Saturday, June 27, 2015

ဇွန်လ ၂၆ ရက် တစ်ရက်တည်း တအာင်းဒေသ တိုက်ပွဲ (၄) ကြိမ် မြောက်ဖြစ်ပွား


27.6.2015

တအာင်းဒေသ၊ တပ်မဟာ(၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကျောက်ဖြူ ကျေးရွာအနီးတွင်ယနေ့ဇွန်လ ၂၆ ရက် ညနေ ၁၈း၁၀ နာရီအချိန်မှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၉၈၇/၅၂၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှု မသိရှိရသေးပါ။
ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် မန်တုံမြို့နယ်၌ ညနေ ၁၄း၁၅ နာရီ ခဲအော် ကျေးရွာ အနီးတွင် လည်းကောင်း၊ ၁၄း၃၀ နာရီ နားလိုင်ကျေးရွာ အနီးတွင် လည်းကောင်း၊ တအာင်းတပ်မတော် တပ်ရင်း (၄၇၈)နှင့် ၁၅း၃၀းမှ ၁၅း၅၀ အချိန်ထိ ပန်ကန်းကျေးရွာတွင်လည်းကောင်း တအာင်းတပ်မတော် တပ်ရင်း (၉၉၉)နှင့် မြန်မာ့တပ်မတော် တပ်မ (၉၉)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုတိုက်ပွဲသည် ဇွန်လ ၂၆ ရက်နေ့ (၄) ကြိမ်မြောက် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA

No comments: