Showing posts with label စပါး. Show all posts
Showing posts with label စပါး. Show all posts

Sunday, October 16, 2016

ဒေသစုံ မိုးစပါးပေါ်ချိန်တွင် အာဖရိက၊ ဥရောပ ဈေးကွက်သို့ တစ်လ ဆန်တန်ချိန် ငါးသောင်းကျော် ရောင်းနိုင်ဖွယ်ရှိဟုဆို


ရိတ်သိမ်းခြွေလှေ့ပြီးသော စပါးများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 တရုတ်နိုင်ငံမှ အ၀ယ်မ ရှိသော်လည်း ဒေသစုံမှ မိုးစပါး ပေါ်ထွက်ချိန်တွင်အာဖရိက၊ ဥ ရောပနိုင်ငံများသို့ ပင်လယ်ရေ ကြောင်းမှ တစ်လဆန်တန်ချိန်ငါး သောင်းနှင့်အထက် ရောင်းချနိုင် မည်ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြား သည်။

အာဖရိကနိုင်ငံများသို့ ဒီဇင် ဘာကစတင်ပြီး မိုးရာသီမတိုင်မီအထိ ဆန်တန်ချိန် နှစ်သိန်းခန့် ရောင်းချနိုင်မည်ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လက်ရှိတွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့် တက်နေခြင်းကြောင့် နိုင်ငံတကာ ဈေးကွက်၌ ပါကစ္စတန်၊ ဗီယက်နမ်နိုင်ငံတို့မှ ဆန်နှင့် မြန်မာဆန်ကို ယှဉ်ပြိုင်ရောင်းနိုင်ကြောင်း ဦးလူမော်မြင့်မောင်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဆန်ရောင်းချမှု သည် ယခင်က တစ်ရက်လျှင်ဆန် တန်ချိန်သုံးထောင်မှ ခုနစ်ထောင် အကြား ရောင်းချခဲ့သော်လည်း လက်ရှိတွင် တန်ချိန်ငါးရာခန့်ကို ပင်ရောင်းချရန်မလွယ်ကူဟုဆို သည်။

‘‘တရုတ်ကဆန်ကို အရမ်း ဖမ်းနေတော့ ဟိုဘက်ကကုန် သည်တွေကလည်း မ၀ယ်ရဲဘူး’’ ဟု မူဆယ်မြို့မှ ကုန်သည်ဦးမင်း သိန်းကပြောသည်။

တရုတ်နိုင်ငံတွင် နိုင်ငံတော် မှ ၀ယ်ယူစုဆောင်းထားသည့်ဆန် ပမာဏသည်တန်ချိန်သန်းချီကျန် ရှိနေခြင်းကြောင့် ပြည်ပမှ ဆန်အ ၀ယ်ကို လျှော့ချနေခြင်းဖြစ်နိုင် သည်ဟု ဆန်ကုန်သည်အချို့က ဆိုသည်။

တရုတ်နိုင်ငံမှ ဆန်အ၀ယ် လျှော့ချခြင်းကြောင့် ယခုနှစ်မိုးစ ပါးပေါ်ချိန်တွင် စပါးဈေးလျော့ ကျမည်ကို လယ်သမားအချို့က စိုးရိမ်နေသည်။ လယ်သမားများသည် ယခုနှစ်မိုးစပါးစိုက်ပျိုးချိန်တွင် ဓာတ်မြေသြဇာဈေးကြီးမှု၊ လယ်ယာလုပ်သားခဈေးမြင့် တက်လာမှု၊ အထွေထွေကုန်ဈေး နှုန်းကြီးမြင့်မှုတို့ကြောင့် စပါးတင်း တစ်ရာလျှင် အနည်းဆုံးကျပ်လေး သိန်းကျော်ရရှိမှ အရင်းကျေမည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမားဦးသိန်းအောင်ကပြောသည်။

မိုးစပါးအသစ်ပေါ်ရန် တစ် လကျော်အလိုတွင် ကမ္ဘာ့ဈေး ကွက်၌ ဆန်ဈေးကျဆင်းနေခြင်း သည် ပြည်တွင်းဈေးကွက်တွင် စ ပါးဈေးကျဆင်းမည့် အခြေအနေ မျိုးဖြစ်နေသည်ဟု ကုန်သည်အ ချို့က စိုးရိမ်သည်။ ငွေလဲနှုန်းမြင့်တက်ခြင်းကြောင့် မိုးစပါးပေါ်ချိန်တွင် စပါးဈေးများစွာမကျဆင်းနိုင်ဟု ကုန်သည်အချို့က ခန့်မှန်းသည်။

လက်ရှိမိုးစပါးအသစ်များ သည် စိုထိုင်းဆမြင့်နေခြင်း ကြောင့် တင်းတစ်ရာလျှင် ကျပ် သုံးသိန်းခုနစ်သောင်းခန့်ရှိသော် လည်း စိုထိုင်းဆ ၁၄ရာခိုင်နှုန်းရှိ သောစပါးများသည် တင်းတစ်ရာ လျှင် ကျပ်လေးသိန်းသုံးသောင်း ဈေးရှိသည်ဟုသိရသည်။