Tuesday, June 30, 2015

ဖားကန့်တွင် စစ်ရေးတင်းမာ

ဖားကန့်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ ကြား စစ်ရေးတင်းမာနေပြီး ကျေးရွာအချို့ရှိ ဒေသခံများအား ကြိုတင် တိမ်းရှောင်ရန် ပြောကြားထားကြောင်း သတင်းရရှိသည်။ တိုက်ပွဲ ပြန်လည်ဖြစ်ပွား လာနိုင်သည့်အတွက် ဖားကန့်နှင့် ကာမိုင်းကြားရှိ ကပ်မှော်၊ ဆိုင်းခါ အပါအ၀င် ကျေးရွာအချို့မှ ဒေသခံများ တိမ်းရှောင်ကြရန် တပ်မတော်ဘက်က ဇွန်လ ၂၈ ရက် တွင် ခေါ်ယူပြောဆိုခဲ့သည်ဟု ရွှေ့ ပြောင်းရန် ပြောဆိုခြင်းခံခဲ့ရသည့်ကျေးရွာတစ်ရွာမှ သင်းအုပ်ဆရာ တစ်ဦးက ပြောသည်။ မြစ်ကြီးနားအခြေစိုက် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ‘‘ဗျူ ဟာမှူးက ခေါ်ပြောခဲ့တယ်လို့ ကျွန်တော်တို့လည်း ကြားနေပါ တယ်’’ဟု 7Day Daily အား ပြောသည်။ အဆိုပါ ကျေးရွာများသည် အသင့်နေရာယူထားသော မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတပ် ရင်း (၆) တို့ကြား တည်ရှိနေကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ဆိုသည်။ ဖားကန့်နှင့် ကာမိုင်းဒေသကြားတွင် ယခုရက်ပိုင်းအတွင်း အစိုးရဘက်မှ စစ်အင်အားတိုးချဲ့လာကြောင်း ကေအိုင်အေအရာရှိတစ်ဦးက ပြောသည်။ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် နီးစပ်သည့် ကချင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ ယင်းသတင်းများနှင့် ပတ်သက်၍ ငြင်းဆိုသည်။ ‘‘တပ်က ရှေ့တန်းနဲ့ နောက် တန်းပြန်ချိန်းတာမျိုးပါ။ လှုပ်ရှား မှုတွေရှိတော့ နားလည်မှုလွဲပြီး ထိတွေ့တာတွေတော့ ရှိပါတယ်’’ ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။ ရွှေ့ပြောင်းရန် စေခိုင်းခြင်း ခံခဲ့ရမှုနှင့် ပတ်သက်၍ ၎င်းက ‘‘ဟိုလိုထွက်ပြေးတာတော့ မဟုတ်ပါ ဘူး။ ကြောက်လန့်နေကြတဲ့ သ ဘောပါပဲ’’ဟု 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။ ထို့အပြင် ကေအိုင်အေဘက်မှ ဆက်ကြေးကောက်ယူမှုများကြောင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လလယ်က ဖားကန့်ဒေသတွင် မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူရာဂဏန်း တိမ်းရှောင်ခဲ့ရသည်။

No comments: