Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Thursday, October 13, 2016

ရခိုင်ပြည်နယ်သတင်း နိုင်ငံတကာက သိစေနိုင်ဖို့ သမ္မတရုံး တရားဝင် Twitter အကောင့် ဖွင့်လှစ်

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိစေဖို့အတွက် နိုင်ငံတော်သမ္မတရုံးရဲ့ တရားဝင် Twitter လူမှုကွန်ရက်အကောင့်ကို ဖွင့်လှစ်လိုက်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားပြီးနောက်မှာ ခုလို သမ္မတရုံး Twitter အကောင့်ကို ဖွင့်လိုက်တာပါ။

ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ သမ္မတရုံး လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ သတင်းတွေကို နိုင်ငံတကာက သိဖို့အတွက် သမ္မတရုံး Twitter အကောင့် ဖွင့်လှစ်လိုက်တာလို့လည်း ရေးသားဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့ ရခိုင်ပြည်နယ်အကြောင်းတွေကို ဖတ်ရှုချင်ရင်တော့ Twitter လူမှုကွန်ရက်ထဲမှာ PresidentOffice.mm နဲ့ရှာဖွေနိုင်သလို တိုက်ရိုက်လင့်ခ်အနေနဲ့https://twitter.com/pomyanmar ကနေလည်း သွားရောက်ဖတ်ရှုပြီး Follow လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Sunday, October 2, 2016

အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိစေရန် မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရ ဆွေးနွေး

မ်ာလမြိုင်၊ အောက်တိုဘာ ၁

တရားဥပဒေစိုးမိုးရေးကိစ္စ၊ အစိုးရ အုပ်ချုပ်ရေး ကိစ္စရပ်များနှင့် ဆိုင်သည့် အကြောင်းအရာများကို ပါတီဘက်မှ ဝင်ရောက်စွက်ဖက်မှုမျိုး မဖြစ်စေရန် စက်တင်ဘာ ၃ဝ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ အကြား ဆွေးနွေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများထံမှ သိရသည်။

မွန်ပြည်သစ်ပါတီဘက်က ပြုလုပ်ခဲ့သော ကိစ္စရပ်များတွင် အစိုးရ၏ နယ်ဘက်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်သော သဘောမျိုး သက်ရောက်မှုများ ရှိနေခဲ့သဖြင့် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးရခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မွန်ပြည်သစ်ပါတီ အနေနှင့် အစိုးရ နယ်ဘက်အုပ်ချုပ်ရေး ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ခြင်း၊ တရားဥပဒေစိုးမိုးရေးများကို ဝင်ရောက်စွက်ဖက်ခြင်း သဘော သက်ရောက်သော ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်စေသည့် အပြုအမူမျိုး ဆောင်ရွက်မှုများမှာ ဖြစ်ရပ်ပေါင်း ၂၈ ခုအထိ ရှိ ကြောင်း ၎င်းက ရှင်းပြသည်။

ကရင်ပြည်နယ်၊ ကမ်းနီကျေးရွာတွင် မူးယစ်ဆေးဝါးကိစ္စကို အကြောင်းပြု၍ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာမှ ရွာသားတစ်ဦး သေဆုံးခြင်း၊ ရေးမြို့နယ်တရားရုံး၏ တရားစီရင်ရေး ကိစ္စတစ်ခုကို မွန်ပြည်သစ်ပါတီက စီရင်မည်ဆိုသည့် စာတစ်စောင် ထုတ်ပြန်ခြင်း စသည့် ကိစ္စရပ်များသည် အစိုးရ၏ နယ်ဘက်အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ထိပါးစေကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ သဘောတူထားတဲ့ အထဲမှာ မူးယစ်ဆေးဝါးကိုတော့ ပူးတွဲပြီး လုပ်ဆောင်ဖို့ ရှိတယ်၊ ဖမ်းပြီးတော့ အပ်မယ်” ဟု မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီ ပစ်ခတ်မှုဖြင့် ကမ်းနီကျေးရွာတွင် ရွာသားတစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ပစ်ခတ်ခဲ့သော မွန်ပြည်သစ် တပ်ဖွဲ့မှူးကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံ အပ်နှံပေးရန် ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရဘက်က တောင်းခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။

“လူငယ်ယောက်ျားလေး တစ်ဦးက မိန်းကလေးတစ်ဦးကို ခိုးယူပေါင်းသင်းမှုနှင့် ပတ်သက်၍ မွန်ပြည်သစ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ကို ပြန်လည်လွှတ်ပေးရန်နှင့် ရေးမြို့နယ်တရားရုံးက တရားစီရင်ရေးကို မွန်ပြည်သစ်ပါတီမှ တရားစီရင်မည်ဟု စာထွက်ထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန်လည်း ညှိနှိုင်းခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်

Thursday, September 29, 2016

မြန်မာ-တရုတ် နှစ်နိုင်ငံလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပြီး လဲလှယ်နေကြစဉ် (ဓာတ်ပုံ − MOI)

 မြန်မာ-တရုတ် နှစ်နိုင်ငံ လုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် အ ကြမ်းဖက်မှုတားဆီးရေးအပါအ ဝင် ပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာ စာချုပ်များကို မြန်မာပြည်ထဲရေးဝန်ကြီးနှင့် တရုတ်နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန် ကြီးတို့ နေပြည်တော်တွင် လက် မှတ်ရေးထိုးခဲ့ကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာန က စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် တရုတ် နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံ ခြုံရေးဝန်ကြီး ကော်စိမ်းခွန်းတို့ သည် မြန်မာ-တရုတ် (၅)ကြိမ် မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီးနောက် စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

စီမံကိန်းကြီးများ လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူး ယစ်ဆေးဝါးတားဆီးရေး၊ နယ်စပ်ဒေသစီမံဆောင်ရွက်မှုများတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက် ပြီး နှစ်နိုင်ငံနှင့် နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရ မည်ဟု မစ္စတာကော်စိမ်းခွန်းက ပြောကြားခဲ့ကြောင်း တရုတ်သ တင်းဌာနက ဖော်ပြသည်။

နှစ်ဖက် တရားဥပဒေစိုးမိုးရေးဌာန၊ ရဲဌာနနှင့် ရဲသင်တန်းကျောင်းများတွင် ပြုစုပျိုးထောင်ဖလှယ်မှုများ ဆောင်ရွက်ပြီး အတူတကွ တရားဥပဒေစိုးမိုးရေးဆိုင်ရာ စွမ်းရည်များကို မြှင့်တင်သွားမည်ဟု ၎င်းက ဆိုသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသ ထိန်းချုပ်ရေး စီမံခန့်ခွဲမှုနှင့်တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ မဲခေါင် မြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဆိုက်ဘာကွန်ရက်တွင် ကျူးလွန်သောပြစ်မှုများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ၂၀၁၆-၁၇ အတွင်း တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ တွင် စွမ်းရည်မြှင့်တင်ရေး ကဏ္ဍ အတွက် လေ့ကျင့်သင်တန်းပေး ရေး၊ သဘာဝသယံဇာတအရင်း အမြစ်များ ကာကွယ်စောင့်ရှောက်ရန်  စသည်တို့ကိုလည်းဆွေးနွေးခဲ့သည်။

မစ္စတာကော်စိမ်းခွန်းသည် စက်တင်ဘာ ၂၇ ရက်က သမ္မတ နှင့် တပ်ချုပ်တို့ကိုလည်း တွေ့ဆုံခဲ့သည်။  တပ်ချုပ်နှင့် တွေ့ဆုံရာ တွင် မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများ ကို ထိရောက်စွာတားဆီးနှိမ်နင်း ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း ခြိမ်း ခြောက်မှုများရှိနေသည့် အကြမ်း ဖက်မှုတားဆီးကာကွယ်ရေးလုပ် ငန်းများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တွင် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ထိခိုက်စေသည့် တရားမဝင် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို တားဆီးကာ ကွယ်ရေး၊ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန် သတင်းဖလှယ်ရယူ မှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူမှုကွန်ရက် စာမျက်နှာ၌ ထုတ်ပြန်ခဲ့သည်။

Saturday, September 24, 2016

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတယ်လို့ ချီးကျူး

 price-tag နိုင်ငံရေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ထက်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိလာတာကို ဥရောပသမဂ္ဂက ချီးကျူးလိုက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှာ တင်သွင်းတာကိုလည်း ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရပ်လိုက်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖက်ဒရစ်ကာမော်ဂီရီနီက စက်တင်ဘာလ ၂၃ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ (Partnership Group on Myanmar)ကို မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ အစိုးရအဖွဲ့ဟာ လူ့အခွင့်အရေးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်အားကောင်းလာဖို့ ခိုင်မာတဲ့ လုပ်နည်းလုပ်ဟန်တွေ ချမှတ်ခဲ့သလို အမုန်းတရားဖြန့်ဝေသူတွေကို ကျော်ဖြတ်ပြီး အဆင့်ဆင့်ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဖက်ဒရစ်ကာမော်ဖီရီနီက ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ၁၅ နှစ်တာကာလအတွင်း ပထမဆုံးအနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ဝေဖန်တင်ပြတာကို ဒီနှစ်မှာ မလုပ်တော့ဘူးလို့ ဥရောပသမဂ္ဂက ပြောကြားခဲ့တာ ဖြစ်ပါတယ်

Tuesday, August 30, 2016

မြန်မာ-အိန္ဒိယခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး အချက် ၃၀ ပါ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ြ ပန်

သမ္မတဦးထင်ကျော်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ကို တွေ့ရစဉ် (MANISH SWARUP/AP)

 နိုင်ငံတော်သမ္မတ ဦး ထင်ကျော်၏ အိန္ဒိယနိုင်ငံခရီးစဉ် အတွင်း အိန္ဒိယနိုင်ငံသမ္မတ၊ ၀န် ကြီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ ပြီး အချက် ၃၀ ပါဝင်သော နှစ် နိုင်ငံ ပူးတွဲကြေညာချက်ကို ထုတ်ပြန်သည်။

မြန်မာ့ပဲမျိုးစုံကို အိန္ဒိယနိုင်ငံဈေးကွက်တွင် ပိုမိုထိုးဖောက်တင် ပို့နိုင်ရန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူ ညီခဲ့ကြောင်း သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။မြန်မာနိုင်ငံမှ ပဲမျိုးစုံကုန် သွယ်တင်ပို့ခြင်းအတွက် ဆက် သွယ်ဆောင်ရွက်နေမှုများသည် မြန်မာပဲစိုက်တောင်သူများနှင့် အိန္ဒိယစားသုံးသူများအတွက် နှစ် ဖက်အကျိုးဖြစ်ထွန်းစေမည်ဟု သဘောတူညီကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။ မြန်မာပဲစိုက် တောင်သူများကို အရည်အသွေး ကောင်းမွန်သည့် ပဲများစိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် အိန္ဒိ ယဈေးကွက်ကို ပိုမိုထိုးဖောက်ရန် အိန္ဒိယကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် နှစ်နိုင်ငံစလုံး က အားပေးထောက်ခံကြောင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးသီးနှံမျိုးစေ့ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များ၊ ပုဂ္ဂလိကနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များအား သင်တန်း ပေးရေး၊ စိုက်ပျိုးနည်းစနစ်ဆိုင် ရာ စွမ်းရည်မြှင့်တင်ရေးတို့ကို မြန်မာနိုင်ငံအား အကူအညီပေးရန် အိန္ဒိယနိုင်ငံက ကမ်းလှမ်းခဲ့ ကြောင်းလည်း ပါရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၏ ၇၀ ရာခိုင်နှုန်းကို အိန္ဒိ ယနိုင်ငံသို့ နှစ်စဉ်တင်ပို့ပြီး အီးယူ နှင့် တရုတ်သို့ ၃၀ ရာခိုင်နှုန်းခန့် တင်ပို့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။ မြန်မာနိုင်ငံ သည် ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ တန်ချိန် ပျမ်းမျှ တစ်သိန်းလေး သောင်းခန့် တင်ပို့ပြီး ၂၀၁၅- ၁၆ဘဏ္ဍာနှစ်တွင် ပဲတန်ချိန် တစ် သိန်းနှစ်သောင်းကျော် တင်ပို့နိုင် ခဲ့သည်။

 ထို့အပြင် မြန်မာနိုင်ငံက လိုင်စင်ထုတ်ပေးပြီးဖြစ်သည့် အိန္ဒိယနိုင်ငံတော်ဘဏ်၏ ဘဏ်ခွဲကို ဖွင့်လှစ်နိုင်ရန် အကူအညီပေး ရန် အိန္ဒိယနိုင်ငံကတောင်းဆိုခဲ့ သည်။ ဘဏ်လုပ်ငန်းလည်ပတ်နိုင်ခြင်းက နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု ချဲ့ထွင်ရေးအတွက်များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံ ကြည်ကြောင်း အိန္ဒိယနိုင်ငံက ဆို သည်။

နှစ်နိုင်ငံကုန်းလမ်းနယ်စပ်မှ နှစ်ဖက်ပြည်သူများ ကူးသန်းသွား လာနိုင်ရေးအတွက် အားပေးရန် လည်း သဘောတူခဲ့သည်။ တမူး-မိုရေးနှင့် ရိ-ဇိုခေါဒါနယ်စပ်ဂိတ် များ၌ လူဝင်မှုကြီးကြပ်ရေးရုံးများ အမြန်ဖွင့်လှစ်ရန်ကိုလည်း နှစ် ဖက်ဆွေးနွေးခဲ့သည်။

ရေနံဓာတုနှင့် ရေနံထုတ် ကုန်ဆိုင်ရာ ဈေးကွက်အခြေခံ အဆောက်အအုံနှင့် LMP Terminal များ ဖွဲ့စည်းတည် ဆောက်ရေးအတွက် တင်ဒါဝင် ရောက်ယှဉ်ပြိုင်ရန် အိန္ဒိယကုမ္ပ ဏီများအား ဖိတ်ခေါ်ရန် မြန်မာ ဘက်က သဘောတူညီခဲ့သည်။

လျှပ်စစ်ဓာတ်အားအတွက် ကုန်ကျစရိတ်သက်သာရန်၊ ထုတ်လုပ်မှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နေရောင်ခြည်စွမ်းအင်အရင်းအမြစ် ကြွယ်ဝသော နိုင်ငံများအတွက် ရည်ရွယ်သော အပြည်ပြည်ဆိုင်ရာ နေရောင်ခြည်စွမ်းအင်မိတ်ဖက်စွန့်ဦးလုပ်ဆောင်မှု (Inter-national Solar Alliance Initiative) ၌မြန်မာနိုင်ငံပါဝင်ရန် အိန္ဒိယနိုင်ငံက ဖိတ်ခေါ်သည်။

 ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေးစီမံကိန်း ၏ စစ်တွေနှင့် ပလက်ဝအကြား လုပ်ငန်းပိုင်းကို ၂၀၁၆ ဒီဇင်ဘာ မတိုင်မီ အပြီးဆောင်ရွက်ရန်၊ လုပ်ငန်းလည်ပတ်မှုနှင့် ထိန်း သိမ်းမှုစနစ်များကို အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်းနှင့် နှစ် ဖက်သဘောတူညီခဲ့ကြသည်။ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်း နှင့် ဆက်စပ်နေသည့် နားလည် မှုစာချွန်လွှာနှစ်ခု လက်မှတ်ရေး ထိုးနိုင်ခဲ့ခြင်းကိုလည်း နှစ်ဖက်စ လုံးက အားရကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၌ ဆွေးနွေးညှိ နှိုင်းလျက်ရှိသည့် နိုင်ငံတကာ အကြမ်းဖက်မှုဆိုင်ရာ ကွန်ဗင်း ရှင်း(Comprehensive Conven-tion on International Terrorism)ကို မြန်ဆန်စွာ အပြီးသတ်နိုင်ရေး အတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံက တိုက်တွန်းခဲ့ကြသည်။ ပြန်လည်တိုးချဲ့ဖွဲ့စည်းထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် 

Friday, August 19, 2016

ကြံ့ခိုင်ရေးပါတီ ညီလာခံ မီဒီယာ ဝင်ခွင့် မပြုဟု ဆို

နေပြည်တော်၊ သြဂုတ် ၁၉

သမ္မတဟောင်း ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ကြံ့ခိုင်ရေးပါတီ၏ ညီလာခံ အကြိုဖွင့်ပွဲကို သြဂုတ် ၂၀ ရက်၌ နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် စတင်ပြုလုပ်မည် ဖြစ်သော်လည်း မီဒီယာ ဝင်ခွင့်ပေးမည် မဟုတ်ကြောင်း ယင်းပါတီ ဌာနချုပ်မှ မီဒီယာ ပြန်ကြားရေး တာဝန်ရှိသူ ဦးသောင်းထိုက်က ပြောသည်။

ပါတီညီလာခံကို ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီ ရောက်မှသာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လူကြီးတွေ စီစဉ်တဲ့အတိုင်း လုပ်ရတာပါ”ဟု ၎င်းက ပြောသည်။

ယင်းပါတီသည် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ၂၀၁၁ ခုနှစ် အာဏာရပါတီ ဖြစ်စဉ်ကပင် ကြွေးကြော် ပြောဆိုခဲ့ပြီး မီဒီယာ သည် စတုတ္ထ မဏ္ဍိုင်ဟု အသိမှတ်ပြု ပြောဆိုခဲ့သည့် ပါတီလည်း ဖြစ်သည်။

ပါတီညီလာခံ အဖွင့်နေ့၌လည်း ခေတ္တ မှတ်တမ်းဓါတ်ပုံ ရိုက်ယူခွင့်ပင် ရရှိမည် မဟုတ်သောကြောင့် သတင်းစာ ရှင်းလင်းပွဲကိုသာ စောင့်ဆိုင်ရန်လိုကြောင်း ဦးသောင်းထိုက်က ပြောသည်။

ယင်းပါတီသည် သြဂုတ်လ ၈ ရက်မှ ၁၁ ရက်အထိ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး  ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး စာတမ်းကို အစုအဖွဲ့ ၄ စုခွဲ၍ စာတမ်း ပြုစုခဲ့ကြောင်း၊ ယင်းစာတမ်းကို တစ်ခုတည်း ဖြစ်အောင် ကျင်းပမည့် ညီလာခံတွင် ပေါင်းစည်း၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းမည်ဟု သမ္မတဟောင်း ဦးသိန်းစိန်(ပါတီဥက္ကဋ္ဌ)က အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့ထုတ်ပြန်

၁ ရာစုပင်လုံညီလာခံ တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံး ပါဝင်ရေးမူကို အစိုးရက ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည့်အတွက်ဝမ်းမြောက်အား တက်ကြောင်းနှင့် ပင်လုံညီလာခံ တက်ရောက်ရန် အဆင်သင့်ရှိ ကြောင်း တအာင်း၊ ကိုးကန့်နှင့်  AA မဟာမိတ်သုံးဖွဲ့က သဘော ထားထုတ်ပြန်သည်။

သြဂုတ် ၁၈ ရက်စွဲဖြင့်ထုတ် ပြန်ချက်တွင် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သည့် ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအ ဝေးက ပင်လုံညီလာခံတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အား လုံးပါဝင်ရေးမူကို ဆုံးဖြတ်ချက်ချ မှတ်ခဲ့သည်ဟု သိရသဖြင့် ငြိမ်း ချမ်းရေးဖြစ်စဉ် တိုးတက်မှုအပေါ် ၀မ်းမြောက်အားတက်မိကြောင်း ဖော်ပြထားသည်။
တရုတ်နယ်စပ်အခြေစိုက် အဆိုပါအဖွဲ့သုံးဖွဲ့၏ ထုတ်ပြန် ချက်မှာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်နိုင်ငံ ခရီးစဉ်စတင်ချိန် တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်တွင်ကျင်းပမည် ဟု ဆုံးဖြတ်ခဲ့မှုအပေါ် ကြိုဆိုပြီး ၎င်းတို့အနေဖြင့် တက်ရောက်ရန် အဆင်သင့်ရှိကြောင်း မဟာမိတ် သုံးဖွဲ့က ဆိုသည်။
လက်ရှိအစိုးရ၊ မြန်မာ့တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အတူတကွ ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့အနေဖြင့် ပူးပေါင်းပါဝင် ရန် အဆင်သင့်ရှိကြောင်း တ အာင်း (TNLA)၊ ကိုးကန့် (MNDAA) နှင့် AA တို့ကသဘောထားထုတ်ပြန်ခဲ့သည်။
အစိုးရငြိမ်းချမ်းရေးကော်မ ရှင်နှင့် အထက်ပါအဖွဲ့ သုံးဖွဲ့ သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က မိုင်းလားမြို့တွင် တွေ့ဆုံဆွေး နွေးထားသည်။ သို့သော်‘လက် နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ကြောင်း’ ကြေညာချက် ထုတ်ပြန်ရန် ကိစ္စနှင့်ပတ်သက်၍ ပြေလည်မှုမရရှိခဲ့ပေ။ ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီပြော ရေးဆိုခွင့်ရှိသူများက အဆိုပါ အဖွဲ့သုံးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှု များ ဆက်လက်ပြုလုပ်နေပြီး တိုး တက်မည်ဟု ထင်မြင်ကြောင်း ပြောကြားထားသည်။
သြဂုတ် ၃၁ ရက်တွင် စတင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာ ခံတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ပြု ထားပြီး အပစ်ရပ်အဖွဲ့နှင့် အပစ် မရပ် အဖွဲ့အကြား ခွဲခြားမှုမရှိစေ ရန် ‘ညီလာခံကိုယ်စားလှယ်’ အ သုံးအနှုန်းအစား ‘ညီလာခံ တက် ရောက်သူများ’ဟု ပြောင်းလဲသုံး နှုန်းမည်ဖြစ်သည်။
တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့များမှာ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းသည့်ကာလနောက် ပိုင်းတွင်မှ လက်နက်ကိုင်တော် လှန်ခဲ့သဖြင့် လက်နက်ကိုင်လမ်း စဉ်ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း တပ်မတော်ဘက်က အတိအလင်းပြောကြားထားပြီး ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မပြုခဲ့ပေ။

Saturday, November 7, 2015

တကယ်ကြီးလား?ငါးပါးမှောက်ပြီ...ဒုက္ခပါပဲ...NLD ဝန်းရံသူတွေ ဘယ်လိုလုပ်ကြမလဲဗျို့

တကယ်ကြီးလား?
ငါးပါးမှောက်ပြီ...
ဒုက္ခပါပဲ...
NLD ဝန်းရံသူတွေ ဘယ်လိုလုပ်ကြမလဲဗျို့


မပြောဘူးလားဘာအခုမှမှားပါပြီလဲမဲမထည့်ရသေးဘူးနော်

အခုချိန်မှာပြင်မယ်ဆိုရင်ရသေးတယ်မိတ်ဆွေ


၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အမတ်နေရာအများစုရခဲ့လျှင်ပင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကို လက်ထပ်ထားခြင်း၊ ၄င်း၏သားများမှာ အင်္ဂလန်နိုင်ငံသား ၊ အင်္ဂလိပ်လူမျိုးများဖြစ်နေခြင်းကြောင့် သမ္မတဖြစ်ခွင့်မရှိသလို ၄င်း၏ပါတီတွင် သမ္မတရာထူးနှင့်ထိုက်တန်သူ မရှိသောကြောင့် သမ္မတလောင်းရွေးချယ်ရေး ကိစ္စမှာ မဲဆန္ဒရှင်အများ စိတ်ဝင်စားသော ကိစ္စဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မည်သူသမ္မတဖြစ်စေ၊ သူမသာ အုပ်ချုပ်မည်ဟု ပြောခဲ့သည့်အတွက် ရုပ်သေး သမ္မတ တင်မြောက်ပြီး နောက်ကွယ်က အုပ်ချုပ်မည့်သဘောဖြစ်ကာ ထိုသို့ ရုပ်သေးသမ္မတ တင်မြှောက်ရာတွင် ဘင်္ဂါလီကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဒေါ်စုကို ဝေဖန်မှုများအား အဆုံးသတ်နိုင်ရန် အစ္စလာမ် ဘာသာဝင် ဦးကိုနီအား သမ္မတအဖြစ် တင်မြှောက်မည်ဟု သတင်းများပေါ်ထွက်နေချိန်တွင် ထိုသို့ မပြောချင်၍ မပြောချင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Sunday, July 5, 2015

ဂန္ဓဝင်မေမေစု ကောင်းကင်မေမေစု မြင့်မိုရ်မေမေစု *****

***** ဂန္ဓဝင်မေမေစု ကောင်းကင်မေမေစု မြင့်မိုရ်မေမေစု *****

ပြုချင်ရာ ပြု ပြောချင်ရာ ပြော
လုပ်ချင်ရာ လုပ်လက်ခုပ်တီးမယ့်သူတွေ
အဆင်သင့်ပဲ အမေ

"အမေစုစွဲ"တဲ့ ရောဂါသည်တွေ
ရှိနေသေးသမျှလက်ခုပ်သံတွေ
ညံနေဦးမှာပဲ အမေ

မြန်မာမှာရော ကမ္ဘာမှာပါ
အမေစုကို အန်တုပြီး
ဝေဖန်ရဲသူမရှိဘူး အမေ

မြန်မာ့မီဒီယာလောကတစ်ခုလုံးမှာ
အမေစုကို အပြုသဘောနဲ့တောင်
ဝေဖန်ရဲတဲ့ သတင်းစာ ဂျာနယ် မဂ္ဂဇင်း
အလျဉ်းမရှိပါဘူး အမေ

ဒါပေမဲ့……
အမေရယ် အမေ့နောက်မှာ
ကမ္ဘာကြီးနဲ့ NLD ခရေဇီတွေ
တန်းစီနေကြတာ မှန်ပေမဲ့
ယနေ့ မြန်မာပြည်ကြီးဟာ
အမေ့အတွက်သိပ်ပြီးကျဉ်းမြောင်းသွားပြီအမေရယ်

မြန်မာနိုင်ငံဟာ အမေနေတဲ့
တက္ကသိုလ်ရိပ်သာလမ်းကနေအိမ်ခြံဝင်းထက် အများကြီးပိုကျယ်တယ်ဆိုတာအမေသိပါတယ်လေ

အမေ့ရဲ့
ထွက်သမျှဇာတ်ကားတွေကို
ပင်တိုင် အားပေးခဲ့ကြတဲ့သူတွေလည်း
အခုတော့ အခြားမင်းသားတွေကို
စိတ်ဝင်တစား ပြောင်းပြီး အားပေးနေကြပြီအမေ

NLD
အစည်းအဝေးခန်းမဆောင်ကြီးရဲ့
အပြင်ဘက်ကို တခဏမျှ စောင်းငဲ့ကြည့်ပါဦးအမေ

အမေ့ပါတီခန်းမရဲ့အပြင်ဘက်မှာ
လူတွေ/ ပြည်သူတွေ အများကြီးပဲအမေ

ပြည်သူ့အသံကို
ကြားအောင်နားထောင်နိုင်ဖို့က
အမေ့ကို မြှောက်ပြီးခိုင်းစားနေတဲ့
ပါတီရူးတွေနဲ့ အမေ့ကိုရောင်းစားနေတဲ့
ဂျာနယ်လစ်တွေရဲ့အသံလောက်နဲ့
မလုံလောက်ဘူးအမေ

ကိုယ့်ကိုယ်ကို အကျဉ်းမချပါနဲ့အမေရယ်

ဘုရားလည်းဖူး
တရားလည်းနာရအောင်
အပြင်ကို ထွက်ခဲ့ပါလားအမေ

( တိုင်းပြည်နဲ့ အမျိုးဘာသာ သာသနာကို
တကယ်ချစ်ရင်ပေါ့ ဂန္ဓဝင်မေမေရယ် )