Saturday, November 18, 2017

ခ)လိုင်စင်နှင့် (င)လိုင်စင်ကိုင်ဆောင်သူများ အာဆီယံနိုင်ငံများတွင်ပါ မောင်းနှင်ခွင့်ရနေပြီဖြစ်သော်လည်း သိရှိသူ နည်းပါးနေ


------- စုသက်နှင်း -------

မြန်မာနိုင်ငံမှ (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများအနေဖြင့် အာဆီယံနိုင်ငံများတွင် မောင်းနှင်ခွင့် ရရှိထားပြီးဖြစ်သော်လည်း သိရှိထားမှု နည်းပါးနေသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။

ယခင်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင်သည် မြန်မာနိုင်ငံအတွင်းသာ မောင်းနှင်ခွင့်ပြုထားခြင်းဖြစ်သော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင်တွင် အာဆီယံနိုင်ငံများ၌မောင်းနှင်နိုင်ရန် အင်္ဂလိပ်-မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ဖော်ပြထားကြောင်း သိရသည်။

No comments: