Monday, June 29, 2015

ဖားကန့်တွင် မြေစာပုံပြိုကျ၍ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံ

ဖားကန့်တွင် မြေစာပုံပြိုကျ၍ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး

27.6.2015ဖားကန့်မြို့နယ်အတွင်း ရှိ ရတနာရောင်ခြည်ကုမ္ပဏီလုပ် ကွက်မှ စွန့်ပစ်မြေစာပုံ ဇွန်လ ၂၆ ရက်နံနက်ကပြိုကျ၍ ရေမဆေး ကျောက်ရှာဖွေသူလေးဦးသေဆုံး ကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ငိုးပင်းကျေးရွာရှိ ရတနာ ရောင်ခြည် ကုမ္ပဏီလုပ်ကွက် အတွင်း စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ ခြင်းဖြစ်ကာအမျိုးသားလေးဦးသေ ဆုံးသည်ဟု အတည်ပြုထားနိုင်ကြောင်းလုံးခင်းနယ်မြေရဲစခန်မှူး ရဲအုပ်တင်ကိုကိုက ပြောသည်။‘‘လူလေးယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရတာ တော့ အတည်ပြုထားနိုင်ပါတယ်။ ပျောက်နေတဲ့သူတွေ အတိအကျ မသိသေးဘူး။ ပြန်ရှာဖို့စီစဉ်နေ တယ်’’ဟု ရဲအုပ်တင်ကိုကိုကပြော သည်။ဒေသခံအချို့ကမူ မြေပြိုကျ မှုအတွင်းပျောက်ဆုံးနေသူ ၂၀ ဦး ခန့်ရှိနိုင်ကြောင်း ပြောသည်။‘‘လူပဲဝင်ပြီးသွားရှာရင်လည်း ကျင်းကပြန်ပြိုလာတော့ ရှာဖို့ ခက်နေကြတယ်။ ဘက်ဟိုးတွေ လည်းဝင်လို့မရဘူး’’ဟု ကလော မှော်ဒေသခံတစ်ဦးကဆိုသည်။ရဲအုပ်တင်ကိုကိုကမူပျောက် ဆုံးနေသူရှိ၊မရှိ လောလောဆယ် အတည်မပြုနိုင်ကြောင်း ပြော သည်။ဖားကန့်ဒေသတွင် ကျောက် ရှာဖွေရေးကုမ္ပဏီလုပ်ကွက်များ ၌ ကျင်းပြိုကျသဖြင့်လူသေဆုံးမှု များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ဖားကန့်မြို့နယ်ပတ်ဝန်းကျင် တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီနှစ်ရာခန့်မှ လုပ်ကွက် ပေါင်း ထောင်ချီရှိနေပြီး စွန့်ပစ် မြေစာပုံပြိုကျမှုကြောင့် လူသေ ဆုံးမှုလည်း မကြာခဏ ဖြစ်ပွားပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ လစဉ် နှစ်ကြိမ်မှ သုံးကြိမ်အထိ စွန့်ပစ်မြေစာပုံပြိုကျကာ သေဆုံး သူ ၆၀ ခန့်နှင့် ဒဏ်ရာရသူ ၃၀ ခန့် ရှိကြောင်း ကချင်ပြည်နယ်ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။7Day Daily

No comments: