Monday, August 29, 2016

လိင်တူချစ်သူများကို ရဲများက အနိုင်ကျင့်မှုများ ရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့နှစ်ဖွဲ့က အစီရင်ခံစာထုတ်ပြန်

LGBT (လိင်တူချစ်သူ) များ၏ ဘဝနှင့် အသံများအ ကြောင်းကို မြို့နယ်သုံးမြို့နယ် တွင် မှတ်တမ်းယူ၍ သုတေသန ပြုလုပ်ထားသော အချက်အလက် များအရ ရဲများသည် LGBT များ အပေါ်တွင် မတရားသဖြင့် အနိုင် ကျင့်ကြောင်း LGBT လူ့အခွင့်အ ရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းမှ သတင်းရရှိသည်။
LGBT များ လူ့အခွင့်အရေး ရရှိရေး ဆောင်ရွက်နေသည့် Colors Rainbow နှင့် Equality Myanmar အဖွဲ့က ဩဂုတ် ၂၆ ရက် အစီရင်ခံစာထုတ်ပြန်ရာတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
LGBT ဆိုသည်မှာ Lesbian (မိန်းမချင်း သဘောကျသူ)၊ Gay (ယောက်ျားချင်း လိင်တူဆက်ဆံ သူ)၊ Bisexual (လိင်နှစ်မျိုးစလုံး နှင့် ဆက်ဆံသူ)နှင့် Transgender (ဆန့်ကျင်ဘက် လိင်ကဲ့သို့ ဝတ် စားဆင်ယင်နေထိုင်သူ)များကို ဆိုလိုခြင်းဖြစ်သည်။
၎င်းတို့အဖွဲ့သည် အစီရင်ခံ စာကို ၂၀၁၄ မှ ၂၀၁၅ အထိ တစ် နှစ်ကြာ ရန်ကုန်တိုင်း လှိုင်သာ ယာမြို့နယ်၊ ပဲခူးတိုင်း ပြည်မြို့ နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ စသည့်သုံးမြို့နယ်ရှိ LGBT (လိင် တူချစ်သူများ)ကို တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာ မြို့နယ်များ၏ ရဲမှူးများ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ ဆုံမေးမြန်းခြင်းများ ပြုလုပ်၍ ပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာ တင်ပြရာတွင် Colors Rainbow အဖွဲ့၏ အစီ အစဉ်ညှိနှိုင်းရေးမှူး ဒေါ်ရီနွယ်ထွန်းက Transgender (ဆန့်ကျင်ဘက် လိင်ကဲ့သို့ ဝတ်စားနေထိုင်သူ) များကို ရဲများက ကိုယ်ထိလက် ရောက်စော်ကားခြင်း၊ မတရား ဆောင်ရွက်ခံရခြင်းမျိုးသည် စစ် တမ်းကောက်ယူထားသည့် သုံးမြို့နယ်အတွင်း လှိုင်သာယာမြို့နယ် သည် အဖြစ်အများဆုံးဖြစ်ကြောင်း 7Day Daily အား ပြောသည်။
လှိုင်သာယာတွင် ဆန့်ကျင် ဘက်လိင်ကဲ့သို့ ဝတ်စားနေထိုင် သူနှစ်ဦးကို ရဲများက ကိုယ်တုံးလုံး ချွတ်ပြီး ပြန်ခိုင်းရာ ထွက်ပြေး သဖြင့် လေးခွဖြင့် ပစ်ခံရသည်ဟူ သည့် ဖြစ်ရပ်နှင့် ကျဉ်စက်ဖြင့် တို့ ခြင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲခြင်း စသည့်ဖြစ်ရပ်များလည်း ၎င်းတို့ မှတ်တမ်းတွင် ပါဝင်ကြောင်း အစီရင်ခံစာပြုစုခဲ့သည့် Colors Rain-bow အဖွဲ့က ပြောကြားသည်။
‘‘ရဲတွေက LGBT တွေကို ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး လို့ ပြောနေပေမယ့် LGBT ဘက် မှာတော့ အကုန်လုံးလောက်နီးပါး က ရဲတွေရဲ့ တရားဥပဒေမဲ့လုပ် ရပ်တွေကို ခံစားနေရတာ ရှိတယ် ဆိုတာ ကျွန်တော်တို့ တွေ့ရ တယ်’’ဟု Colors Rainbow ၏ ပရိုဂရမ်မန်နေဂျာ ကိုလှမြတ် ထွန်းကလည်း အစီရင်ခံစာအ ကြောင်း ရှင်းပြရာတွင် ထည့်သွင်းပြောကြားသည်။
ယင်းမှတ်တမ်းအားလုံးသည် တရားရုံးသို့ မရောက်ရှိသည့် ဖြစ် ရပ်များဖြစ်ကြောင်း အဆိုပါအဖွဲ့ အစည်းက ရှင်းပြသည်။ အဘယ် ကြောင့်ဆိုသော် အာဏာပိုင်များ ကို ပြန်၍တရားစွဲနိုင်သည့် အခြေ အနေမရှိကြောင်းနှင့် တိုင်ကြား သော်လည်း အရေးမယူသည့် အ ခြေအနေများကို LGBT များ ကြုံ တွေ့နေရကြောင်း ၎င်းတို့က ပြောသည်။ ‘‘တွေ့ဆုံဆွေးနွေးမှုတွေအ ရ  ဒီ ကိစ္စကို သူတို့က ပေါ့ပေါ့တန်တန် သဘောထားတယ်’’ဟု ကိုလှမြတ်ထွန်းက ပြောသည်။
အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် မြို့ နယ် သုံးမြို့နယ်တွင် အမှုပေါင်း ၈၂၃ မှုကို ရှာဖွေခဲ့ပြီး ယင်းတို့အ နက် LGBT Case မဟုတ်သည့် ကလေးများ၊ အမျိုးသမီးများနှင့် သက်ဆိုင်သည့် အမှုများလည်း ပါဝင်နေသည်ဟု သိရသည်။ မုဒိမ်းမှု၊ ခိုးမှု၊ ခိုက်ရန်ဖြစ်ပွားမှု အစရှိသည့် အမှုပေါင်းစုံ ၈၀၀ ကျော်ထဲတွင် LGBT (လိင်တူချစ်သူ)က ၂၉ ရာခိုင်နှုန်း၊ Trans-gender (ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားနေထိုင်သူ)က ၂၂ ရာခိုင်နှုန်းပါဝင်ကြောင်း ဒေါ်ရီနွယ်ထွန်းက အစီရင်ခံစာကို ကိုးကား၍ ပြောကြားသည်။
ယင်းအစီရင်ခံစာကို လွှတ် တော်ကိုယ်စားလှယ်များထံ ဖြန့် ဝေရန် အစီအစဉ်ရှိကြောင်း သိရ သည်။ အစီရင်ခံစာအတွက် သု တေသနပြုလုပ်သည့် တစ်နှစ်ကြာချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရှေ့နေများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပြည်မြို့မှ ရဲဌာနများ သည် LGBT အပေါ်ထားရှိသည့်အမြင်များ ပြောင်းလာသည့် အကျိုးသက်ရောက်မှုများကို မြင်ရသည်ဟု အစီရင်ခံစာထုတ်ပြန်သည့်အဖွဲ့က ဆိုသည်။
‘‘ကျွန်တော်တို့ အစီရင်ခံစာ က အစပိုင်းလေးပဲ ရှိသေးတယ်။ သေးသေးလေးပဲ။ ဒီဟာကို အခြေခံပြီးတော့ ကျန်တဲ့အဖွဲ့အစည်း တွေ၊ ကျန်တဲ့အလှူတွေ၊ တရား ဥပဒေစိုးမိုးရေးလုပ်တဲ့ လူ့အခွင့် အရေးကော်မရှင်တွေ သူတို့တွေ ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကျွန်တော်တို့က သတင်းပေးတဲ့ သဘောဖြစ်ပါတယ်’’ဟု Colors Rainbow  ပရိုဂရမ်မန်နေဂျာ ကိုလှမြတ်ထွန်းက ပြောသည်။
ယင်းအစီရင်ခံစာ ထုတ်ပြန် ပွဲသို့ LGBT အရေး လူ့အခွင့်အ ရေး လှုပ်ရှားနေသည့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဥပဒေပညာ ရှင် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစီရင်ခံစာနှင့်ပတ် သက်၍ ရဲတပ်ဖွဲ့ဝင်များ၏ မှတ် ချက်ရယူရန် ရန်ကုန်တိုင်းရှိ လှိုင် သာယာ၊ တာမွေ၊ မင်္ဂလာတောင် ညွန့်နှင့် ဗိုလ်တထောင်မြို့နယ်ရှိ ရဲစခန်းများသို့ ဆက်သွယ်ရာတွင် တာဝန်ခံဖြေကြားပေးမည့်သူ မရှိ ဟု ပြန်လည်ဖြေကြားခဲ့သည်။

No comments: