Saturday, September 24, 2016

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတယ်လို့ ချီးကျူး

 price-tag နိုင်ငံရေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ထက်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိလာတာကို ဥရောပသမဂ္ဂက ချီးကျူးလိုက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှာ တင်သွင်းတာကိုလည်း ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရပ်လိုက်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖက်ဒရစ်ကာမော်ဂီရီနီက စက်တင်ဘာလ ၂၃ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ (Partnership Group on Myanmar)ကို မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ အစိုးရအဖွဲ့ဟာ လူ့အခွင့်အရေးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်အားကောင်းလာဖို့ ခိုင်မာတဲ့ လုပ်နည်းလုပ်ဟန်တွေ ချမှတ်ခဲ့သလို အမုန်းတရားဖြန့်ဝေသူတွေကို ကျော်ဖြတ်ပြီး အဆင့်ဆင့်ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဖက်ဒရစ်ကာမော်ဖီရီနီက ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ၁၅ နှစ်တာကာလအတွင်း ပထမဆုံးအနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ဝေဖန်တင်ပြတာကို ဒီနှစ်မှာ မလုပ်တော့ဘူးလို့ ဥရောပသမဂ္ဂက ပြောကြားခဲ့တာ ဖြစ်ပါတယ်

No comments: