Thursday, June 18, 2015

ဖားကန့် ဒေသ ကေအိုင်အေ တပ်ရင်း(၆) နယ်မြေ မှာ အစိုးရတပ် နဲ့ မိမိ ကေအိုင်အေ တပ်ဖွဲ့ တို့  မနေ့က ၃ ရက်မြောက် တိုက်ပွဲ ဖြစ်နေပါတယ် ။

ဖားကန့် ဒေသ ကေအိုင်အေ တပ်ရင်း(၆) နယ်မြေ မှာ အစိုးရတပ် နဲ့ မိမိ ကေအိုင်အေ တပ်ဖွဲ့ တို့  မနေ့က ၃ ရက်မြောက် တိုက်ပွဲ ဖြစ်နေပါတယ် ။ ဗမာအစိုးရတပ် ( ၄၂၃) (၄၂၄ ) တပ်ရင်းတွေ ကေအိုင်အေ တပ်ရင်း(၆) နယ်မြေ ထဲကို ၀င်ရောက်လှုပ်ရှား လာတဲ့အတွက် တိုက်ပွဲဖြစ်ရတာဖြစ်ပြီး အစိုးရတပ်ဘက်က အရာရှိများ အပါအ၀င် ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့  လုံးခင်းဆေးရုံ နဲ့ နီးစပ်တဲ့ သူများက ပြောပါတယ် ။မနေ့ က မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ စခန်းချထားတဲ့ နော်လန်ပိုစ့် ဘက်ကို အစိုးရတပ်(၄၂၄) က လက်နက်ကြီးများနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်အား (၅၀)ခန့် ပါတဲ့ စစ်ကြောင်းက အဆိုပါ ပို့ စ်ဘက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ် ။ဒီနေ့ မနက်ပိုင်း မှာတော့ ဖားကန့် ဘက်က စစ်ကူတက်လာတဲ့ အစိုးရစစ်ကြောင်း တစ်ခု လမ်းခုလတ်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရပါတယ် ။ အစိုးရတပ်ဘက်က ထိခိုက်ကျဆုံးမှုရှိပြီး ဒဏ်ရာရသူများကိုတော့ လောလောဆယ် လုံးခင်းဆေးရုံ မှာ ပို့ ထားတယ်လို့ ထပ်ပြီး သိရပါတယ် ။Lung Jung

Kachin Newsဖားကန့်

No comments: