Monday, June 29, 2015

ဆွမ်ပရာဘွမ် ဒေသ တိုက်ပွဲ၌ မြန်မာတပ် မှ ဒုရင်းမှူး (၁)ဦးကျ===

ဆွမ်ပရာဘွမ် ဒေသ တိုက်ပွဲ၌ မြန်မာတပ် မှ ဒုရင်းမှူး (၁)ဦးကျ=======================================

ကချင် ပြည်နယ် အနောက်ဘက်ခြမ်းရှိ ကေအိုင်အေ တပ်မဟာ(၁)ဒေသ ဆွမ်ပရာဘွမ် နှင့် (၁၂) မိုင်အကွာ ရှိ ကေအိုင်အေ ထိန်းချုပ်နယ်မြေ Mali yang ကျေးရွာ အနီးရှိ ကေအိုင်အေ ရှေ့တန်း လုံခြုံ ရေးတပ်စခန်း တခုအား (၂၆.၆.၂၀၁၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန် ခန့် ၌ မြန်မာ စစ်တပ် (ခ.မ.ရ-၁၃၈)တပ် မှ လာရောက်ထိုးစစ်ဆင် ကျူးကျော်တိုက် ခိုက်ခြင်း ကြောင့် ကေအိုင်အေ တပ်မဟာ(၁) လက်အောက်ခံ တပ် များ နှင့် မြန်မာ စစ်တပ်တို့ အကြား တိုက်ပွဲအပြင်း အထန် ဖြစ်ပွား ခဲ့ ကြကြောင်း သတင်းရရှိပါသည်။ဤ တိုက်ပွဲ တွင် မြန်မာ စစ်တပ်ဘက်မှ အရာရှိ ဒုတပ်ရင်းမူး (၁)နှင့် အတူ အခြားသော စစ်သား (၄)ဦး ကျဆုံးခဲ့ ကြောင်း သတင်းရရှိပါသည်။

No comments: