၁ ရာစုပင်လုံညီလာခံ တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံး
ပါဝင်ရေးမူကို အစိုးရက ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည့်အတွက်ဝမ်းမြောက်အား
တက်ကြောင်းနှင့် ပင်လုံညီလာခံ တက်ရောက်ရန် အဆင်သင့်ရှိ ကြောင်း တအာင်း၊
ကိုးကန့်နှင့် AA မဟာမိတ်သုံးဖွဲ့က သဘော ထားထုတ်ပြန်သည်။
သြဂုတ် ၁၈ ရက်စွဲဖြင့်ထုတ် ပြန်ချက်တွင် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သည့်
ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအ ဝေးက
ပင်လုံညီလာခံတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အား လုံးပါဝင်ရေးမူကို
ဆုံးဖြတ်ချက်ချ မှတ်ခဲ့သည်ဟု သိရသဖြင့် ငြိမ်း ချမ်းရေးဖြစ်စဉ်
တိုးတက်မှုအပေါ် ၀မ်းမြောက်အားတက်မိကြောင်း ဖော်ပြထားသည်။
တရုတ်နယ်စပ်အခြေစိုက် အဆိုပါအဖွဲ့သုံးဖွဲ့၏ ထုတ်ပြန် ချက်မှာ
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်နိုင်ငံ
ခရီးစဉ်စတင်ချိန် တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်တွင်ကျင်းပမည် ဟု
ဆုံးဖြတ်ခဲ့မှုအပေါ် ကြိုဆိုပြီး ၎င်းတို့အနေဖြင့် တက်ရောက်ရန်
အဆင်သင့်ရှိကြောင်း မဟာမိတ် သုံးဖွဲ့က ဆိုသည်။
လက်ရှိအစိုးရ၊ မြန်မာ့တပ်မ တော်နှင့် တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့အစည်းများ အတူတကွ ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွင် ၎င်းတို့အနေဖြင့် ပူးပေါင်းပါဝင် ရန် အဆင်သင့်ရှိကြောင်း တ
အာင်း (TNLA)၊ ကိုးကန့် (MNDAA) နှင့် AA တို့ကသဘောထားထုတ်ပြန်ခဲ့သည်။
အစိုးရငြိမ်းချမ်းရေးကော်မ ရှင်နှင့် အထက်ပါအဖွဲ့ သုံးဖွဲ့ သည်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က မိုင်းလားမြို့တွင် တွေ့ဆုံဆွေး နွေးထားသည်။
သို့သော်‘လက် နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ကြောင်း’ ကြေညာချက်
ထုတ်ပြန်ရန် ကိစ္စနှင့်ပတ်သက်၍ ပြေလည်မှုမရရှိခဲ့ပေ။ ပင်လုံ
အကြိုပြင်ဆင်ရေးကော်မတီပြော ရေးဆိုခွင့်ရှိသူများက အဆိုပါ
အဖွဲ့သုံးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှု များ ဆက်လက်ပြုလုပ်နေပြီး တိုး
တက်မည်ဟု ထင်မြင်ကြောင်း ပြောကြားထားသည်။
သြဂုတ် ၃၁ ရက်တွင် စတင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာ ခံတွင်
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ပြု ထားပြီး
အပစ်ရပ်အဖွဲ့နှင့် အပစ် မရပ် အဖွဲ့အကြား ခွဲခြားမှုမရှိစေ ရန်
‘ညီလာခံကိုယ်စားလှယ်’ အ သုံးအနှုန်းအစား ‘ညီလာခံ တက် ရောက်သူများ’ဟု
ပြောင်းလဲသုံး နှုန်းမည်ဖြစ်သည်။
တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့များမှာ ငြိမ်းချမ်းရေးဖိတ်ခေါ်
ကမ်းလှမ်းသည့်ကာလနောက် ပိုင်းတွင်မှ လက်နက်ကိုင်တော် လှန်ခဲ့သဖြင့်
လက်နက်ကိုင်လမ်း စဉ်ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း တပ်မတော်ဘက်က
အတိအလင်းပြောကြားထားပြီး ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်
ပါဝင်ခွင့်မပြုခဲ့ပေ။
No comments:
Post a Comment