Friday, November 17, 2017

သားဖြစ်သူက မိဘ၂ပါးကိုဓားဖြင့်ခုတ်


ရန်ကုန်၊နိုဝင်ဘာ ၁၆

ယမန်နေ့ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်တွင် ဓားခုတ်မှုတစ်ခုဖြစ်ခဲ့သည်။

အဆိုပါရပ်ကွက်နေ ကျော်သူဟိန်း(၂၇)နှစ်မှ ဖခင်ဖြစ်သူ ဦးတင်ဝင်း(၆၅)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်မြင့်ဦး(၆၀)နှစ်တို့ကို ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ငါးထောင်သည့်ပိုက်ဝယ်ရန် ပိုက်ဆံတောင်းစဉ် မပေးနိုင်ကြောင်းပြောဆိုခဲ့သည်ကို မကျေနပ် သောကြောင့် အရှည်(၁)ပေခန့်ရှိ ဓားမဖြင့် ခုတ်ခဲ့သည်ဟု ရဲထံထွက်ဆိုထားသည်။

ဦးတင်ဝင်းနှင့် ဒေါ်မြင့်ဦးတို့တွင် ပြတ်ရှ ဒဏ်ရာများရရှိခဲ့၍ ကျော်သူဟိန်း ကို ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းက
ရာဇသတ် ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူထားသည်။

PN
Popular

No comments: