Tuesday, June 16, 2015

KIA အဖွဲ့မှ ရွာအနီးဝန်းကျင်တွင် မိုင်းများထောင်ထားမှုကြောင့် ရွာသူ၊ရွာသားများ စိုးရိမ်ထိတ်လန့်

KIA အဖွဲ့မှ ရွာအနီးဝန်းကျင်တွင် မိုင်းများထောင်ထားမှုကြောင့် ရွာသူ၊ရွာသားများ စိုးရိမ်ထိတ်လန့်

ဇွန်လ ၁၆ ရက်၊ ၂၀၁၅

KIA အဖွဲ့သည် ဇွန်လ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ ၀က်ငင်းကျေးရွာသို့ ရောက်ရှိလာပြီး ရွာအနီးပတ်ဝန်းကျင်တွင် မိုင်းများထောင်ထားခဲ့ကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။အဆိုပါအဖွဲ့သည် ၀က်ငင်းကျေးရွာနှင့် နောင်ပိန်ကျေးရွာအနီးရှိ တောစပ်များတွင် မိုင်းများလာရောက်ထောင်ထားကြောင်း နှင့် ဒေသခံတိုင်းရင်းသားများအား မိုင်းနင်းမိပါကလျော်ကြေးပေးရမည်ဟု ခြိမ်းခြောက်ထားကြောင်းသိရသည်။“သူတို့အဖွဲ့တွေနေ့လည် ၁ နာရီကျော်လောက် ရောက်လာပြီး ရွာနားက တောစပ်တွေမှာ မိုင်းတွေလိုက် ထောင်နေတယ်၊ ကျွန်တော်တို့ကို မိုင်းနင်းမိရင်လျော်ကြေးပေးရမယ်ပြောတယ်၊ ပြီးတော့ သူတို့မိုင်းထောင်တဲ့နားကို လုံးဝမလာနဲ့လို့လည်းပြောတယ်၊ သူတို့တွေ ဘယ်နားမှာ ထောင်ထားမှန်းလည်းမသိဘူး၊ ရွာတွေနားမှာ မိုင်းလာထောင်တော့ ကျွန်တော် တို့က တောင်ယာသွားရင် ဘယ်ကသွားရမှာလဲ၊ဒီအချိန်မှာမှ တောင်ယာ မလုပ်ရင် ဘာနဲ့သွားစားရမှာလဲ”ဟု ဒေသခံရွာ သားတစ်ဦးက စိတ်ပျက်စွာပြောသည်။ကျေးရွာအနီးတွင်မိုင်းများ လာရောက်ထောင်ထားမှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ စားဝတ်နေရေးနှင့် အလုပ် အကိုင်များ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ဒေသခံတိုင်းရင်းသားတို့မှာလည်း စစ်မှန်သောငြိမ်းချမ်းရေးကိုတောင့်တ နေကြောင်းလည်း သိရသည်။“သူတို့က မိုင်းလာထောင်တာဆိုတော့ ဘယ်သူမှ ရွာအပြင်ကို မထွက်ရဲဘူးဖြစ်နေတယ်၊ နင်းမိရင် လူလည်း ဒုက္ခရောက် အုံးမယ်၊ လျော်ကြေးလည်းပေးရအုံးမယ်၊ ခဏခဏဆိုသလိုပဲ ဘယ်နားမှာရွာသားတွေ မိုင်း နင်းမိတယ်၊ ခရီးသွားကားတွေ ဆွဲမိုင်းဆွဲခံရတယ်၊ ဒါတွေပဲကြားနေရတယ်၊ အဲလိုနေရာတိုင်းမှာ ဖြစ်နေတော့ ဒေသခံတွေ ဘယ်မှမသွားရဲ၊ မလာရဲတွေ ဖြစ်ကုန်ကြပြီ၊ ဒီလို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာတော့ လူမဆန်ဘူးဗျာ၊ ကျွန်တော်တို့လည်း ကချင်တိုင်းရင်းသားတွေပါဗျာ၊ ဒေသဖွံ့ဖြိုးရေးအတွက်ကျတော့ သူတို့ ဘာမှလုပ်ပေးတာမရှိဘူး၊ အနီးနားက တပ်တွေကိုပဲ အကူညီ တောင်းမှ ရတော့မယ်”ဟု ၀က်ငင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။ဇော်ဆိုင်း(မန်စ

No comments: