Sunday, October 2, 2016

အဓမ္မပြုကျင့်ခံရသူကို ကယ်တင်မည်ဟုဆိုကာ ဒုတိယ အကြိမ် အဓမ္မပြုကျင့်ခဲ့သူဟု စွပ်စွဲခံရသူကို လူမှုဝန်ထမ်း က တရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပထမအကြိမ် ခဲအိုဖြစ်သူက အဓမ္မပြုကျင့်ခံခဲ့ရသူ မ----အသက်၁၄နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦးကို မွေးစားမည်ဟု ဆိုကာ ပရဟိတကျောင်းထူထောင်သူက ခေါ်ယူထားပြီး အဓမ္မပြုကျင့်မှုနှစ်ကြိမ် လုပ်ခဲ့သည်ဟုဆိုကာ စွပ်စွဲခံရသူကျော်နိုင်ဦးအသက်၄၄နှစ်ကို စက်တင်ဘာလ ၂၈ရက်နေ့တွင် စလင်းမြို့နယ် တရားရုံးနှင့် စလင်းမြို့နယ် ရဲစခန်းတို့တွင် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့်လစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူလေးမှာ ခဲအိုဖြစ်သူက အဓမ္မပြုကျင့်ခံခဲ့ရသည်ဟုဆိုကာ မင်းဘူးခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ အမှုဖြစ်စဉ်ကြောင့် အဓမ္မပြုကျင့်ခံခဲ့ရသော မိန်းကလေးနေထိုင်ရာ ကျေးရွာနှင့် ကလေးပတ်ဝန်းကျင်တွင် သတင်းပြန့်နှံ့သွားခဲ့မှုကြောင့် ကလေးငယ်ကို ကယ်တင်ရန်ဟုဆိုကာ ပရဟိတဟုဆိုကာ ကျောင်းတစ်ကျောင်းတည်ထောင်ထားသူမှ ကလေးကို ခေါ်ယူမွေးစားခဲ့သည်။ ကလေးငယ်ကို မွေးစားထားခဲ့ပြီးနောက် နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အတူနေ အခြားကလေးနှစ်ဦးအတူ နေထိုင်ရာကျေးရွာများသို့ ထွက်ပြေးခဲ့သည်ဟု မိန်းကလေးငယ်က လူမှုဝန်ထမ်းအရာရှိများထံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်ကို မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ပေးနေသော ရဟန်းတော် တစ်ပါးက လာရောက် သတင်းပေးခဲ့မှုကြောင့် ယင်းလူမှုဝန်ထမ်းအရာရှိများက ကလေးထံသို့ စက်တင်ဘာလ၁၁ရက်နေ့တွင် သွားရောက်ခဲ့ပြီး အတိအကျ သတင်းမေးမြန်းမှု ပြုလုပ်ခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ရှိသူအဆင့်ဆင့်ကိုတင်ပြထားသည်။ထိုပရဟိတကျောင်း တွင်အရွယ်စုံမိန်းကလေးများလည်းရှိသည်။

ထိုမိန်းကလေးငယ်မှာ ပထမအကြိမ် ပြုကျင့်ခံခဲ့ရချိန်တွင်လည်း အပျိုဖော်မ၀င်သေးသလို ယခုဒုတိယအကြိမ် အဓမ္မပြုကျင့်ခဲ့ချိန်တွင်လည်း အပျိုဖော်မ၀င်သေးကြောင်းလည်း သိရသည်။ ယခုလက်ရှိတွင် မင်းဘူးခရိုင်တရားရုံးတွင်ပထမအမှုကို ရင်ဆိုင်နေရချိန်တွင် နောက်တစ်ဦးက အဓမ္မပြုကျင့်ခံခဲ့ရသောကြောင့် မိန်းကလေးငယ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေရသည်ဟုအဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှစ်ဦးကပြောသည်။  လာမည့် အောက်တိုဘာလ၁၀ရက်နေ့ ပထမအမှု ရုံးချိန်သည်လည်း စာမေးပွဲစစ်ချိန်နှင့် တိုက်ဆိုင်နေသည်။ ဒုတိယအကြိမ် အဓမ္မပြုကျင့်ခဲ့သည် စွပ်စွဲခံရသော ပရဟိတကျောင်း တည်ထောင်သူကို စလင်းမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၇၆ဖြင့် အမှုဖွင့်လစ်ပြီး ရဲလုပ်ငန်းအရဆက်လက်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Credit Nanda Kyaw Swar ↪Lwin Oo

No comments: