Monday, June 29, 2015

KIA မိုင်းထောင်မှုကြောင့် ဖားကန့်-မြစ်ကြီးနားသွား ခရီးသည်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါ ခရီးသည် (၃)ဦး ဒဏ်ရာအပြင်းအထန်ရရှိ=======================================

KIA မိုင်းထောင်မှုကြောင့် ဖားကန့်-မြစ်ကြီးနားသွား ခရီးသည်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါ ခရီးသည် (၃)ဦး ဒဏ်ရာအပြင်းအထန်ရရှိ=======================================

၂၀၁၅ ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ခွန်ဆိုင်ဇွပ်ကျေးရွာရှိ ကွန်ကရစ် တံတားနေရာအနီး KIA ထောင်ထားသော မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဖားကန့်-မြစ်ကြီးနားသွား ခရီးသည်တင်ယာဉ် ဗင်ကားတစ်စီး ထိမှန်ကာ ဗင်ကားပေါ်ရှိ ခရီးသည်(၃)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ထိုပေါက်ကွဲအားပြင်းမှုကြောင့် ဗင်ကားမှာ မိုင်းစများနေရာအနှံ့ထိမှန်ကာ ကားအတွင်းရှိ ခရီးသည်(၃)ဦးကို မိုင်းစများစွာထိမှန်ခဲ့ကြောင်းသိရှိရသည်။ ၎င်း ခရီးသည်များကို တပ်မတော်မှ မိုးကောင်း ဆေးရုံသို့ ပို့ဆောင်ပေးလျှက်ရှိကြောင်း ခရီးသည်(၁)ဦးမှာ လည်မျိုအား ဖောက်ဝင် သွားသောကြောင့် အသက်အန္တရယ်စိုးရိမ်ရကြောင်း သိရှိရပါသည်။

No comments: