၂၈-၁၀-၂၀၁၆
(၂၇-၁၀-၂၀၁၆)ရက်နေ့(၁၉၀၀)အချိန် မြိတ်ခရိုင် မှုခင်းအကူအဖွဲ့မှရဲအုပ်ခင်မောင်အေး၊ အမှတ်(၂)နယ်မြေရဲကင်းမှူး ဒုရဲအုပ်ကျော်ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြိတ်မြို့၊ ကန်ခေါင်း ရပ်ကွက်၊ ပန်းဝတ်ရည်လမ်းရှိ တိမ်လွှာထွန်း တည်းခိုခန်းတွင် ဘင်္ဂါလီ(၃)ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ တည်းခိုခန်း၊ ဒုတိယအထပ်၊ အခန်းအမှတ်(C -2)၌ တည်းခိုနေ သော ဒေါ်သီတာ(ခ)ဆာဘူဒါ၊(၄၇)နှစ်၊(ဘ)ဦးမောင်တင်(ခ)ဂျမား၊ ကျူ လီရာ / အစ္စလာမ်၊ ၁၂/ ဒဂတ (ယ)၀၀၇၃၉၂၊ မှီခို၊ အမှတ် -၆၄၅၊ ရွှေဝါထွန်း(၂)လမ်း၊ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါ်သန်းသန်းအေး(ခ)ဂျွန်မာဘီ(၄၉)နှစ်၊ (ဘ)ဦးအဒူဂျာဗား၊ ဘင်္ဂါလီ/အစ္စလာမ်၊ ၁၂/ဒဂတ(ယ) ၀၁၁၆၁၉၊ မှီခို၊ အမှတ်(၇၂၂)၊ ရွှေဝါထွန်းလမ်းသွယ်၊ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် မဆာဂျီဒါ (ခ) မရွှေစင်(၂၀)နှစ်၊ (ဘ)ဦးရှော်ရာအာလီ(ခ) ဦးရွှေလာ၊ ကရင်/အစ္စလာမ်၊ မှီခို၊ အမှတ်(၆၄၅)၊ ရွှေဝါထွန်း(၂)လမ်း၊ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနေထိုင်သူတို့(၃)ဦး အား တွေ့ရှိခဲ့ရပါသည်။
၎င်းတို့(၃)ဦးသည်(၂၆-၁၀-၂၀၁၆)ရက်နေ့ (၁၇၀၀)အချိန် ရန်ကုန်မြို့မှ မြိတ်မြို့သို့ "အောင်ရတနာ" ခရီးသည်တင်မှန်လုံမော်တော်ယာဉ်ဖြင့် လိုက်ပါလာကာ (၂၇-၁၀-၂၀၁၆)ရက်နေ့(၁၅၀၀)အချိန့် မြိတ်မြို့ရှိ "တိမ်လွှာထွန်း"တည်းခိုခန်းသို့ရောက်ရှိခဲ့ကြောင်း၊ (၂၈-၁၀-၂၀၁၆)ရက်နေ့တွင် တနင်္သာရီ မြို့နယ်သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့်ဆက်လက်ထွက်ခွာရန်စီစဉ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၄င်းတို့ (၃)ဦးသည် ၁၉၅၁ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ-၂၉(၁)ကိုဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် ၁၉၄၉ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၆(၂)၊ ၆ (၃)အရအရေးယူဆောင်ရွက်ပေးရန် (၂၈-၁၀-၂၀၁၆) ရက်နေ့ (၁၀၀၀)အချိန် မြိတ်မြို့နယ်လ၀ကမှူး ဦးမျိုးမင်းအောင် မှ မြိတ်မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားတရား စွဲခဲ့ရာ မြိတ်မြို့နယ် တရားရုံးမှ ရာကြီးအမှုအမှတ်၊ ၂၃၁၉/၂၀၁၆ဖြင့်လက်ခံပြီး မြို့နယ်တရားသူကြီး ဦးမျိုးဝင်းမှ လက်ခံစစ်ဆေး လျှက်ရှိကြောင်းသိရှိ ရပါသည်။
မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ
No comments:
Post a Comment