Saturday, June 27, 2015

နိုင်ငံရေးပါတီများအတွက် မေးခွန်းများ (၁၀)

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် ရှည်လျားခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခများ အဆုံး သတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရ နိုင်ဖို့အတွက် လက်ရှိအစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်။ သမ္မတကိုယ်တိုင်ဦးဆောင်တဲ့ပြည် ထောင်စုငြိမ်းချမ်းရေးဗဟို ကော် မတီ၊ ဒုသမ္မတ စိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီ တွေ ဖွဲ့စည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေး လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ ‘‘တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်’’ကို လက်နက်ကိုင်ပဋိပက္ခ မှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း အားလုံးက ခေါင်းဆောင်များအား လုံး သဘောတူလက်မှတ်ရေးထိုး နိုင်ဖို့ ကြိုးစားနေပါတယ်။ ၂၀၁၅ မတ်လ ၃၁ ရက်မှာ ‘‘အပစ်အခတ် ရပ်စဲရေးစာချုပ်- မူကြမ်း’’ကို နှစ် ဖက်အလုပ်အဖွဲ့များ သဘောတူ ခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော် ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များက ဒီစာချုပ်မူကြမ်းကို လက်မှတ်ရေး ထိုးဖို့ အဆင်သင့်ဖြစ်နေကြပြီး ၂၀၁၅ထဲမှာ ဦးသိန်းစိန်ရဲ့ သမ္မ တသက်တမ်းမကုန်ခင်မှာ အပြီး သတ်လက်မှတ်ရေးထိုးနိုင်လိမ့် မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင် များကတော့ အဆင်သင့်မဖြစ်ကြ သေးပါ။ ကျင်းပပြီးခဲ့တဲ့ လော်ခီး လာညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်များက အစိုးရနဲ့ထပ် မံဆွေးနွေးပြီး စာချုပ်မှာထည့် သွင်းရမယ့်အချက်တွေကို ဖော် ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို သမ္မတဦးသိန်းစိန်ရဲ့ သက်တမ်း အတွင်းမှာ လက်မှတ်မရေးထိုး နိုင်ဘဲ နောက်သမ္မတ အသစ်က ဆက်လက်ဆောင်ရွက်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပဲ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရင်တောင်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နောက်ဆက်တွဲအခြားအဆင့်တွေကို သမ္မတအသစ်၊ လွှတ်တော်အသစ်တို့က ဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးပါတီများ ကြိုတင်ပြင် ဆင်ထားတဲ့ ‘‘ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ’’ကို ပြည်သူအများသိချင်ကြပါလိမ့်မယ်။ လက်ရှိအစိုးရက အကောင် အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အကြမ်းဖျင်းအား ဖြင့် အဆင့်လေးဆင့်ရှိပါတယ်။ ပထမအဆင့်မှာ ‘‘တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲ ရေးစာချုပ်ကို လက်နက်ကိုင်ပဋိပ က္ခမှာ ပါဝင်နေကြတဲ့ အဖွဲ့အ စည်များအားလုံးက သဘောတူ လက်မှတ်ရေးထိုးရန်’’ ဖြစ်ပါ တယ်။ လက်မှတ်ရေးထိုးပြီးတဲ့ နောက် ရက်ပေါင်း ၆၀ အတွင်း ဒုတိယအဆင့်ဖြစ်တဲ့ ‘‘နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အခြေခံမူ ဘောင်များ ချမှတ်ရေး’’ ဆွေးနွေး ကြရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာ တော့ နှစ်ဖက်လက်နက်ကိုင်အင် အားစုများတင်မကတော့ဘဲ နိုင်ငံ ရေးပါတီများ၊ လွှတ်တော်ခေါင်း ဆောင်များပါ ပါဝင်ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲများကို စနစ် တကျ ကျင်းပနိုင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင် ဆွေးနွေးခွင့်ရရှိရေးနဲ့ တိုင်းပြည် ရဲ့ အရေးကြီးကိစ္စများအားလုံးကို ထည့်သွင်းဆွေးနွေးနိုင်ရေးအ တွက် လိုအပ်တဲ့ မူဘောင်များကို ချမှတ်ရမှာပါ။ မူဘောင်များအ ပေါ် သဘောတူညီမှုရပြီး ရက် ပေါင်း ၉၀ အတွင်းမှာ ချမှတ်ထား တဲ့ မူဘောင်များနဲ့အညီ တတိယ အဆင့်အဖြစ် ‘‘နိုင်ငံရေးဆွေးနွေး ပွဲများကျင်းပရန်’’ ဖြစ်ပါတယ်။ နောက်ဆုံး စတုတ္ထအဆင့်က တော့ ‘‘နိုင်ငံရေးဆွေးနွေးပွဲက ရရှိ တဲ့ သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်က အ တည်ပြုပြီး နိုင်ငံတော်ဖွဲ့စည်းပုံအ ခြေခံဥပဒေကို လိုအပ်သလိုပြင် ဆင် ဖြည့်စွက်ရန်’’ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အရ ပထမအ ဆင့်ဖြစ်တဲ့ ‘‘အပစ်အခတ်ရပ်စဲ ရေးစာချုပ်’’ကို လက်မှတ်ရေးထိုး ပြီးမှ ကျန်တဲ့အဆင့်တွေကို ဆက် လက်အကောင်အထည်ဖော်နိုင် မှာဖြစ်ပါတယ်။ ပထမအဆင့်မှာ ကြန့်ကြာနေသရွေ့ ကျန်တဲ့အဆင့် များကို ဆက်နိုင်မှာမဟုတ်ပါ။ လက်ရှိအခြေအနေမှာတော့ သမ္မ တဦးသိန်းစိန်မျှော်လင့်ခဲ့သလို ဧ ပြီလ၊ မေလတွေလောက်မှာလက် မှတ်ရေးထိုးဖို့ဆိုတာ မဖြစ်နိုင် တော့သလို ၂၀၁၅ အတွင်းမှာ လက်မှတ်ရေးထိုးနိုင်မလားဆို တာလည်း မသေချာပြန်ပါ။ လော်ခီးလာညီလာခံမှာ တက်ရောက်ဆွေးနွေးတဲ့ တိုင်း ရင်းသားလက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များက ၂၀၁၅ မတ် လ ၃၁ရက်မှာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များရဲ့ ‘‘တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး ကော်မတီ (NCCT)’’တို့ သဘော တူခဲ့ကြတဲ့ ‘‘အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် နောက် ဆုံးမူကြမ်း (Final Draft)’’အပေါ် မှာ အပြည့်အ၀သဘောမတူကြ ပါ။ ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ အချက်အလက်တွေ၊ တပ်ပိုင်း ဆိုင်ရာအချက်အလက်တွေ ထပ် မံဖြည့်စွက်ချင်ကြပါတယ်။ ပြီး တော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲ ရေး မဆွေးနွေးရသေးတဲ့ ‘‘ရက္ခိုင့် တပ်မတော်၊ တအာင်န်း(ပလောင်) လွတ်မြောက်ရေးအဖွဲ့၊ ကိုးကန့် အဖွဲ့ ’’တွေ မပါဝင်ဘဲနဲ့ အပစ်အ ခတ်ရပ်စဲရေးစာချုပ်ကို လက် မှတ်မရေးထိုးချင်ကြပါ။ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတသက် တမ်းအတွင်းမှာပဲ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုး ပြီး နိုင်ငံရေးဆွေးနွေးပွဲများကို စ တင်ခဲ့ချင်ပေမယ့် တိုင်းရင်းသား ခေါင်းဆောင်များက နောက်အစိုး ရလက်ထက်ကျမှ နိုင်ငံရေးဆွေး နွေးပွဲတွေ စတင်နိုင်မှာကို စိုးရိမ် ပူပန်ခြင်းမရှိပါ။ ဒီဖြစ်စဉ်ကို ဝေဖန်ကြည့် မယ်ဆိုရင် သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်း မှာ အပစ်အခတ်ရပ်စဲရေးစာချုပ် ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ခဲ့ချင်တဲ့ စိတ်အားထက်သန်နေတာ တွေ့ ရပေမယ့် သူ့ရဲ့ စိတ်အားထက် သန်မှုကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်က တူညီတဲ့ စိတ်အာထက်သန်မှုနဲ့ မတုံ့ပြန်ဘဲ သံသယစိတ်နဲ့ တုံ့ပြန်တာကိုတွေ့ ရပါတယ်။ တိုင်းရင်းသား ခေါင်း ဆောင်များက သမ္မတရဲ့တပ်မ တော်အပေါ် သြဇာသက်ရောက်မှု အတိုင်းအတာကိုလည်း သံသယ ရှိပုံရပါတယ်။ ဒါကြောင့်မို့ သမ္မ တရဲ့ စိတ်အားထက်သန်မှုကိုယ် တိုင်က သမ္မတရဲ့ အားနည်းချက် ဖြစ်နေပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တချို့က သမ္မတရဲ့ အားနည်းချက်အပေါ် အမြတ် ထုတ်ချင်တဲ့ လက္ခဏာလည်း တွေ့ရပါတယ်။ တချို့တိုင်းရင်း သားခေါင်းဆောင်များကတော့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး၊ နိုင်ငံရေးဆွေး နွေးပွဲတွေ စတင်ခြင်းဖြင့် ဦးသိန်း စိန်အတွက် နိုင်ငံရေးအောင်ပွဲကြီး တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ် မှာကို စိတ်မသက်မသာဖြစ်နေပုံ ရပါတယ်။ သမ္မတကိုယ်စားတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးနေကြသူများရဲ့ အလွန်အကျွံကတိပေးမှုများ၊ ငွေ ရေးကြေးရေးပွင့်လင်းမြင်သာ ခြင်းမရှိမှုများ၊ အာမခံချက်အတိ အကျမရှိဘဲ အလွန်အကျွံလိုက် လျောမှုများ၊ လာဘ်ထိုးတယ်လို့ ယူဆနိုင်တဲ့ ကားပါမစ်လို လက် ဆောင်ပဏ္ဏာ ပေးအပ်မှုများက လည်း သမ္မတရဲ့ စိတ်စေတနာကို ပိုပြီးအားနည်းစေပြန်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ကတစ်ဆင့် နောက်အစိုးရအာ ဏာကို ရယူဖို့ပြင်ဆင်နေတဲ့ နိုင် ငံရေးပါတီများအနေနဲ့ ‘‘ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများ’’ ကို လေးလေးနက်နက်ပြင်ဆင်ချ မှတ်ထားဖို့ လိုအပ်ပါတယ်။ ဥပ မာအားဖြင့် ‘‘မြန်မာ့ငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center)’’ကို ဆက်လက်အသုံးချ ဖို့ လို၊ မလို၊ လိုအပ်ဦးမယ်ဆိုရင် လက်ရှိလူတွေကို ဆက်လက်တာ ၀န်ပေးသင့်၊ မပေးသင့်။ ဒါမှမ ဟုတ် အမည်တစ်မျိုးနဲ့ ပုံစံပြောင်း ပြီး ဖွဲ့စည်းဖို့ သင့်၊ မသင့်။ မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာနကို နိုင်ငံခြား ငွေကြေးထောက်ပံ့မှုမယူဘဲ နိုင်ငံ့ ဘဏ္ဍာငွေနဲ့ ရပ်တည်နိုင်ခြင်းရှိ၊ မရှိ စတဲ့အချက်တွေကို အလေး အနက်စဉ်းစားပြင်ဆင်သင့်ပါ တယ်။ ‘‘တစ်နိုင်ငံလုံးဆိုင်ရာ အ ပစ်အခတ်ရပ်စဲရေးစာချုပ်’’လက် မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သဘောမတူ နိုင်တဲ့ ကိစ္စတွေအတွက် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့ တိုက်ရိုက်တွေ့ဆုံညှိနှိုင်း ပြီး အဖြေရှာသင့်ပါတယ်။စာချုပ် တွေ စောစောစီးစီးလက်မှတ်ရေး ထိုးနိုင်ဖို့၊ အစည်းအဝေးတွေ စောစောစီးစီး စတင်နိုင်ဖို့ထက် သက်ဆိုင်သူအားလုံးသေသေချာ ချာ ခိုင်ခိုင်မာမာသဘောတူညီနိုင် တဲ့ စာချုပ်ကို ရေးဆွဲဖို့၊ သက်ဆိုင် သူအားလုံးပါဝင်ခွင့်ရပြီး သက် ဆိုင်သူအားလုံး ယုံယုံကြည်ကြည် ရဲရဲရင့်ရင့်တက်ရောက်ဆွေးနွေး နိုင်မယ့်၊ ရလဒ်တကယ်ထွက်မယ့် အစည်းအဝေးတွေ ကျင်းပနိုင်ဖို့ က ပိုပြီးအရေးကြီးတာမို့ အစိုးရ သစ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒမှာ အ တိအကျအချိန်ကန့်သတ်ချက် တွေ မပါဝင်သင့်ပါ။ အချိန်ကန့် သတ်ချက်တွေရဲ့ ဖိအားပေးမှုနဲ့ အလျင်စလို ဆောင်ရွက်ရတာမ ဖြစ်သင့်ပါ။နိုင်ငံရေးပါတီ၊ နိုင်ငံရေးမူဝါဒ၊ ရွေးကောက်ပွဲနှင့်မဲဆန္ဒရှင်များ၏ အခွင့်အရေး အတိုက်အခံနိုင်ငံရေးပါတီ တွေက ပြောလေ့ရှိပါတယ်။ သူ တို့ပါတီဟာ စစ်အစိုးရရဲ့အမွေခံ ကြံ့ခိုင်ရေးပါတီမဟုတ်တာနဲ့ တင် ပြည်သူလူထုက မဲပေးရွေး ချယ်ဖို့ လုံလောက်နေပြီလို့ ပြော ကြပါတယ်။ သူတို့ပါတီဟာ စစ် အစိုရရဲ့မတရား၊ မမျှတမှုများကို နှစ်ပေါင်းများစွာ ဆန့်ကျင်ဝေဖန် ရဲခဲ့တာမို့ သူတို့ပါတီသာအာဏာ ရရင် လက်ရှိအစိုးရထက်အများ ကြီး ပိုရိုးသားသန့်ရှင်းပြီး တိုင်း ပြည်ကို အများကြီးပိုတိုးတက်စေ မယ်လို့ ဆိုပါတယ်။ သူတို့ပါတီ ၀င်များဟာ အာဏာရှင်စနစ်ကို ရဲရဲဆန့်ကျင်ရင်ဆိုင်ပြီး နှစ်ပေါင်း များစွာ အကျဉ်းကျခဲ့ရသူများဖြစ် ကြတာမို့ သူတို့ပါတီသာ အစိုးရ ဖွဲ့နိုင်ရင် တကယ့်ကိုသန့်ရှင်းစင် ကြယ်တဲ့ အစိုးရဖြစ်လိမ့်မယ်လို့ လည်း ကြွေးကြော်ကြပါတယ်။ ကျွန်တော်ကတော့ဒီလောက် နဲ့ လုံလောက်တယ်မထင်ပါ။ မဲ ဆန္ဒရှင်ပြည်သူများအနေနဲ့ သူတို့ မဲဆန္ဒပေးရမယ့် နိုင်ငံရေးပါတီ တွေ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေဟာ ရိုးသားဖြောင့် မတ်သူများ၊ ပြည်သူ့အကျိုးအမှန် တကယ်သယ်ပိုးလိုသူမျာဖြစ်ရုံ တင်မက တိုင်းပြည်ကို မှန်မှန်ကန် ကန် အုပ်ချုပ်နိုင်စွမ်းရှိသူများ လည်း ဖြစ်စေချင်ကြမှာပါ။ ကိုယ် စားလှယ်လောင်းများရဲ့ ရိုးသား ဖြောင့်မတ်မှုကိုတော့ သူတို့ရဲ့ဘ ၀ဖြတ်သန်းမှုနဲ့ ကိုယ်ရေးမှတ် တမ်းကို ကြည့်ရင် သိနိုင်မှာဖြစ် ပေမယ့် တိုင်းပြည်ကို အုပ်ချုပ်နိုင် စွမ်းရှိ၊ မရှိကိုတော့ သက်ဆိုင်ရာ ပါတီများရဲ့ နိုင်ငံရေးမူဝါဒများကို ကြည့်ပြီးအကဲခတ်ရမှာပါ။ ရွေး ကောက်ပွဲကျင်းပဖို့ လေးလ လောက်အလို၊ အစိုးရသစ်၊လွှတ် တော်အသစ်ဖွဲ့စည်းဖို့ ခြောက် လ၊ ခုနစ်လလောက်အလိုမှာ ရွေး ကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ တိုင်းဟာ နိုင်ငံတော်အုပ်ချုပ်ရေး မူဝါဒတွေကို ပြင်ဆင်ရေးဆွဲပြီး ဖြစ်သင့်ပါပြီ။ အထွေထွေရွေး ကောက်ပွဲဆိုတာ ကိုယ်စားလှယ် လောင်းတွေတင် ယှဉ်ပြိုင်ကြတာ မဟုတ်ပါ။ နိုင်ငံရေးပါတီများရဲ့ မူဝါဒများလည်း ယှဉ်ပြိုင်ကြတာ ပါ။ လူရော၊ မူရော ယှဉ်ပြိုင်ကြရ မှာပါ။ နိုင်ငံရေးပါတီများအနေနဲ့ သူတို့ပါတီအာဏာရရင် တိုင်း ပြည်ကို ဘယ်လိုစီမံအုပ်ချုပ်မယ်၊ ဘယ်လို ဥပဒေပြုမယ်ဆိုတဲ့ မူဝါ ဒတွေကို ရွေးကောက်ပွဲမတိုင်မီမှာ ပြည်သူလူထုကို ချပြသင့်ပါပြီ။ ဒါ မှလည်း ပြည်သူလူထုကနိုင်ငံရေး ပါတီများရဲ့ မူဝါဒများကို နှိုင်းယှဉ် လေ့လာပြီး အကောင်းဆုံးဖြစ်နိုင် တာကို ရွေးချယ်ကြပါလိမ့်မယ်။ ဒီဆောင်းပါးရှည်နဲ့အတူ ကျွန် တော်က ပြည်သူလူထုကိုယ်စား နိုင်ငံရေးပါတီများကို မူဝါဒဆိုင် ရာ မေးခွန်း ၁၀ ခု မေးလိုက်ပါ တယ်။ နိုင်ငံရေးပါတီများက ပြည် သူလူထုကို လေးလေးစားစား ဖြေ ကြားပေးစေချင်ပါတယ်။

No comments: