ပတၱျမားငေမာက္ဟာ ျမန္မာႏိုင္ငံကို ၿဗိတိသွ်နယ္ခ်ဲ႕ေတြ နယ္ခ်ဲ႕တုန္းက အလြဲသုံးစားျပဳလုပ္ျခင္းခံရတဲ့ တိုင္းျပည္သယံဇာတ တစ္ခု ျဖစ္ပါတယ္။ အရပ္ေျပာ စကားမ်ားအရေတာ့ ငေမာက္ပတၱျမားကို ျမန္မာ ေတာ္ဝင္မ်ိဳးဆက္ေတြထံမွ ၿဗိတိသွ် အရာရွိတစ္ေယာက္ ခိုးယူသြားခဲ့ၿပီး ဘုရင္မႀကီးရဲ႕ သရဖူထဲမွာ ထည့္သြင္းတပ္ဆင္ထားတယ္ လို႔ဆိုၾကပါတယ္။
တစ္ခ်ိဳ႕ကေတာ့ ပတၱျမားငေမာက္ကို ဗစ္တိုးရီးယား ဘုရင္မႀကီးထံ လက္ေဆာင္အျဖစ္ေပးလိုက္တယ္လို႔ေျပာဆိုၾကၿပီး ၿဗိတိသွ် ေတာ္ဝင္မ်ိဳးႏြယ္မ်ားထံမွာ ေပ်ာက္ဆုံးသြားခဲ့တာလို႔ ေျပာၾကပါတယ္။
ဘာပဲျဖစ္ျဖစ္ ပတၱျမားငေမာက္ေပ်ာက္ဆုံးသြားေစတဲ့ လက္သည္ကိုေတာ့ အခုထိ တိတိက်က်မသိရေသးဘူးလို႔ပဲဆိုရမွာပါ။ ႏွစ္ေပါင္း ၁၃၀ ခန႔္ၾကာအၿပီးမွာေတာ့ ပတၱျမားငေမာက္ပေဟဠိေတြကို သည္းမခံႏိုင္ဘဲ ၿဗိတိသွ်ေတြထံ လာေရာက္ေျဖရွင္းမယ့္ သူတစ္ေယာက္ေပၚလာပါၿပီ။ သူကေတာ့ ျမန္မာျပည္ရဲ႕ ေနာက္ဆုံးဘုရင္ျဖစ္ခဲ့တဲ့ သီေပါမင္းရဲ႕ ျမစ္ျဖစ္သူ အသက္ ၇၀ အ႐ြယ္ရွိ ဦးစိုးဝင္းျဖစ္ပါတယ္။
ဦးစိုးဝင္းဟာ ပတၱျမားငေမာက္ကို ျပန္လည္ရယူေပးျခင္းက ႏိုင္ငံအတြက္ ဂုဏ္သိကၡာတစ္ရပ္ကို ေဆာင္ယူေပးျခင္းျဖစ္တယ္လို႔ ယုံၾကည္ထားၿပီး “ပတၱျမားငေမာက္ဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံ သယံဇာတ ဘယ္ေလာက္ႂကြယ္ဝတယ္၊ ကြၽန္ေတာ္တို႔ႏိုင္ငံဘာေတြ လုပ္ႏိုင္လဲဆိုတာကို ျပန္သတိရေစပါတယ္။ ဒါ့အျပင္ ပတၱျမားငေမာက္က ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံဟာ တစ္ခ်ိန္က လြတ္လပ္တဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး သမိုင္းေၾကာင္း ႂကြယ္ဝတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း သတိေပးပါတယ္။ ” လို႔ဆိုပါတယ္။
ဒ႑ာရီအရေတာ့ ပတၱျမားငေမာက္ဟာ ဝါဂြမ္းနဲ႔ အုပ္ထားရင္ေတာင္ အေရာင္ေတြ ေတာက္ပေနတဲ့ ပတၱျမားျဖစ္တဲ့အျပင္ ဖ်ားနာျခင္းမ်ားကိုေပ်ာက္ကင္းေစကာ ပိုင္ရွင္ကို လာဘ္လာဘေတြ တိုးေစတဲ့ ပတၱျမားျဖစ္တယ္ လို႔ဆိုထားပါတယ္။
ပတၱျမားငေမာက္ ေပ်ာက္ဆုံးသြားျခင္းအတြက္ တာဝန္အရွိဆုံးပုဂၢိဳလ္ဟာ အိႏၵိယနဲ႔ ျမန္မာျပည္တိုက္ပြဲစဥ္မ်ားကို ဦးေဆာင္ခဲ့ၿပီး ဗမာျပည္သိမ္းပိုက္ေရးတပ္ဖြဲ႕ရဲ႕ ႏိုင္ငံေရး ဦးေဆာင္အရာရွိျဖစ္သူ ဗိုလ္မႉးႀကီး အက္ဒ္ဝပ္ စေလဒင္ (ကာနယ္စေလဒင္ Col. Edward Sladen)ျဖစ္ပါတယ္။
ကာနယ္စေလဒင္ဟာ သီေပါဘုရင္ အိႏၵိယသို႔ နယ္ႏွင္ခံရစဥ္ ပတၱမ်ားငေမာက္အပါအဝင္ တန္ဖိုးႀကီး ပစၥည္းမ်ားကို ဦးေဆာင္ခန႔္ခြဲခဲ့ရသူတစ္ေယာက္ျဖစ္ၿပီး သီေပါမင္းက စေလဒင္ကို လုံလုံၿခဳံၿခဳံေခၚေဆာင္ေပးဖို႔အတြက္ ပတၱျမားငေမာက္ကိုလက္ေဆာင္ေပးခဲ့ပါတယ္။ သို႔ေပမဲ့ ၁၈၈၆ ခုႏွစ္ ဇြန္လက သီေပါမင္းမွ ၿဗိတိသွ်ဘုရင္ခံသို႔ေပးတဲ့ စာတစ္ေစာင္မွာ ပတၱျမားငေမာက္ကို ျပန္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။
၁၉၉၁ ခုႏွစ္ေနာက္ပိုင္းကာလမွာ သီေပါမင္းက ဘုရင္အသစ္ျဖစ္လာသူ ေဂ်ာ့ ဘုရင္ ၅ ကို သူ႔ရဲ႕ တန္ဖိုးႀကီး ပတၱျမားလက္စြပ္ကို ကာနယ္စေလဒင္ယူေဆာင္သြားေၾကာင္း တိုက္႐ိုက္စာေရးသားခဲ့ေပမဲ့ ဒီစာကို ၿဗိတိသွ်ဘက္မွ အဖက္မလုပ္ခဲ့ၾကပါဘူး။ ၿဗိတိသွ်တို႔ဘက္မွ ပတၱျမားငေမာက္ကိုျပန္ေပးရန္ ျငင္းဆန္ခဲ့မႈေၾကာင့္ ျမန္မာျပည္ဟာ ေတာ္ဝင္သရဖူမွာ ပါဝင္တဲ့ ရတနာ စာရင္းကို စုံစမ္းခဲ့ၾကပါေသးတယ္။
ဦးစိုးဝင္းရဲ႕ ဦးေလးေတာ္သူ ျဖစ္ၿပီး ကြန္ျမဴနစ္တစ္ေယာက္ျဖစ္တယ္လို႔ယုံၾကည္ထားျခင္းခံရတဲ့ ေတာ္ဘုရားကေလးကေတာ့ သူ႔ရဲ႕ The Nga Mauk Ruby in London စာအုပ္ထဲမွာေတာ့ “ၿဗိတိသွ် နယ္ခ်ဲ႕ေတြ ပတၱျမားငေမာက္ ကို ဘယ္လိုပဲ ဖုံးကြယ္ဖို႔ႀကိဳးစားႀကိဳးစား ပတၱျမားငေမာက္ ရွိခဲ့ေၾကာင္း အေထာက္အထားေတြ အခိုင္အမာရွိပါတယ္ ”လို႔ေရးသားခဲ့ပါတယ္။
ေတာ္ဘုရားကေလးကေတာ့ ပတၱျမားငေမာက္ဟာ ၁၉၁၁ ခုႏွစ္မွာ ေဂ်ာ့ဘုရင္ ၅ အတြက္ သရဖူကိုျပဳလုပ္ရမွာ အသုံးျပဳခဲ့တယ္လို႔ ယုံၾကည္သူတစ္ေယာက္ပါ။ ဒါ့ေၾကာင့္လည္းစစ္အစိုးရလက္ထက္မွာ သံတမန္အျဖစ္ လုပ္ကိုင္ခဲ့သူ ဦးစိုးဝင္းဟာၿဗိတိသွ် သမိုင္းပညာရွင္ ၊႐ုပ္ရွင္ဖန္တီးသူ အဲလက္ ဘက္စ္ေကာဘီ (Alex Bescoby)နဲ႔ အတူ လန္ဒန္တာဝါသို႔ သြားေရာက္တာ ျဖစ္ပါတယ္။
ၿဗိတိသွ် ေတာ္ဝင္ ပစၥည္းစုေဆာင္းမႈအဖြဲ႕ကေတာ့ အင္ပါယာ သရဖူအတြက္ အသုံးျပဳထားတဲ့ ပတၱျမားေတြရဲ႕ ေနာက္ေၾကာင္းစာ႐ြက္စာတမ္းေတြ မရွိေၾကာင္း ဦးစိုးဝင္းကို ေျပာဆိုခဲ့ပါတယ္။
ဦးစိုးဝင္းကေတာ့ ပတၱျမားငေမာက္ဟာ သရဖူ ရတနာေတြထဲမွာ မပါဝင္ရင္ေတာင္ ေတာ္ဝင္ ရတနာပစၥည္းစုေဆာင္းမႈထဲမွာ ရွိရမယ္ လို႔ယုံၾကည္ထားၿပီး “သူတို႔ေတြ ဘာကို ဖုံးကြယ္ထားလဲဆိုတာ ကြၽန္ေတာ္သိခ်င္တယ္။ ဒါေၾကာင့္လည္း ကြၽန္ေတာ္ ဒီေရာက္လာတာေပါ့။ ပတၱျမားငေမာက္ အဂၤလန္မွာရွိေနတုန္းပဲလို႔ ကြၽန္ေတာ္ ယုံတယ္ ”လို႔ BBC ေျပာဆိုခဲ့ပါတယ္။
ပတၱျမားငေမာက္ေပ်ာက္ဆုံးသြားျခင္းနဲ႔ ပတ္သတ္ၿပီး တျခား ယူဆခ်က္တစ္ခုလည္း ရွိပါတယ္။ ၂၀၀၃ ခုႏွစ္မွာ ေတာ္ဝင္ ရတနာပစၥည္းထိမ္းသိမ္းေရးအဖြဲ႕မွ ဝန္ထမ္းတစ္ဦးျဖစ္သူ ကာ႐ိုလင္း ဒီဂီတတ္ (Caroline de Guitaut ) မွ အေရွ႕အင္ဂ်လီယာ တကၠသိုလ္မွာ နည္းျပလုပ္ေနသူ မိုက္ကယ္နက္ရွ္ (Michael Nash)ထံသို႔ေပးခဲ့တဲ့ စာတစ္ေစာင္မွာေတာ့ သူမဟာ ၁၈၉၆ ဗစ္တိုးရီးယားဘုရင္မရဲ႕ သရဖူထဲ ပါဝင္တဲ့ရတနာစာရင္းထဲမွာ အရည္အေသြးေကာင္းတဲ့ ပတၱျမားတစ္လုံး ပါေၾကာင္းေဖာ္ျပထားပါတယ္။ ကာ႐ိုလင္းက “ဒီပတၱျမားဟာ ဗမာဘုရင္ဆီမွ ပတၱျမားျဖစ္ၿပီး ဘုရင္မကို ဗမာျပည္သံအမတ္မ်ားမွာ လက္ေဆာင္အျဖစ္ ဆက္သထားတယ္ လို႔ ေရးထားတယ္ ”ဆိုၿပီး မိုက္ကယ္ကိုေျပာခဲ့ပါတယ္။ မိုက္ကယ္နက္ရွ္ ကေတာ့ ဒီပတၱျမားကို ေတာ္ဝင္မိသားစုေတြ အေမြေပးရင္း၊ ေပးရင္း ဘယ္သူဆီေရာက္ေနၿပီလဲဆိုတာကို ရွာဖို႔ ခက္လိမ့္မယ္ လို႔ဆိုပါတယ္။
ဦးစိုးဝင္းကေတာ့ ဒီရွာေဖြမႈကို လက္ေလွ်ာ့သြားမွာမဟုတ္ဘဲ “ခင္ဗ်ားတို႔ဆီမွာ ခင္ဗ်ားတို႔ သမိုင္းအေၾကာင္း ျပစရာ တစ္ပုံတစ္ပင္ရွိေနေပမဲ့ ကြၽန္ေတာ္တို႔ ဆီမွာ ဘာမွမရွိဘူး။ ျမန္မာျပည္ရဲ႕ ေနာက္မ်ိဳးဆက္သစ္ေတြကို သင္ၾကားေပးဖို႔ ကြၽန္ေတာ္တို႔မွာ သက္ေသျပစရာဘာမွ မရွိဘူး ” လို႔ BBC ကိုေျပာဆိုခဲ့ပါတယ္။
Ref : BBC
လူမို (႐ိုးရာေလး)
lumo_yyl
New_yyl
(Unicode Version)
ပတ္တမြားငမောက်ကို ပြန်တောင်းရန် သီပေါမင်းရဲ့ မြစ်ဖြစ်သူ ဦးစိုးဝင်းလန်ဒန်သို့ရောက်ရှိနေ
ပတ္တမြားငမောက်ဟာ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တွေ နယ်ချဲ့တုန်းက အလွဲသုံးစားပြုလုပ်ခြင်းခံရတဲ့ တိုင်းပြည်သယံဇာတ တစ်ခု ဖြစ်ပါတယ်။ အရပ်ပြော စကားများအရတော့ ငမောက်ပတ္တမြားကို မြန်မာ တော်ဝင်မျိုးဆက်တွေထံမှ ဗြိတိသျှ အရာရှိတစ်ယောက် ခိုးယူသွားခဲ့ပြီး ဘုရင်မကြီးရဲ့ သရဖူထဲမှာ ထည့်သွင်းတပ်ဆင်ထားတယ် လို့ဆိုကြပါတယ်။
တစ်ချို့ကတော့ ပတ္တမြားငမောက်ကို ဗစ်တိုးရီးယား ဘုရင်မကြီးထံ လက်ဆောင်အဖြစ်ပေးလိုက်တယ်လို့ပြောဆိုကြပြီး ဗြိတိသျှ တော်ဝင်မျိုးနွယ်များထံမှာ ပျောက်ဆုံးသွားခဲ့တာလို့ ပြောကြပါတယ်။
ဘာပဲဖြစ်ဖြစ် ပတ္တမြားငမောက်ပျောက်ဆုံးသွားစေတဲ့ လက်သည်ကိုတော့ အခုထိ တိတိကျကျမသိရသေးဘူးလို့ပဲဆိုရမှာပါ။ နှစ်ပေါင်း ၁၃၀ ခန့်ကြာအပြီးမှာတော့ ပတ္တမြားငမောက်ပဟေဠိတွေကို သည်းမခံနိုင်ဘဲ ဗြိတိသျှတွေထံ လာရောက်ဖြေရှင်းမယ့် သူတစ်ယောက်ပေါ်လာပါပြီ။ သူကတော့ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ဖြစ်ခဲ့တဲ့ သီပေါမင်းရဲ့ မြစ်ဖြစ်သူ အသက် ၇၀ အရွယ်ရှိ ဦးစိုးဝင်းဖြစ်ပါတယ်။
ဦးစိုးဝင်းဟာ ပတ္တမြားငမောက်ကို ပြန်လည်ရယူပေးခြင်းက နိုင်ငံအတွက် ဂုဏ်သိက္ခာတစ်ရပ်ကို ဆောင်ယူပေးခြင်းဖြစ်တယ်လို့ ယုံကြည်ထားပြီး “ပတ္တမြားငမောက်ဟာ ကျွန်တော်တို့ နိုင်ငံ သယံဇာတ ဘယ်လောက်ကြွယ်ဝတယ်၊ ကျွန်တော်တို့နိုင်ငံဘာတွေ လုပ်နိုင်လဲဆိုတာကို ပြန်သတိရစေပါတယ်။ ဒါ့အပြင် ပတ္တမြားငမောက်က ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ချိန်က လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သမိုင်းကြောင်း ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သတိပေးပါတယ်။ ” လို့ဆိုပါတယ်။
ဒဏ္ဍာရီအရတော့ ပတ္တမြားငမောက်ဟာ ဝါဂွမ်းနဲ့ အုပ်ထားရင်တောင် အရောင်တွေ တောက်ပနေတဲ့ ပတ္တမြားဖြစ်တဲ့အပြင် ဖျားနာခြင်းများကိုပျောက်ကင်းစေကာ ပိုင်ရှင်ကို လာဘ်လာဘတွေ တိုးစေတဲ့ ပတ္တမြားဖြစ်တယ် လို့ဆိုထားပါတယ်။
ပတ္တမြားငမောက် ပျောက်ဆုံးသွားခြင်းအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ အိန္ဒိယနဲ့ မြန်မာပြည်တိုက်ပွဲစဉ်များကို ဦးဆောင်ခဲ့ပြီး ဗမာပြည်သိမ်းပိုက်ရေးတပ်ဖွဲ့ရဲ့ နိုင်ငံရေး ဦးဆောင်အရာရှိဖြစ်သူ ဗိုလ်မှူးကြီး အက်ဒ်ဝပ် စလေဒင် (ကာနယ်စလေဒင် Col. Edward Sladen)ဖြစ်ပါတယ်။
ကာနယ်စလေဒင်ဟာ သီပေါဘုရင် အိန္ဒိယသို့ နယ်နှင်ခံရစဉ် ပတ္တများငမောက်အပါအဝင် တန်ဖိုးကြီး ပစ္စည်းများကို ဦးဆောင်ခန့်ခွဲခဲ့ရသူတစ်ယောက်ဖြစ်ပြီး သီပေါမင်းက စလေဒင်ကို လုံလုံခြုံခြုံခေါ်ဆောင်ပေးဖို့အတွက် ပတ္တမြားငမောက်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ၁၈၈၆ ခုနှစ် ဇွန်လက သီပေါမင်းမှ ဗြိတိသျှဘုရင်ခံသို့ပေးတဲ့ စာတစ်စောင်မှာ ပတ္တမြားငမောက်ကို ပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။
၁၉၉၁ ခုနှစ်နောက်ပိုင်းကာလမှာ သီပေါမင်းက ဘုရင်အသစ်ဖြစ်လာသူ ဂျော့ ဘုရင် ၅ ကို သူ့ရဲ့ တန်ဖိုးကြီး ပတ္တမြားလက်စွပ်ကို ကာနယ်စလေဒင်ယူဆောင်သွားကြောင်း တိုက်ရိုက်စာရေးသားခဲ့ပေမဲ့ ဒီစာကို ဗြိတိသျှဘက်မှ အဖက်မလုပ်ခဲ့ကြပါဘူး။ ဗြိတိသျှတို့ဘက်မှ ပတ္တမြားငမောက်ကိုပြန်ပေးရန် ငြင်းဆန်ခဲ့မှုကြောင့် မြန်မာပြည်ဟာ တော်ဝင်သရဖူမှာ ပါဝင်တဲ့ ရတနာ စာရင်းကို စုံစမ်းခဲ့ကြပါသေးတယ်။
ဦးစိုးဝင်းရဲ့ ဦးလေးတော်သူ ဖြစ်ပြီး ကွန်မြူနစ်တစ်ယောက်ဖြစ်တယ်လို့ယုံကြည်ထားခြင်းခံရတဲ့ တော်ဘုရားကလေးကတော့ သူ့ရဲ့ The Nga Mauk Ruby in London စာအုပ်ထဲမှာတော့ “ဗြိတိသျှ နယ်ချဲ့တွေ ပတ္တမြားငမောက် ကို ဘယ်လိုပဲ ဖုံးကွယ်ဖို့ကြိုးစားကြိုးစား ပတ္တမြားငမောက် ရှိခဲ့ကြောင်း အထောက်အထားတွေ အခိုင်အမာရှိပါတယ် ”လို့ရေးသားခဲ့ပါတယ်။
တော်ဘုရားကလေးကတော့ ပတ္တမြားငမောက်ဟာ ၁၉၁၁ ခုနှစ်မှာ ဂျော့ဘုရင် ၅ အတွက် သရဖူကိုပြုလုပ်ရမှာ အသုံးပြုခဲ့တယ်လို့ ယုံကြည်သူတစ်ယောက်ပါ။ ဒါ့ကြောင့်လည်းစစ်အစိုးရလက်ထက်မှာ သံတမန်အဖြစ် လုပ်ကိုင်ခဲ့သူ ဦးစိုးဝင်းဟာဗြိတိသျှ သမိုင်းပညာရှင် ၊ရုပ်ရှင်ဖန်တီးသူ အဲလက် ဘက်စ်ကောဘီ (Alex Bescoby)နဲ့ အတူ လန်ဒန်တာဝါသို့ သွားရောက်တာ ဖြစ်ပါတယ်။
ဗြိတိသျှ တော်ဝင် ပစ္စည်းစုဆောင်းမှုအဖွဲ့ကတော့ အင်ပါယာ သရဖူအတွက် အသုံးပြုထားတဲ့ ပတ္တမြားတွေရဲ့ နောက်ကြောင်းစာရွက်စာတမ်းတွေ မရှိကြောင်း ဦးစိုးဝင်းကို ပြောဆိုခဲ့ပါတယ်။
ဦးစိုးဝင်းကတော့ ပတ္တမြားငမောက်ဟာ သရဖူ ရတနာတွေထဲမှာ မပါဝင်ရင်တောင် တော်ဝင် ရတနာပစ္စည်းစုဆောင်းမှုထဲမှာ ရှိရမယ် လို့ယုံကြည်ထားပြီး “သူတို့တွေ ဘာကို ဖုံးကွယ်ထားလဲဆိုတာ ကျွန်တော်သိချင်တယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီရောက်လာတာပေါ့။ ပတ္တမြားငမောက် အင်္ဂလန်မှာရှိနေတုန်းပဲလို့ ကျွန်တော် ယုံတယ် ”လို့ BBC ပြောဆိုခဲ့ပါတယ်။
ပတ္တမြားငမောက်ပျောက်ဆုံးသွားခြင်းနဲ့ ပတ်သတ်ပြီး တခြား ယူဆချက်တစ်ခုလည်း ရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ တော်ဝင် ရတနာပစ္စည်းထိမ်းသိမ်းရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကာရိုလင်း ဒီဂီတတ် (Caroline de Guitaut ) မှ အရှေ့အင်ဂျလီယာ တက္ကသိုလ်မှာ နည်းပြလုပ်နေသူ မိုက်ကယ်နက်ရှ် (Michael Nash)ထံသို့ပေးခဲ့တဲ့ စာတစ်စောင်မှာတော့ သူမဟာ ၁၈၉၆ ဗစ်တိုးရီးယားဘုရင်မရဲ့ သရဖူထဲ ပါဝင်တဲ့ရတနာစာရင်းထဲမှာ အရည်အသွေးကောင်းတဲ့ ပတ္တမြားတစ်လုံး ပါကြောင်းဖော်ပြထားပါတယ်။ ကာရိုလင်းက “ဒီပတ္တမြားဟာ ဗမာဘုရင်ဆီမှ ပတ္တမြားဖြစ်ပြီး ဘုရင်မကို ဗမာပြည်သံအမတ်များမှာ လက်ဆောင်အဖြစ် ဆက်သထားတယ် လို့ ရေးထားတယ် ”ဆိုပြီး မိုက်ကယ်ကိုပြောခဲ့ပါတယ်။ မိုက်ကယ်နက်ရှ် ကတော့ ဒီပတ္တမြားကို တော်ဝင်မိသားစုတွေ အမွေပေးရင်း၊ ပေးရင်း ဘယ်သူဆီရောက်နေပြီလဲဆိုတာကို ရှာဖို့ ခက်လိမ့်မယ် လို့ဆိုပါတယ်။
ဦးစိုးဝင်းကတော့ ဒီရှာဖွေမှုကို လက်လျှော့သွားမှာမဟုတ်ဘဲ “ခင်ဗျားတို့ဆီမှာ ခင်ဗျားတို့ သမိုင်းအကြောင်း ပြစရာ တစ်ပုံတစ်ပင်ရှိနေပေမဲ့ ကျွန်တော်တို့ ဆီမှာ ဘာမှမရှိဘူး။ မြန်မာပြည်ရဲ့ နောက်မျိုးဆက်သစ်တွေကို သင်ကြားပေးဖို့ ကျွန်တော်တို့မှာ သက်သေပြစရာဘာမှ မရှိဘူး ” လို့ BBC ကိုပြောဆိုခဲ့ပါတယ်။
Ref : BBC
လူမို (ရိုးရာလေး)
No comments:
Post a Comment