Friday, October 28, 2016

ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု ၀င်ငွေကျဆင်း

၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ပြည်ပနိုင်ငံ များသို့ ကန်ဒေါ်လာ ၂၃၈ သန်း ကျော် တန်ဖိုးရှိသည့် ကျောက်စိမ်းများ တင်ပို့ထားသော်လည်း ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ရရှိထားသည့် ကုန်သွယ်မှုပမာဏ ထက် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာနမှ သတင်းရရှိ သည်။

‘‘ပြီးခဲ့တဲ့ နှစ် ကာလတူမှာရခဲ့ တဲ့ ကုန်သွယ်မှု ပမာဏထက် သန်း ၄၀၀ ကျော်လောက် လျော့ နည်းနေတယ်။ ပြီးခဲ့တဲ့နှစ် ကာလ တူမှာ ကျောက်စိမ်းပါဝင်တဲ့ သတ္တု တွင်းထွက် တင်ပို့မှုက ကန်ဒေါ် လာ သန်း ၇၀၀ လောက်အထိ ရ ခဲ့တယ်’’ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးတစ်ဦးကပြောသည်။

 ယခု ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပနိုင်ငံများသို့ ကျောက်စိမ်း ပါဝင်သည့် သတ္တု တွင်းထွက်ပစ္စည်း ကန်ဒေါ်လာ ၃၂၈ သန်းကျော် တင်ပို့ထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန် သွယ်မှု စာရင်းများအရ သိရ သည်။ မြန်မာနိုင်ငံထွက် ကျောက် စိမ်းကို တရုတ်နိုင်ငံက အများဆုံး ၀ယ်ယူပြီး တရုတ်နိုင်ငံဘက်မှ ကျောက်စိမ်း  ၀ယ်ယူမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထား တိုးမြှင့်ခြင်းကြောင့် ယခုကဲ့သို့ ကျောက်စိမ်းတင်ပို့မှု လျော့နည်းရခြင်းဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြားသည်။

မြန်မာနိုင်ငံထွက် ကျောက် စိမ်း၏ ၉၉ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက ၀ယ်ယူနေကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံ မှ သိရသည်။

ကုန်သွယ်မှု ခြောက်လ အတွင်း ပြည်ပနိုင်ငံများသို့ ကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိသည့် ပို့ကုန်များ တင်ပို့ ထားပြီး ကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိသည့် ကုန် ပစ္စည်းများ ပြန်လည်တင်သွင်း ထားကြောင်း သိရသည်။ ခြောက် လအတွင်း ပြည်ပ နိုင်ငံများနှင့် ကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ကုန် သွယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ကုန်သွယ်မှုစာရင်းများအရ သိရသည်။

No comments: