Showing posts with label လူလိမ်များ. Show all posts
Showing posts with label လူလိမ်များ. Show all posts

Sunday, October 2, 2016

အိမ်အကူလုပ်ရမည်ဟုဆိုကာ အသက်မပြည့်သူမိန်းကလေးငယ်ကို ပြည့်တန်ဆာအဖြစ်စေခိုင်းသူအမျိုးသားကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးအရေးယူ

 


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တဦးကို အိမ်အကူအဖြစ်ခေါ်ဆောင်ခဲ့ပြီး ပြည်တန်ဆာလုပ်ခိုင်းသူအမျိုးသားတဦးအား စက်တင်ဘာ ၂၉ ရက်နေ့က လူကုန်ကူးမှုဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သူလေးဦးကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ သိရသည်။

အမှုဖြစ်စဉ်မှာ ရှမ်းချောင်းရွာနေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က မိဘများမရှိခိုက် တရွာတည်းနေ ဒေါ်ဌေးနှင့် မစန်းဌေးဆိုသူတို့က ဘုရင့်နောင်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ပါက ကျပ် သုံးသောင်းရရှိမည်ဟုပြောဆိုစည်းရုံးသဖြင့် သဘောတူခဲ့ကြောင်း၊ ထို့နောက် ၄င်းတို့က မ ….(၁၅)နှစ်အား ဘုရင့်နောင်ပွဲရုံ ငုဝါလမ်းရှိ တိုက်ခန်းတခုအတွင်းခေါ်ဆောင်ကာ ဇော်မျိုးဦး ဆိုသူထံတွင် အလုပ်အပ်ပေးခဲ့သည်ဆိုသည်။ ထိုသို့အပ်ပေးပြီးနောက် ဇော်မျိုးဦးဆိုသူထံမှ ငွေကျပ်တသိန်းခွဲကို ဒေါ်ဌေးနှင့် မဇင်မာမြင့်ဆိုသူတို့ကထုတ်ယူသွားပြီး မ ..(၁၅)နှစ်ကို ထားခဲ့သည်။

ထို့နောက် ဇော်မျိုးဦးက မ ..(၁၅)နှစ်အား ပြည့်တန်ဆာအလုပ်လုပ်ရမည်ဖြစ်ကြောင်းပြောသဖြင့် မ ..(၁၅နှစ်) က မလုပ်နိုင်ကြောင်းပြောဆိုရာ ငွေကျပ် တသိန်းခွဲထုတ်ယူထားပြီးဖြစ်သဖြင့် ယင်းပိုက်ဆံပြန်ရမှသာ ပြန်နိုင်ကြောင်းပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

မ..(၁၅)နှစ်၏ငြင်းဆန်မှုကြောင့် ပြည့်တန်ဆာအလုပ်ကို မလုပ်ရသော်လည်း အနှိပ်ခန်းအတွင်းနေထိုင်စဉ်ကာလ လုပ်အားခမရရှိခဲ့ဘဲ ယခုလိုရဲတပ်ဖွဲ့လာရောက်စစ်ဆေးမှသာ အဖြစ်မှန်ကိုပြောပြနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အိမ်အကူအလုပ်ရမည်ဟုဆိုကာအနှိပ်ခန်းသို့ပို့ဆောင်ခဲ့သည့် ဒေါ်ဌေးဆိုသူကို ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သည့် ကျန်လေးဦးကို လှိုင်သာယာ မြို့မရဲစခန်းက ပ ၂၀၉၁/၁၆ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ထားကြောင်း သိရသည်။

ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Thursday, September 29, 2016

(လိမ်နည်းအသစ်)


BREAKING NEWS.....
မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀) ဧဒင်နှင်းဆီတိုက် ၁၀၁လမ်း (ယခုပုံပါတိုက်)၅လွာနှစ်ခန်းတွဲကို အထောက်အထားပြည့်စုံစွာဖြင့် ကျနော် ဦးဖိုးဝကြီးက ပိုင်ဆိုင်ပါ၏. ပီးခဲ့တဲ့လတွင် အိမ်ဦးခန်းကို သိန်း၄၁၀ဖြင့် ရောင်ချခဲ့ပီး ကျန်တစ်ခန်းကို လူမနေပဲသော့ခပ်၍ပိတ်ထားခဲ့ပါသည်။ယနေ့မနက်တွင် အဆိုပါအခန်းကို
ဌားရမ်းသူကသန့်ရှင်းရေးလုပ်နေသည်ကို အိမ်နီးချင်းဖြစ်သူကမြင်ရ၍ အခန်းအရောင်း အဝယ်ဖြစ်နေပီထင်၍  ကျနော်ထံဖုံးဆက်ကာစုံစမ်းတော့မှ ကျနော်အခန်းကို သူစိမ်းများဝင်ရောက်နေသည်ကိုသိရပါတော့သည်။

ယခုဖြစ်ပေါ်နေသောပြသာနာမှာ မသမာသူ လူလိမ်ပွဲစားတစ်ဦးက ထိုအခန်း၏သော့ကိုဖျက်ပီး သော့သစ်ခတ်ကာ သူပိုင်အခန်းလုပ်၍ စဘော်သိန်း၅၀ယူကာ အခြားသူတစ်ဦးအားလိမ်ညာဌားရမ်းခဲ့ကြောင်းသိရပါသည်။
ကျနော်မန်နေဂျာ ဦးဝင်းမောင်သည် ပုံတွင်မြင်ရသည့်အတိုင်း ၎င်းကိစ္စကိုဖြေရှင်းနေရပါသည်။
(သင်ခန်းစာယူရန် postတင်ရခြင်းဖြစ်၏)