Thursday, June 18, 2015

ဖားကန့်ရဲတပ်ရင်း ဗုံးဖြင့်ပစ်ခတ်ခံရ၊ ရဲအရာရှိ ၂ ဦး ဒဏ်ရာရ===========================

ဖားကန့်ရဲတပ်ရင်း ဗုံးဖြင့်ပစ်ခတ်ခံရ၊ ရဲအရာရှိ ၂ ဦး ဒဏ်ရာရ===========================

၁၈.၆.၂၀၁၅-

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ဇွန် ၁၇ ရက်နေ့ညက အစိုးရရဲလုံခြုံရေးတပ်ရင်းတွေ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲအရာရှိ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဖားကန့်ရဲစခန်းကပြောပါတယ်။-ဇွန် ၁၇ ရက်နေ့ ည ၇ နာ၇ီ မိနစ် ၃၀ အချိန် ဆိတ်မူကျေးရွာအုပ်စု နတ်မော်ရွာမှာရှိတဲ့ အစိုးရလုံခြုံရေး ရဲတပ်ရင်း အမှတ် ၃၀ ကို ကေအိုင်အေဘက်က လက်ပစ်ဗုံးနဲ့ လှမ်းပစ်ပြီး ၁၅ မိနစ်လောက်အကြာမှာ ဖားကန့်မြို့အ၀င် ဥရုချောင်းတံတားထိပ်နားက အမှတ် ၃၁ ရဲတပ်ရင်း ကင်းတဲထဲကိုလည်းလက်ပစ်ဗုံးနဲ့ ပစ်ခံရတဲ့အတွက် ရဲအရာရှိတွေ ဒဏ်ရာရခဲ့တာလို့ဖားကန့်မြို့မရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။-“နတ်မော်ရွာမှာ လုံခြုံရေးယူနေတဲ့ ရတဖ ၃၀ ရဲတပ်ဖွဲ့ကို ကေအိုင်အေဘက်က အဝေးကနေ ဗုံးနဲ့လှမ်းပစ်တာ ဒုရဲမှူးတဦး ဒဏ်ရာရသွားပါတယ်။ ဗုံးလာတော့ သူက သူ့တပည့်ကို တွန်းလိုက်တာ သူ့ကိုထိသွားတယ်၊ အခုဖားကန့်ဆေးရုံမှာ ကုသနေပါတယ်။-ဒဏ်ရာသိပ်မများဘူးလို့ပြောပါတယ်။ အဲဒါ သိပ်မကြာဘူး နောက်ထပ် ၁၀ မိနစ် ၅ မိနစ်ကြာတော့ ဖားကန့်အ၀င် ရဲကင်းမှာလည်း အပစ်ခံရတယ်၊ အဲဒီမှာ ဒုရဲအုပ်တဦးကိုထိမှန်ပါတယ်။ ဗုံးအစအနေတွေ မှန်တယ်။ အခုသူလည်း ဖားကန့်ဆေးရုံမှာပဲ။”-မနေ့က ဖားကန့်-မိုးကောင်းသွား လမ်းပေါ်မှာရှိတဲ့ ကာမိုင်းဘက်မှာလည်း ပစ်ခတ်မှုတွေရှိခဲ့သလို ဖားကန့်မြို့ အရှေ့မြောက်ဘက် လုံးခင်းကျေးရွာအုပ်စုဘက်မှာလည်း မနေ့ည ၈ နာရီ ၁၁ မိနစ်မှာ တကြိမ်၊ ၈ နာရီ ၅၂ မိနစ်မှာတကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နေရာနဲ့ ဒဏ်ရာရမှုအခြေအနေအစီရင်ခံချက် တက်မလာသေးဘူးလို့ လုံးခင်းရဲစခန်းတာဝန်ကျရဲ ၀န်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။-ဗုံးပေါက်ကွဲရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်စိုးကတော့ဗုံးပေါက်တဲ့နေရာဟာ လူသူနဲ့ မနီးတဲ့အတွက် လူနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ပြောပါတယ်။-“ပထမပေါက်ကွဲတဲ့ဗုံးက လုံးခင်းမှာရှိတဲ့ စစ်တပ်ရဲ့ ကိုက် ၃၀၀ အကွာ လယ်ပြင်အစပ်မှာ ပေါက်ကွဲတာဖြစ်တယ်။ ဒုတိယတလုံးက လုံးခင်းအုပ်စု ဆိုင်းရာ ရွာသစ်မှာ ဖြစ်ပါတယ်။ လူနေတဲ့နေရာနဲ့ ဝေးတော့ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး၊ ဖားကန့်ဘက်မှာတော့ မရှီကထောင် ကျေးရွာ ဘေလီတံတားနား ကင်းစောင့်နေတဲ့လုံထိန်းရဲတွေလည်း အပစ်ခံရတယ်လို့ ကြားပါတယ်။”-ဇွန် ၁၅ ကနေ ၁၇ အထိ ကောင်းခါး၊ နမ့်ယားရွာဘက်မှာရော ဖားကန့် – မိုးကောင်းသွား လမ်းမဘက်မှာပါ ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။===DVB

No comments: