Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Thursday, November 2, 2017

ဦးဆောင်နိုင်သည့် ကစားသမားမရှိသည့်အတွက်စိုးရိမ်စရာဖြစ်လာကြောင်း ချယ်ဆီးနည်းပြကွန်တီ ဝန်ခံ .....................................................

.

ချယ်ဆီးနည်းပြကွန်တီသည် လက်ရှိအသင်းအခြေအနေများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများပြုလုပ်ခဲ့ပြီး အသင်းအ နေဖြင့် ရလဒ်ကောင်းများရရှိရန် ဦးဆောင်ကစားနိုင်သည့် ကစားသမားကောင်းမရှိတော့ကြောင်း၊ အသင်းကြီးအချင်းချင်းထိ ပ်တိုက်တွေ့ဆုံသည့်ပွဲများအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

နည်းပြကွန်တီသည် ယခုနှစ်ရာသီတွင် အဓိက၀ါရင့်ကစားသမားဖြစ်သူ အသင်းခေါင်းဆောင်ဂျွန်တယ်ရီအား လက်လွှတ်ရမ ည်ဖြစ်သည့်အတွက် ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဂျူဗင်တပ်အသင်း၏ ၀ါရင့်နောက်ခံလူ ဘိုနျူချီအားခေါ်ယူရန် တောင်းဆိုခဲ့သော်လည်း အသက်ကြီးလွန်းသည်ဟူသောအကြောင်းပြချက်ဖြင့် အသင်းတာဝန်ရှိသူမျာ မှ ပယ်ချခဲ့ခြင်းကြောင့် အသင်းကို ဦးဆောင်ကစားနိုင်သည့် ကစားသမားမရှိခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ခြင်းလည်းဖြစ်သည်။

“ စပါးအသင်းအနေနဲ့ တကယ်ကိုအကောင်းဆုံးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ နည်းပြပိုချက်တီနိုအနေနဲ့လည်း အသင်းကို အခြေခိုင်အောင် လုပ်ထားနိုင်ခဲ့ပြီးပါပြီ။ ချယ်ဆီးအတွက်ကတော့ အဲ့ဒီလိုအခြေခံမျိုးလိုအပ်နေခဲ့တာပါ။ စပါးရဲ့ဖွဲ့စည်းတည် ဆောက်ပုံက တကယ်ကိုလေးစားစရာအခြေအနေတစ်ခုလို့ပြောလို့ရပါတယ်။ ၀ါရင့်ကစားသမားတွေဆုံးရှုံးခဲ့ပြီးနောက် ရှိတဲ့ ကစားသမားတွေနဲ့အကောင်းဆုံးလုပ်ဆောင်ရမှာပါ။ အသင်းကို ဦးဆောင်မောင်းနှင်ကစားနိုင်မယ့်သူမရှိတဲ့အတွက် အသင်း ကြီးတွေနဲ့တွေ့တဲ့အချိန်အခက်အခဲတွေနဲ့အတူ စိုးရိမ်စရာတွေဖြစ်လာတော့တာပါပဲ ” ဟု နည်းပြကွန်တီက ဆိုခဲ့သည်။ဦးဆောင်နိုင်သည့် ကစားသမားမရှိသည့်အတွက်စိုးရိမ်စရာဖြစ်လာကြောင်း ချယ်ဆီးနည်းပြကွန်တီ ၀န်ခံ
=================================================
ချယ်ဆီးနည်းပြကွန်တီသည် လက်ရှိအသင်းအခြေအနေများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားမှုများပြုလုပ်ခဲ့ပြီး အသင်းအ နေဖြင့် ရလဒ်ကောင်းများရရှိရန် ဦးဆောင်ကစားနိုင်သည့် ကစားသမားကောင်းမရှိတော့ကြောင်း၊ အသင်းကြီးအချင်းချင်းထိ ပ်တိုက်တွေ့ဆုံသည့်ပွဲများအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

နည်းပြကွန်တီသည် ယခုနှစ်ရာသီတွင် အဓိက၀ါရင့်ကစားသမားဖြစ်သူ အသင်းခေါင်းဆောင်ဂျွန်တယ်ရီအား လက်လွှတ်ရမ ည်ဖြစ်သည့်အတွက်  ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဂျူဗင်တပ်အသင်း၏ ၀ါရင့်နောက်ခံလူ ဘိုနျူချီအားခေါ်ယူရန် တောင်းဆိုခဲ့သော်လည်း အသက်ကြီးလွန်းသည်ဟူသောအကြောင်းပြချက်ဖြင့် အသင်းတာဝန်ရှိသူမျာ မှ ပယ်ချခဲ့ခြင်းကြောင့် အသင်းကို ဦးဆောင်ကစားနိုင်သည့် ကစားသမားမရှိခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ခြင်းလည်းဖြစ်သည်။

“ စပါးအသင်းအနေနဲ့ တကယ်ကိုအကောင်းဆုံးတည်ဆောက်ထားနိုင်ခဲ့ပါတယ်။ နည်းပြပိုချက်တီနိုအနေနဲ့လည်း အသင်းကို အခြေခိုင်အောင် လုပ်ထားနိုင်ခဲ့ပြီးပါပြီ။ ချယ်ဆီးအတွက်ကတော့ အဲ့ဒီလိုအခြေခံမျိုးလိုအပ်နေခဲ့တာပါ။ စပါးရဲ့ဖွဲ့စည်းတည် ဆောက်ပုံက တကယ်ကိုလေးစားစရာအခြေအနေတစ်ခုလို့ပြောလို့ရပါတယ်။ ၀ါရင့်ကစားသမားတွေဆုံးရှုံးခဲ့ပြီးနောက် ရှိတဲ့ ကစားသမားတွေနဲ့အကောင်းဆုံးလုပ်ဆောင်ရမှာပါ။ အသင်းကို ဦးဆောင်မောင်းနှင်ကစားနိုင်မယ့်သူမရှိတဲ့အတွက် အသင်း ကြီးတွေနဲ့တွေ့တဲ့အချိန်အခက်အခဲတွေနဲ့အတူ စိုးရိမ်စရာတွေဖြစ်လာတော့တာပါပဲ ” ဟု နည်းပြကွန်တီက ဆိုခဲ့သည်။
with The Voice Soccer Special

Saturday, July 4, 2015

အစီမီလန်ကဘက်ကာကိုခေါ်လိုက်ပြီ 2015-07-04 FOOTBALL WORLD ဆီဗီလာတိုက်စစ်မှူး ဘက်ကာကို အေစီမီလန်ခေါ်ယူ ဆီဗီလာအသင်းမှကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူးကားလို့စ်ဘက်ကာကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အေစီမီလန်အသင်းက အတည်ပြုသည်။ ၂၀၁၄-၁၅ ဘောလုံးရာသီတွင် အထူးခြေစွမ်းပြခဲ့သော ဘက်ကာကို ရိုမားအသင်းက လည်း ပစ်မှတ်ထားခဲ့ပြီး အေစီ မီလန်က ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘက်ကာသည် ဆေးစစ်မှုအောင်မြင်ပါက အေစီမီလန်သို့ရောက်လာတော့မည်ဖြစ်သည်။ ဘက်ကာ၏ အသင်းပြောင်းရွှေ့မှုကို အေစီမီလန်နှင့် ယူရိုပါလိဂ်ချန်ပီယံဆီဗီလာနှစ်သင်းစလုံးက အတည်ပြုသည်။ ဆီဗီလာအတွက် ပွဲပေါင်း ၁၀၈ ပွဲ ကစားခဲ့သော ဘက်ကာသည် ၄၉ ဂိုးသွင်းယူခဲ့ကာ၂၂ ကြိမ် ဂိုးဖန်တီးပေးခဲ့သည်။ အေစီမီလန်အသင်းက ဘက်ကာ၏ ကန်ထရိုက်စာချုပ်အရယူရိုသန်း ၃၀ အပြည့်ပေးချေမည်ဟု မျှော်လင့်ရသော်လည်းနှစ်သင်းစလုံးက ယင်းကိုအတည်မပြုသေးပေ။

နယူးဇီလန်နှင့်မြန်မာခြေစမ်းမည် 2015-07-04 FOOTBALL WORLD စက်တင်ဘာတွင် မြန်မာနှင့် ကစားမည်ဟု နယူးဇီလန်အသင်း အတည်ပြု စက်တင်ဘာ ၇ ရက် ရန်ကုန်မြို့မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကစားသွားမယ်လို့ နယူးဇီလန်အသင်းက အတည်ပြုပါတယ်။ မြန်မာအသင်းက နယူးဇီလန်နဲ့ ယူအေအီး ဘောလုံးအဖွဲ့ချုပ်တွေထံ ခြေစမ်းပွဲကစားဖို့ ဇွန် ၂၅ ရက်က ကမ်းလှမ်းခဲ့တာကို ဒီအသင်းတွေက သဘောတူတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပြီးနောက် နယူးဇီလန်အသင်းက ရန်ကုန်မှာ ကစားဖို့ ထုတ်ပြန်လိုက်တာပါ။ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ သမုဒ္ဒရာပိုင်းဇုန် ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့အနေနဲ့ နယူးဇီလန်အသင်းရဲ့ အာရှခရီးစဉ်ဟာ အရေးပါတဲ့ ခရီးစဉ်ဖြစ်တယ်လို့ နယူးဇီလန် ဘောလုံးအရည်အသွေးမြင့်တက်ရေး ညွှန်ကြားရေးမှူး ဖရက်ဒီဂျောင်းက ပြောပါတယ်။ မြန်မာအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် တောင်ကိုရီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးထားသလို လာအိုနဲ့ ၂ ဂိုးစီ သရေကျထားပါတယ်။ မြန်မာအသင်းဟာ နယူးဇီလန်အသင်းနဲ့ ၂ ကြိမ် ကစားခဲ့ဖူးပါတယ်။ ၁၉၇၆ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ ကစားတဲ့ပွဲမှာတော့ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားသလို ၁၉၈၀ ကွာလာလမ်ပူမှာတော့ ၁ ဂိုးစီ သရေကျထားပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ ဖီဖာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းက နယူးဇီလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ DVB Pageview 45013 Report