Sunday, June 28, 2015

ရိက္ခာပျက်လက်မှုကြောင့် ဝေးလံခေါင်ပါးသော KIA စခန်းများသို့ ရိက္ခာအစား မူးယစ်ဆေးဝါး များသာ ပေးပို့ဟုဆို ===========================


ရိက္ခာပျက်လက်မှုကြောင့် ဝေးလံခေါင်ပါးသော KIA စခန်းများသို့ ရိက္ခာအစား မူးယစ်ဆေးဝါး များသာ ပေးပို့ဟုဆို
===================================

ကချင်လက်နက်ကိုင် သောင်းကျန်းသူ KIA သည် ယခုနှစ်စပိုင်းမှစတင်ကာ ရိက္ခာပျက်လက်မှုများကြောင့် ဝေးလံခေါင်ပါးသော စခန်းများအား ထောက်ပံ့ပေးပို့နိုင်ခြင်း မရှိတော့ပဲ မူးယစ်ဆေးဝါးများကိုသာ ပေးပို့ကြောင်း သိရှိရပါသည်။

ထိုဝေးလံခေါင်းပါးသော စခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ အများဆုံးထားရှိပြီး ရိက္ခာအစား မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် အသက်ဆက်ရှင်စေကြောင်း သိရှိရသည်။ “ နယ်ခြားမှတ်တိုင်နားတွေဆီက စခန်းတွေဆိုတော်တော်ကို အခြေအနေဆိုးပါတယ်.. လမ်းခရီး ကလည်း မကောင်းဘူး နောက်ပြီး အဆက်အသွယ်ကလဲ ရတစ်ချက် မရတစ်ချက်ပဲ သူတို့ ရိက္ခာက မပို့နိုင်တော့ ဖြစ်သလိုရှာစားကြတယ် ထွက်မပြေးအောင်ဆိုပြီးတော့ မရှိမဖြစ် မူးယစ်ဆေးဝါးကို ပုံမှန်ပို့ပေးရတယ်” ဟု အလင်းဝင်လာသူ တစ်ဦးထံမှ သိရှိရပါသည်။

No comments: