Sunday, June 28, 2015

KIA မှ ဒေသခံများကို ဖမ်းဆီးကာ ငွေဖြင့် ပြန်လာရွေးခိုင်း=========================

KIA မှ ဒေသခံများကို ဖမ်းဆီးကာ ငွေဖြင့် ပြန်လာရွေးခိုင်း=========================

ကချင်ပြည်နယ်တွင်း နေထိုင်စားသောက်နေကြသော ဒေသခံများအား KIA မှ ဆက်ကြေး ကောက်ခြင်း လူသစ်ဆွဲခြင်း အပြစ်ရှာ၍ ဖမ်းဆီးခြင်း ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းခြင်းများ ပြုလုပ်လျှက် ရှိကြောင်း ဒေသခံများမှတစ်ဆင့် သိရှိရပါသည်။ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာနေ ဒေသခံ(၂)ဦးအား KIA အဖွဲ့မှ ဇွန် ၁၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေဖြင့်ပြန်လည်ရွေးခိုင်းခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရသည်။အဆိုပါဖြစ်စဉ်မှာ ယင်းကျေးရွာနေ ဦးကျော်ဝင်း ရေမဆေးကျောက်လုပ်ငန်းလုပ်ကိုင်သူ၏ သားနှင့်သမီး(၂)ဦးအား ဇွန် ၁၃ ရက် ည ၉ နာရီခွဲ ချိန်ခန့်တွင် KIA အဖွဲ့မှ ၎င်းတို့အခြေပြုရာ ပွန်ချောင်ဘွမ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဖခင်ဖြစ်သူ ဦးကျော်ဝင်းမှ ငွေကျပ် ၁၀ သိန်းဖြင့် သွားရောက်ခေါ်ယူခဲ့ရကြောင်း သိရသည်။၎င်းအပြင် ဇွန် ၂၂ ရက် ည ၈ နာရီအချိန်ခန့်ကလည်း ဦးကျော်ဝင်း၏သားအား KIA အဖွဲ့မှ ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပြီး ငွေကျပ် ၁၀ သိန်းဖြင့်ပြန်လာခေါ်ရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်းသတင်းရှိပါသည်

No comments: