ရန်ကုန်၊ စက်တင်ဘာ ၂၈
ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူတစ်ဦး လာရောက်အဖမ်းခံ စက်တင်ဘာလ (၂၈)ရက်နေ့ က လာရောက် အဖမ်းခံခဲ့ကြောင်း သိရပါသည်။
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့သဖြင့် ကျောက်တံတားမြို့မ ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၉/၂၄/ ၃၂၊ (ပ)၂၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၅/၃၄၄/၁၁၄ နှင့် ရဲအရေးမပိုင်မှု အမှတ်စဉ်(၄၀/၂၀၁၆)၊ ကလေးသူငယ်ဥပဒေ ပုဒ်မ-၆၆(ဃ) တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုများမှ တိမ်းရှောင်နေသူ မသီရိလတ်၊ (၃၄)နှစ်မှာ ၂၈.၉.၂၀၁၆ ရက်နေ့ ၂၁၀၀ အချိန်တွင် ကျောက်တံတားမြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သဖြင့် အရေးယူဆောင်ရွက်ရန် ဆက်လက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment