Sunday, October 30, 2016

ကျောင်းကုန်းမြို့တွင် အလေးချိန် ၁၂ ပိဿာကျော်ရှိ စပါးအုံး မြွေကြီးတစ်ကောင် ဖမ်းဆီးရမိ


ကျောင်းကုန်း၊ အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခ ကျေးရွာ အုပ်စု၊ ကန်ဒေါင့် အခြေခံပညာ မူလတန်း လွန်ကျောင်း နောက်ဘက် ရိုးချောင်းအနီး စပါးအုံး မြွေကြီး တစ်ကောင်ကို အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်ခန့် ဖမ်းဆီးရမိခဲ့သည်။

ယနေ့ တနင်္ဂနွေနေ့တွင် ဓမ္မစကူးလ်သင်တန်း ဖွင့်လှစ်သင်ကြားနေသော ကန်ဒေါင့် အ.မ.က မူလွန်ကျောင်းမှ အထွေထွေ လုပ်သားဦးဝင်းရွှေ သည် ရိုးချောင်းမှ လယ်ကွင်း ဘက်သို့တက်လာသော စပါးအုံးမြွေကြီး ကိုမြင်တွေ့ ခဲ့ပြီး ရွာသားများနှင့်ဝိုင်းဝန်း ရိုက် သဖြင့် သစ်ပင်ပေါ်တက်ပြေးရာ သစ်ကိုင်း အား ဓားဖြင့်ခုတ်ပြီး ဝိုင်းဝန်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

မူလွန်ကျောင်းအုပ် ဆရာကြီး ဦးလှထွန်းမှ ကျောင်းကုန်းမြို့ အမှတ် ၁ ရပ်ကွက်နေ ဦးဝင်းထိုက်အား ဆက်သွယ် အကြောင်းကြားသဖြင့် ဦးဝင်းထိုက် မှ ကျောင်းကုန်းမြို့ နယ် ပြန်/ဆက်ဦးစီးဌာနမှ ဓာတ်ပုံ ကျွမ်းကျင်(၂) ဦးဝင်းကြိုင် အား ဖုန်းဖြင့် ဆက်သွယ် လာ သဖြင့် သစ်တောဦိးစီး ဌာန တော အုပ် ဦးကျော်ကျော်ဝင်း ထံဆက်သွယ်၍ အပ်နှံ လိုက် ကြောင်းနှင့် ရေကြည်မြို့ နယ်ရှိ ဦးစီးအရာရှိထံ ဆက်သွယ်၍ အနောက်ရိုးမ တောထဲသို့ ပို့ဆောင်ပေး မည်ဟု ဦးကျော်ကျော်ဝင်း က ပြောသည်။ အဆိုပါ စပါးအုံး မြွေကြီးသည် အရှည် ၇ တောင့်ထွာ၊ လုံးပတ် ၁၃ လက်မခွဲ နှင့် အလေးချိန် ၁၂ ပိဿာ ၅၀ သားရှိကြောင်း ဒေသခံ တစ်ဦးကပြောသည်။

ကျောင်းကုန်း (ပြန်/ဆက်)

No comments: