Tuesday, June 30, 2015

KIA မှ အိမ်သုံးပစ္စည်းဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး ======================================

KIA မှ အိမ်သုံးပစ္စည်းဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး
======================================
29, June, 2015 By Voice Of Kachin

၂၀၁၅ ဇွန် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီချိန်ခန့်တွင် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်၊ အုပ်စု (၆) ရှိ ဒေါ်ခင်မာရေး အိမ်သုံးပစ္စည်းဆိုင်အား KIA မှ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်းလာကာ ဆိုင်အတွင်းသို့ ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းရရှိ ပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ရှေ့ရေမြောင်းအဖုံး ကွန်ကရစ်အခင်းပေါ်သို့ ကျရောက်ပေါက်ကွဲသွားပြီး ပလပ်စတစ်ထိုင်ခုံ(၁၁)လုံးနှင့် အခြားပစ္စည်းအနည်းငယ် ပျက်ဆီးသွားကြောင်း သိရှိရပါသည်။ KIA မှ ကုမ္ပဏီများ မီးရှို့သည်ကို ဒေသခံများလည်း ဖြစ်နိုင်သည်ဟု ပြောဆိုခဲ့ သော်လည်း ယခုလို အပြစ်မဲ့ပြည်သူများ၏ ဈေးဆိုင်များ၊ ဘောလုံးကွင်းများ၊ ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းမှာ KIA တစ်ဖွဲ့တည်းသာရှိကြောင်း သိရှိရပါသည်။

No comments: