Monday, June 29, 2015

KIA ရင်း(၂၆)မှ အကြွေးမပေးဟုဆိုကာ အသက်(၂၀)ကျော်အရွယ် မောင်နှမ(၂)ယောက်အား ဖမ်းဆီးခေါ်ဆောင်===

KIA ရင်း(၂၆)မှ အကြွေးမပေးဟုဆိုကာ အသက်(၂၀)ကျော်အရွယ် မောင်နှမ(၂)ယောက်အား ဖမ်းဆီးခေါ်ဆောင်=====================================

28, June, 2015 By Voice Of Kachinမိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊နမ္မချီမှော်၌ ကျောက်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးကျော်ဝင်းထံမှ KIA နှင့် ပက်သက်သူတစ်ဦးကအကြွေးရစရာရှိသည်ဟုဆိုကာ တိုင်ကြားသဖြင့်ဦးကျော်ဝင်း၏ သားဖြစ်သူ(၂၁)နှစ် နောနော်၊ သမီးဖြစ်သူ(၂၃)နှစ် မခေါန်စိန် တို့အား KIA ရင်း(၂၆)မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ထို့နောက်ဦးကျော်ဝင်းမှာ ကျပ်သိန်း(၅၀၀)နှင့် ၎င်းပိုင်ဆိုင်သော ကားတစ်စီးကိုပါ ပေးဆောင်ကာ ပြန်လည်ရွေးယူခဲ့ရကြောင်း သိရှိရပါသည်။ နမ္မချီမှော်၏ အနောက်ဘက်တွင် ရင်း(၂၆)ရှိပြီးမကြာခဏ မှော်အတွင်းသို့လာရောက်ကာ ဆက်ကြေးကောက်ခြင်း မရပါက ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေဖြင့် လာရွေးခိုင်းခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများမှ တစ်ဆင့် သိရှိရပါသည်။

No comments: