Saturday, June 27, 2015

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်မှုမှ ဖမ်းဆီးရမိသော သစ်တန်ချိန် လေးထောင့်ငါးရာရှိ

ဇန်န၀ါရီလအတွင်းက ကချင်ပြည်နယ်အတွင်း ဖမ်းမိခဲ့ သော တရုတ်နိုင်ငံသားများ ပါဝင် ပတ်သက်သည့် သစ်ခိုးထုတ်မှုမှ ဖမ်းဆီးရမိသော သစ်ပမာဏကို တွက်ချက်ရာ သစ်တန်ချိန် ၄,၅၀၀ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း၆၀ ကျော် ရှိနိုင်ကြောင်း သတင်းရရှိ သည်။ ကချင်ပြည်နယ် ၀ိုင်းမော်မြို့ နယ်အတွင်း တပ်မတော်အကူအ ညီဖြင့် ဖမ်းဆီးရမိသည့် သစ်များ ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက တွက်ချက်စစ်ဆေးပြီးနောက် အ တည်ပြုပြောကြားလိုက်ခြင်းဖြစ် သည်။ ၀ိုင်းမော်မြို့နယ်တွင် တ ရားမ၀င် သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်မှုနှင့် ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားနှင့် တရုတ်နိုင်ငံ သား စုစုပေါင်း ဦးရေ ၁၅၀ကျော် နှင့်အတူ စက်ယန္တရားယာဉ်များ၊ မူးယစ် ဆေးဝါး၏ ပမာဏကိုသာ ထုတ် ပြန်ကြေညာခဲ့ပြီး သစ်လုံး တန်ချိန် အတိအကျကို ယခုမှ ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုဖမ်းဆီးရမိသည့်သစ်များ ကို ယခုကာလပေါက်ဈေးနှင့် တွက်ချက်ပါက အမေရိကန်ဒေါ် လာ သန်း၆၀ကျော် ရရှိနိုင် ကြောင်း သစ်လုပ်ငန်းရှင်တစ်ဦး က ပြောပြသည်။ ‘‘ဒါကအခုကျနေတဲ့ ဈေးနဲ့ တွက်ထားတာပါ။ သူတို့ကို ဖမ်း တုန်းက သစ်ဈေးက တက်နေ တာ။ အဲဒီနှုန်းနဲ့တွက်ရင် ဒီထက် များမယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ဖမ်းဆီးရမိသည့် သစ်များ၏ ပမာဏသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အ စိုးရဖမ်းဆီးနေသည့် ၂၀၁၂- ၂၀၁၄ ဘဏ္ဍာနှစ် ၂ နှစ်၏ပမာဏ ထက် တစ်ထောင်ကျော် ပိုများ သည်။ အဆိုပါသစ်များကို ပြည်သူ ပိုင်အနေဖြင့် အစိုးရက သိမ်း ဆည်းထားပြီး သစ်လုပ်ငန်းရှင် များကို ယခုနှစ်အတွင်း လေလံ တင်ရောင်းချမည်ဟု သတင်းရရှိ သည်။ ဖမ်းဆီးရမိသည့် တရုတ်နိုင် ငံသားများကို အစိုးရက တရားလို ပြု၍ မြစ်ကြီးနားခရိုင်တရားရုံး တွင် ပြည်သူပိုင်ပစ္စည်းအလွဲသုံး စားမှုဖြင့် တရားစွဲဆိုထားသည်။ တရားစွဲဆိုထားသည့် ပုဒ်မကို ၎င်းတို့ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သဖြင့် အမှုကို ပြန်လည် စစ်ဆေးနေသည်ဟု သတင်းရ ရှိသည်။

No comments: