Thursday, September 29, 2016

အင်းဝ အပ်ချုပ်ဆိုင်အမှုကို အောက်တိုဘာ ၆ ရက်နေ့မှာ စစစ်ဆေးမယ်

အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်တွေကို စက်တင်ဘာလ ၂၉ ရက် ဒီကနေ့မှာ ရုံးထုတ်ခဲ့ပြီး အမှုကိုတော့ အောက်တိုဘာလ ၆ ရက်နေ့မှာ စတင် စစ်ဆေးကြားနာမှာ ဖြစ်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေကို ဒီကနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ် ရုံးထုတ်တာ ဖြစ်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်မိသားစုဟာ အိမ်အကူမိန်းကလေးနှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုခိုင်းစေမှုတို့ကြောင့် ရာဇသတ်ကြီးအမှု အမှတ် ၁၁၀/၁၆၊ လူကုန်ကူးမှုဥပဒေ ပုဒ်မ ၁၄/၃၂ တို့ တရားစွဲဆို ခံထားရတာပါ။ ဒီကနေ့ တရားရုံးမှာ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ တင်မင်းလတ်(ခ)ဖိုက်ဇယ်၊ မစုမွန်လတ်၊ မသီရိလတ်၊ ရာဇာထွန်းတို့ ရုံးထုတ်ခဲ့တာဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုလုပ်ကာ သူတို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်

No comments: