နယ်၊ ကက္ကူကြီး ကျေးရွာအုပ်စု၊ ကွမ်းသီးကုန်းကျေးရွာနေ ဦးရွှေနီရောက်ရှိလာပြီး သူ့ရဲ့မြေးဖြစ်သူ မလှသူဇာဝေကျောင်းဆင်းချိန်ကျော်လွန်ပေမယ့်လည်း ပြန်မရောက်လာ တဲ့အတွက်ကူညီရှာဖွေပေးဖို့လာရောက်ပြောကြားချက်အရစက်စက်ယိုကျေးရွာက ရပ်မိရပ်ဖဦးပေါက်တူး၊ ဦးအန်းတို့နဲ့အတူ သတင်းစုံစမ်းရှာဖွေရာမှာ မလှသူဇာဝေကို ကျောင်းဆင်းချိန်မှာအကိုဝမ်းကွဲတော်စပ်သူမိုးဇော်ဦးမှ ခေါ်ဆောင်သွားကြောင်းသတင်းရရှိတဲ့အတွက်မိုးဇော်ဦးကိုခေါ်ယူစစ်ဆေးရာ ငွေကြေးအခက်အခဲရှိတဲ့အတွက်ဇနီးဖြစ်သူမ၀င်းလဲ့ဇင်နဲ့တိုင်ပင်ပြီးညီမ၀မ်းကွဲတော်သူမလှသူဇာဝေကျောင်းဆင်းချိန်မှာ သွားရောက်စောင့်ခေါ်ကာ နားဆွဲယူဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။


အဲဒီနောက် ကျောင်းဆင်းချိန်မှာ မိုးဇော်ဦးဟာ ဇနီးဖြစ်သူနဲ့အတူကျောင်းကိုသွားကာ စောင့်ခေါ်ခဲ့ပြီးနောက် ဇနီးဖြစ်သူကိုကားလမ်းမှာစောင့်ခိုင်းခဲ့ပြီးမလှသူဇာဝေကိုကြယ်နီသုံးလုံးနှစ်ရှည်ပင်စိုက်ခြံအတွင်း ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

 ဆက်လက်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူ မိုးဇော်ဦးက မလှသူဇာဝေကို လည်ပင်းညစ်ပြီး သားမယားအဖြစ်ပြုကျင့်စဉ်သေဆုံးသွားတဲ့အတွက် နားဆွဲ(၁)စုံခန့်မှန်း တန်ဖိုး(၈၀၀၀)ကျပ်ခန့်ကိုချွတ်ယူပြီးအလောင်းကိုခြံအတွင်းရှိ မြောင်းအတွင်းထားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

မလှသူဇာဝေကိုလည်ပင်းညစ်ကာ သားမယားအဖြစ်ပြုကျင့်ပြီး နားဆွဲ(၁)စုံအားချွတ်ယူသူ မိုးဇော်ဦးနဲ့ မ၀င်းလဲ့ဇင်နှစ်ဦးတို့ကိုဒုရဲအုပ်ဝင်းမြင့်ကတရားလိုပြုလုပ်တိုင်တန်းခဲ့တဲ့အတွက် စက်တင်ဘာ(၂၆)ရက် ည(၁၁)နာရီအချိန်မှာ ကုန်းပြင်နယ်မြေရဲစခန်း(ပ)၆၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၇၆/၃၉၂/ ၁၁၄(အမှုကြီးအမှတ်စဉ် ၁/၂၀၁၆)နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မင်းဇော်ဦး(ရေကြည်)ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau