“စစ်လှေတစ်စီးမှာ လူ ၁၇ ဦးအထိ တင်ပြီး သွားလာခဲ့တာလို့ သိရတယ်၊ သက်ဆိုင်ရာကလည်း အသက်ကယ်အကျီင်္တွေ ထုတ်ပေးပြီးသား ဖြစ်ပေမယ့် လှေကိုမပို့ဘဲ မြို့ကအိမ်မှာ ထားတယ်လို့ သိရတယ်။ ဒါကြောင့် စည်းကမ်းမလိုက်နာမှုနဲ့ လူအဆမတန် တင်ဆောင်လာလို့ ခုလို့ နစ်မြုပ်ခဲ့ရတာ ဖြစ်တယ်” ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က ရှင်းပြသည်။
စည်ပင်သာယာရေး ကော်မတီက လှေများကို အသက်ကယ်အကျီင်္များ ယူဆောင်မောင်းနှင်ရန် ထုတ်ပေးထားပြီး ဖြစ်သော်လည်း စက်လှေပိုင်ရှင်များမှာ မြို့မှာနေသည့်အတွက် လှေသို့ အသက်ကယ်အကျီင်္င်္များ မရောက်ရှိခြင်း ဖြစ်ကြောင်း စက်လှေသမားများထံမှ သိရသည်။
ပျောက်ဆုံးနေသူ လေးဦးထဲတွင် ညီအစ်မအရင်းနှစ်ဦး ပါဝင်ပြီး လက်ရှိ ညနေလေးနာရီကျော်အထိ ရှာဖွေမတွေ့ရှိသေးပေ။
No comments:
Post a Comment