Thursday, October 27, 2016

လုံခြုံ​ရေးစိတ်​မချရ​သော ​ကျေးရွာများသို့ ပညာရေးဝန်ထမ်းများ စေလွှတ်မည်​မဟုတ်​ဟုဆို

မောင်​​တော၊​ အောက်​တိုဘာ ၂၇

ဘူးသီး​တောင်​မြို့နယ်​အတွင်း ယာယီကယ်​ဆယ်​​ရေးစခန်းဖွင့်​လှစ်​ထား​သည့်​ အထကခွဲ(၁)ကို တွေ့ရစဉ်

မောင်​​တောမြို့နယ်​အတွင်း ယာယီပိတ်​ထားသည့်​ စာသင်​​ကျောင်းများပြန်​လည်​ဖွင့်​လှစ်​ရန်​ ပညာ​ရေးဝန်​ထမ်းများအား ယခုလကုန်​ ​နောက်​ဆုံးထားလာ​ရောက်​ကြရန်​ ​ခေါ်ယူထား​သော်​လည်း လုံခြုံ​ရေးစိတ်​မချရသည့်​ ​ကျေရွာများသို့ ​စေလွတ်​မည်​မဟုတ်​​ကြောင်း ​မောင်​​တောမြို့နယ်​ မြို့နယ်​ပညာ​ရေးမှူး ဦးခင်​​အောင်​က ​ပြောသည်​။

"​ဆရာ၊ ဆရာမ​တွေ ​အောက်​တိုဘာ ၃၀ ရက်​​ ​​နောက်​ဆုံးထားပြီးလာ​ရောက်​ဖို့​ခေါ်ထားပါတယ်​။ လုံခြုံ​ရေး စိတ်​ချရမှုမရှိဘဲ​တော့ ​ကျေးရွာ​တွေကို မလွတ်​ပါဘူး။ လုံခြုံ​ရေးစိတ်​ချရမှသာ ​စေလွတ်​သွားမှာပါ"ဟု ၎င်းက ပြောသည်​။

မောင်​​တော​ဒေသတွင်​ တာဝန်​ထမ်း​ဆောင်​​နေသည့်​ ဆရာ၊ ဆရာမ အများစုမှာ ရခိုင်​ပြည်​နယ်​အနှံ့မြို့နယ်​များမှဖြစ်​ပြီး လုံခြုံ​ရေးခြေအ​နေများကို စိုးရိမ်​ပူပန်​​နေကြ​ကြောင်း ပညာ​ရေးဝန်​ထမ်းများက ​ပြောဆိုကြသည်​။

"ကျွန်​​တော်​အ​နေနဲ့ နှစ်​ခါ ​တွေ့ကြုံပြီးပြီ။ ၂၀၁၂ တုန်းက တစ်ခါ။ အခုလည်း တစ်ခါ ထွက်​​ပြေးရ​ပြီးပြီ။ ကျွန်​​တော်​တို့ထက်​ ဆရာမ​တွေရဲ့လုံခြုံ​ရေးက ဘင်္ဂါလီ​ကျေးရွာမှာ ပိုပြီးစိုးရိမ်​စရာဖြစ်​ပါတယ်​"ဟု မာန်​​အောင်​မြို့နယ်​မှ ​မောင်​​တော​ဒေသတွင်​ တာဝန်​ကျ​နေသည့်​ ဆရာတစ်ဦးက ​ပြောသည်​။

ဘူးသီး​တောင်​၊ မောင်​​တောမြို့နယ်​အတွင်း ပညာ​ရေးဝန်​ထမ်း သုံး​ထောင်​ခန့်ရှိပြီး လက်​ရှိတွင်​ မြို့​ပေါ်​ကျောင်းတချို့သာ ပြန်​လည်​ဖွင့်​လှစ်​နိုင်​​သေး​ကြောင်းသိရသည်​။

မြို့​ပေါ်​ကျောင်းတချို့ပြန်​လည်​ဖွင့်​လှစ်​ခဲ့​သော်​လည်း စာသင်​​ကျောင်းများတွင်​ တိမ်း​ရှောင်​နေရသူများ ယာယီ​နေထိုင်​​နေကြရကြောင်း၊ ကျောင်းသားများ​လည်း လာ​ရောက်​မှုမရှိ​သေးသည့်အတွက် ​ကျောင်းများ ပုံမှန်​ပြန်မဖွင့်​နိုင်​​သေး​ကြောင်း ဘူးသီး​တောင်​မြို့နယ်​မှ ​ဒေသခံကို​အောင်​က ပြောသည်​။

ဓာတ်​ပုံ - ဖိုးသီဟ

No comments: